China
ဝမ်ရိက အမေရိကန်-တရုတ် ကုန်သွယ်ရေးကောင်စီ ဒါရိုက်တာဘုတ်အဖွဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၃၀ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ အမေရိကန်-တရုတ် ကုန်သွယ်ရေးကောင်စီ ဒါရိုက်တာဘုတ်အဖွဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်နိုင်ငံ၏ အမေရိကန်အပေါ် မူဝါဒများသည် အဆက်မပြတ်မှုနှင့် တည်ငြိမ်မှုကို အစဉ်အမြဲထိန်းသိမ်းထားကြောင်း၊ မိမိတို့သည် သမ္မတ ရှီကျင့်ဖိန် အဆိုပြုထားသော အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်း အခြေခံမူ ၃ ရပ်ဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်း၍ မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်အတူ ထိတွေ့ဆက်ဆံမှု အားကောင်းစေရန်၊ လွဲမှားသောထင်မြင်ဆုံးဖြတ်မှုများကို ရှောင်ရှားရန်၊ သဘောထားကွဲလွဲမှုများကို စီမံခန့်ခွဲရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်-အမေရိကန်အနေဖြင့် ပိုမိုများပြားသော ညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်းများ တည်ဆောက်ကာ အပြန်အလှန်၏ ပင်မဖြစ်သော၊ အရေးပါသော အကျိုးစီးပွားကို လေးစားပြီး ထိပ်တိုက် ပဋိပက္ခဖြစ်မှုကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ လေးစားမှု၊ တန်းတူညီမျှမှု၊ အပြန်အလှန် အကျိုးပြုမှု အခြေခံမူများကို အရင်းခံရမည်ဖြစ်ပြီး တစ်ဖက်သတ်ဗိုလ်ကျကြီးစိုးမှု ပြုရမည်မဟုတ်ကြောင်း၊ အမေရိကန် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးအသိုင်းအဝိုင်းက တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးမှုအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးအသိုင်းအဝိုင်းအနေဖြင့် တရုတ်နိုင်ငံတွင် အခြေစိုက်ကာ နက်နက်ရှိုင်းရှိုင်း ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပြီး အမေရိကန်-တရုတ် ကုန်သွယ်ရေးကောင်စီ အနေဖြင့် အမေရိကန်-တရုတ် ဆက်ဆံရေးကို ပိုမိုအားကောင်းပြီး ဟန်ချက်ညီကာ အပြန်အလှန်အကျိုးပြုသော ဦးတည်ချက်ဆီသို့ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း အမေရိကန်ဘက်က ပြောကြားခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
王毅会见美中贸易全国委员会董事会代表团
新华社北京7月30日电 中共中央政治局委员、外交部长王毅30日在北京会见美中贸易全国委员会董事会代表团。
王毅说,中国对美政策始终保持连续性和稳定性,我们将按照习近平主席提出的相互尊重、和平共处、合作共赢三原则处理和推进中美关系。中方愿同美方加强接触、避免误判、管控分歧、探索合作。中美要建立更多沟通协商渠道,要尊重彼此核心和重大利益,避免引发对抗冲突,要本着尊重、平等、互惠原则,不搞单边霸道。望美工商界为中美关系发展和两国人民友好作出新的积极贡献。
美方表示,美工商界将继续扎根中国、深耕中国,美中贸委会愿推动美中关系朝着更加强劲、平衡、互惠的方向发展。(完)
图说:7月30日,中共中央政治局委员、外交部长王毅在北京会见美中贸易全国委员会董事会代表团。 新华社记者 高洁 摄