China
ရှီကျင့်ဖိန်နှင့် ဘရာဇီးနိုင်ငံ သမ္မတ လူလာတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဩဂုတ် ၁၂ ရက်တွင် ဖိတ်ကြားချက်အရ ဘရာဇီးနိုင်ငံ သမ္မတ လူလာနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ဆက်သွယ်ရာတွင် ရှီကျင့်ဖိန်က တရုတ်-ဘရာဇီးဆက်ဆံရေးသည် သမိုင်း၏ အကောင်းဆုံးကာလတွင် ရောက်ရှိလျက်ရှိကြောင်း၊ တရုတ်-ဘရာဇီး အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုနှင့် နှစ်နိုင်ငံ မဟာဗျူဟာချိတ်ဆက်မှု ဖော်ဆောင်ရာတွင် အစအဖွင့်ကောင်းမွန်၍ တိုးတက်မှု အဆင်ပြေချောမွေ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံနှင့်အတူ အခွင့်အလမ်းကို အမိအရဆုပ်ကိုင်၍ စုစည်းစီမံခန့်ခွဲမှုကိုမြှင့်တင်ကာ ပိုမိုများပြားသည့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ဖန်တီးသွားလိုကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံကြီးများ စည်းလုံးညီညွတ်စွာ ကိုယ်ပိုင်အင်အားတောင့်တင်းသည့်ရပ်တည်မှု စံနမူနာ တည်ထောင်၍ ပိုမိုတရားမျှတသော ကမ္ဘာကြီးနှင့် ပိုမိုစဉ်ဆက်မပြတ်ဖြစ်သော ကမ္ဘာဂြိုဟ်ကြီးအား လက်တွဲ တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူလာက ဘရာဇီးအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးအား များစွာအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ မဟာဗျူဟာချိတ်ဆက်မှုကို နက်ရှိုင်းစေကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကြီးမားစွာ တိုးတက်ရေးအတွက် တွန်းအားပေးသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
လူလာက ဘရာဇီးနှင့် အမေရိကန်၏ ဆက်ဆံရေး လတ်တလောအခြေအနေနှင့် ဘရာဇီးအနေဖြင့် မိမိအချုပ်အခြာအာဏာအား ခိုင်မာစွာ ကာကွယ်စောင့်ထိန်းသည့် အခြေခံမူရပ်တည်ချက်အား မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ကိုင်စွဲကာ လွတ်လပ်စွာကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းအား ကာကွယ်ထိန်းသိမ်း၍ နိုင်ငံတကာအရေးကိစ္စများတွင် တာဝန်ယူသည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းကို ချီးကျူးတန်ဖိုးထားကြောင်း၊ ဘရာဇီးအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ BRICS စသည့် နိုင်ငံစုံယန္တရားများတွင် ချိတ်ဆက်ညှိနှိုင်းမှုအား မြှင့်တင်ပြီး တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုလုပ်ရပ်ကို ဆန့်ကျင်ကာ နိုင်ငံအသီးသီး၏ ဘုံအကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးပြည်သူများ နိုင်ငံတော်အချုပ်အခြာအာဏာအား ကာကွယ်ခြင်း၊ ဘရာဇီး၏ မိမိကိုယ်ပိုင် တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းမှုအပေါ် ထောက်ခံအားပေးကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် စည်းလုံးညီညွတ်ပြီး တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများအား ပြတ်သားစွာ ဆန့်ကျင်သင့်ကြောင်း၊ BRICS ယန္တရားသည် ကမ္ဘာ့တောင်ဘက်ခြမ်း သဘောတူညီချက်အား စုစည်းသည့် အရေးကြီးပလက်ဖောင်းဖြစ်ကြောင်း၊ ဘရာဇီးနိုင်ငံတွင် BRICS နိုင်ငံ အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှု အောင်မြင်စွာ ကျင်းပခဲ့ခြင်းအား ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအနေဖြင့် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ထိန်းသိမ်းမှု၊ နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းအား ကာကွယ်ထိန်းသိမ်းမှု၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းမှုကို အတူလက်တွဲ ဖော်ဆောင်သင့်ကြောင်း၊ တရုတ်-ဘရာဇီးက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ဆက်လက်အတူ ရင်ဆိုင်ခြင်းဖြင့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံ (COP30) အား ဘဲလ်လန်မြို့၌ အောင်မြင်စွာ ကျင်းပနိုင်ရန် အာမခံပေး၍ “ငြိမ်းချမ်းရေးမိတ်ဖက်အဖွဲ့ငယ်” က ယူကရိန်းအကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှု အခန်းကဏ္ဍမှပါဝင်ရန် တွန်းအားပေးသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
习近平同巴西总统卢拉通电话
新华社北京8月12日电 8月12日,国家主席习近平应约同巴西总统卢拉通电话。
习近平指出,中巴关系正处于历史最好时期,中巴命运共同体建设和两国发展战略对接开局良好、进展顺利。中方愿同巴方一道,抓住机遇,加强统筹,打造更多互利合作成果,树立全球南方大国团结自强典范,携手构建更公正世界和更可持续星球。
卢拉表示,巴方高度重视对华关系,期待加强对华合作,深化战略对接,推动两国关系取得更大发展。卢拉介绍了巴西同美国关系近况以及巴方坚定维护自身主权的原则立场,赞赏中国坚持多边主义,维护自由贸易规则,在国际事务中发挥着负责任作用。巴方愿同中方加强在金砖等多边机制中的沟通协调,反对单边霸凌行径,维护各国共同利益。
习近平表示,中方支持巴西人民捍卫国家主权,支持巴方维护自身正当权益。各国应团结起来,旗帜鲜明反对单边主义、保护主义。金砖机制是凝聚全球南方共识的重要平台,祝贺巴西成功举办了金砖国家领导人会晤。全球南方国家应携手维护国际公平正义,维护国际关系基本准则,维护发展中国家的正当权益。中巴要继续共同应对全球性挑战,确保联合国气候变化贝伦大会成功,推动“和平之友”小组为政治解决乌克兰危机发挥作用。(完)
图说:5月13日下午,国家主席习近平在北京人民大会堂同来华进行国事访问的巴西总统卢拉举行会谈。 新华社记者 黄敬文 摄