China
အမှတ် ၇၃၁ တပ်ဖွဲ့ ရာဇဝတ်မှုသက်သေမှတ်တမ်းပြတိုက်က တရုတ်နိုင်ငံအား ကျူးကျော်သည့် ဂျပန်စစ်တပ်၏ ဇီဝစစ်ပွဲဆိုင်ရာ ရာဇ၀တ်မှုများကို ဖော်ထုတ်သည့် သမိုင်းစာရွက်စာတမ်းအသစ်များ ထုတ်ပြန်ခဲ့

ဟားအယ်ပင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ဩဂုတ် ၁၅ ရက်သည် ဂျပန်နိုင်ငံက ခြွင်းချက်မရှိ လက်နက်ချအညံ့ခံကြောင်းကြေညာချက် ထုတ်ပြန်ခဲ့သည့် နှစ် ၈၀ ပြည့်ဖြစ်သလို တရုတ်နိုင်ငံအား ကျူးကျော်သည့် ဂျပန်စစ်တပ် အမှတ် ၇၃၁ တပ်ဖွဲ့ ရာဇဝတ်မှုသက်သေမှတ်တမ်းပြတိုက် တည်ထောင်ခဲ့သည့် နှစ် ၄၀ ပြည့်လည်းဖြစ်သည်။ အဆိုပါပြတိုက်မှ ထုတ်ပြန်ခဲ့သော ရာဇဝတ်မှုသက်သေအသစ်၊ သမိုင်းစာရွက်စာတမ်းအသစ် တစ်သုတ်တွင် မှတ်တမ်းစာမျက်နှာ ၃,၀၁၀ မျက်နှာ၊ ဗီဒီယိုမှတ်တမ်း ၁၉၄ မိနစ် ပါဝင်ပြီး ဓာတ်ပုံ ၃၁၂ ပုံ၊ ပို့စကတ် ၁၂ ခု၊ စာစောင် ၈ စောင် အပါအဝင် ဂျပန်၏ ဇီဝစစ်ပွဲဆိုင်ရာရာဇ၀တ်မှုများကို အသေးစိတ်ဖော်ထုတ်ခဲ့သည်။
ဤအကြိမ်ထုတ်ပြန်သည့် ရာဇဝတ်မှုသက်သေအထောက်အထားများကို အဓိက အပိုင်း ၃ ပိုင်း ခွဲထားသည်။ ပထမအပိုင်းမှာဂျပန်အစိုးရအဖွဲ့အစည်းများမှ ရရှိသည့် ရာဇဝတ်မှုသက်သေစာရွက်စာတမ်းများ၊ ဒုတိယအပိုင်းမှာ အဆိုပါပြတိုက်က ၂၀၁၈ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ နိုင်ငံဖြတ်ကျော် သက်သေစုဆောင်းရရှိခဲ့သည့် အမှတ် ၇၃၁ တပ်ဖွဲ့ အဖွဲ့ဝင်ဟောင်းများ၏ နှုတ်ထွက် သက်သေပြောကြားချက်များ၊ တတိယအပိုင်းမှာ ဂျပန်နိုင်ငံ အရပ်
ဖက်မှ စုဆောင်းရရှိခဲ့သည့်ရာဇဝတ်မှုသက်သေဆိုင်ရာ သမိုင်းစာရွက်စာတမ်းများဖြစ်သည်။
ဤအကြိမ်ထုတ်ပြန်သည့် ရာဇဝတ်မှုသက်သေအသစ်၊ သမိုင်းစာရွက်စာတမ်းအသစ်များသည် ဂျပန်၏ ဇီဝစစ်ပွဲဆိုင်ရာ ရာဇ၀တ်မှုစနစ်ကို တစ်ဆင့်တိုး ဖော်ထုတ်ပြသခဲ့ပြီး ဤသည်မှာအထက်မှ အောက်သို့၊ ကြိုတင်ကြံစည်၍ ဖွဲ့စည်းစီစဉ်ထားသော နိုင်ငံအဆင့် ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း ထပ်မံသက်သေပြခဲ့ခြင်းဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံအား ကျူးကျော်သည့် ဂျပန်စစ်တပ်၏ အမှတ် ၇၃၁ တပ်ဖွဲ့ ရာဇဝတ်မှုသက်သေမှတ်တမ်းပြတိုက်က ထုတ်ပြန်ထားသည့် ရာဇဝတ်မှုသက်သေအသစ်၊ သမိုင်းစာရွက်စာတမ်းအသစ်များကို ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………….
(Chinese Version)
新华全媒+丨731部队罪证陈列馆公布新史料揭露侵华日军细菌战罪行
新华社照片,哈尔滨,2025年8月15日
当日是日本宣布无条件投降80周年,也是侵华日军第七三一部队(简称731部队)罪证陈列馆建馆40周年。该馆公布一批新罪证新史料,包括3010页档案、194分钟影像,涵盖312张照片、12张明信片、8封信件,详细揭露日本细菌战罪行。
此次公布的罪证主要分为三部分。第一部分是来自日本官方机构的罪证史料,第二部分是该馆2018年赴日本跨国取证时采集的731部队原队员口述证言,第三部分是从日本民间征集的罪证史料。
本次公布的新罪证新史料进一步揭示了日本细菌战犯罪体系,再次证明这是一场自上而下、有预谋、有组织的国家犯罪。
图说1:这是8月15日拍摄的侵华日军第七三一部队旧址(无人机照片)。新华社记者 王松 摄
图说2:这是侵华日军第七三一部队罪证陈列馆公布的新罪证新史料(8月13日摄)。 新华社记者 王松 摄