Connect with us

China

ရှင်းကျန်းဒေသ ခုချဲမြို့တွင် “ရုံခု” ပူးပေါင်းဆောင်ရွက်မှု ထုတ်လုပ်ရေးလုပ်ငန်းမှတစ်ဆင့် ရှင်းကျန်း ဂိုဘီကန္တာရပြင်တွင် ခေတ်မီစိုက်ပျိုးရေးစနစ် အကောင်အထည်ဖော်နိုင်ရန် ကူညီပေး

တရုတ်နိုင်ငံ ရှင်းကျန်း အာ့ခ်စုဒေသရှိ ခုချဲမြို့ ရုံခုထုန်ရှင်းကျေးရွာတွင် စမတ်စိုက်ပျိုးရေး အပင်စက်ရုံ၌ ဟင်းရွက်များ ခူးဆွတ်နေသော ဝန်ထမ်းတစ်ဦးအား ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခုချဲ (ရှင်းကျန်း)၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်း အာ့ခ်စုဒေသရှိ ခုချဲမြို့ ရုံခုထုန်ရှင်းကျေးရွာ စမတ် စိုက်ပျိုးရေး အပင်စက်ရုံသည် ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၏ ရှင်းကျန်းအကူအညီပေးရေး အဓိကအစီအစဉ်များအနက် တစ်ခုဖြစ်သည်။ အဆိုပါစက်ရုံသည် အပင်ကြီးထွားရာပတ်ဝန်းကျင်၏ အပူချိန်၊ စိုထိုင်းဆ၊ အလင်းရောင်၊ ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုပမာဏနှင့် အာဟာရအရည် စသည့် အခြေအနေများကို စမတ်ထိန်းညှိမှုဖြင့် သီးနှံများကို တစ်နှစ်ပတ်လုံး တည်ငြိမ်စွာထုတ်လုပ်မှုဖော်ဆောင်နိုင်ခဲ့သည်။
ဤစီမံကိန်းတွင် နင်းပေါကုမ္ပဏီလုပ်ငန်းများ၏ မြေမဲ့စိုက်ပျိုးနည်းပညာနှင့် စက်ကိရိယာများကို တင်သွင်းထားပြီး ခေတ်မီစိုက်ပျိုးရေးနည်းပညာများအသုံးပြုကာ “ပိုးသတ်ဆေးကင်းစင်သော၊ သတ္တုလေးကင်းစင်သော၊ ဟော်မုန်းဓာတ်ကင်းစင်သော” အရည်အသွေးမြင့် စိုက်ပျိုးထုတ်ကုန်များကို ထုတ်လုပ်ခဲ့ရာ ၎င်းသည် ဒေသတွင်းဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက အနီးအနားရှိ ဟင်းသီးဟင်းရွက်ထောက်ပံ့ရေးကွင်းဆက်ကိုလည်း တည်ငြိမ်စေသည်။
ဤအပင်စက်ရုံစီမံကိန်းသည် “ရုံခု” ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုရလဒ်အသစ်ဖြစ်ပြီး ခုချဲဒေသ အဆောက်အအုံဆိုင်ရာ စိုက်ပျိုးရေးလုပ်ငန်း၏ အထင်ကရစီမံကိန်းလည်းဖြစ်သည်။ အနာဂတ်တွင် စိုက်ပျိုးရေးနည်းပညာများ တိုးချဲ့ရေးကို စဉ်ဆက်မပြတ် မြှင့်တင်ကာ ဒေသခံများ၏ အလုပ်အကိုင်နှင့် ထုတ်လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်း အာ့ခ်စုဒေသရှိ ခုချဲမြို့ ရုံခုထုန်ရှင်းကျေးရွာတွင် စမတ်စိုက်ပျိုးရေး အပင်စက်ရုံအား ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(Chinese Version)
新疆库车:“甬库”合作产业援疆实现戈壁滩现代农业种植
新华社照片,库车(新疆),2025年8月14日
位于新疆阿克苏地区的库车市甬库同心村智慧农业植物工厂,是浙江省宁波市对口援疆的重点项目之一。该工厂通过对植物生长环境的温度、湿度、光照、二氧化碳浓度及营养液等条件进行智能调控,实现农作物全年稳定生产。
该项目引入宁波企业的无土栽培技术和设备,采用现代化设施农业技术,生产“零农药、零重金属、零激素”的高品质农产品,不仅满足本地市场需求,也保障周边蔬菜供应链的稳定。植物工厂项目是“甬库”合作的新成果,也成为库车设施农业的标志性项目,未来将持续促进农业技术推广,带动当地村民就业和产业发展,助力乡村振兴。
图说1:8月13日,在新疆阿克苏地区库车市甬库同心村智慧农业植物工厂,工作人员在收割蔬菜。 新华社记者 刘佳琪 摄
图说2:这是8月13日在新疆阿克苏地区库车市甬库同心村拍摄的智慧农业植物工厂。新华社记者 刘佳琪 摄