China
ဂျပန်ကျူးကျော်စစ် ရာဇဝတ်မှုများကို အမေရိကန်ဘက်က အလှတန်ဆာဆင်ပေးခြင်းမှာ သမိုင်း၏ အမှန်တရားကို ဆိုးရွားစွာ မထီမဲ့မြင် ပြုခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ဂျပန်ကျူးကျော်စစ် ရာဇဝတ်မှုများကို အမေရိကန်ဘက်က တန်ဆာဆင်ပေးခြင်းမှာ သမိုင်း၏ အမှန်တရားကို ဆိုးရွားစွာ မထီမဲ့မြင်ပြုခြင်း ဖြစ်သလို ထိခိုက်နစ်နာသည့်နိုင်ငံများမှ ပြည်သူများ၏ ခံစားချက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခြင်း ပို၍ ပင်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက ဩဂုတ် ၁၅ ရက်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ယခုရက်ပိုင်းများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က အမေရိကန်နှင့် ဂျပန်သည် ပစိဖိတ်သမုဒ္ဒရာဒေသတွင်း ပျက်သုဉ်းဖွယ်ရာ စစ်ပွဲတစ်ခုကို အဆုံးသတ်ခဲ့ပြီး နှစ်ပေါင်း ၈၀ ကြာကာလအတွင်း ပစိဖိတ်သမုဒ္ဒရာဒေသတွင်း ငြိမ်းချမ်းရေးနှင့် စည်ပင်ဝပြောရေးကို အမေရိကန်နှင့် ဂျပန် ပခုံးချင်းယှဉ်ကာ ကာကွယ်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း သက်ဆိုင်ရာပြောဆိုချက်ကို မျှဝေခဲ့ကြောင်း၊ ထို့အပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထို့အပေါ် ကျန်ပင်းက ဒုတိယကမ္ဘာစစ်ကာလအတွင်း ဖက်ဆစ်ဂျပန်များသည် ဖော်ပြ၍မကုန်ဆုံးနိုင်သော ပြစ်မှုများကို ကျူးလွန်ခဲ့ကြရာ အမေရိကန်အပါအဝင် ကမ္ဘာနိုင်ငံအသီးသီးမှ ပြည်သူများကို ပြင်းထန်သည့် ကပ်ဘေးသယ်ဆောင်ပေးခဲ့ကြောင်း၊ ဤသမိုင်းကာလကို အမေရိကန်ဘက်က “သတိမေ့ရောဂါ” ရနေပုံ ရှိကာ ဂျပန်ကျူးကျော်စစ် ရာဇဝတ်မှုများကို အလှတန်ဆာဆင်လျက်ရှိကြောင်း၊ ယင်းမှာ သမိုင်း၏အမှန်တရားအပေါ် ဆိုးရွာစွာ မထီမဲ့မြင်ပြုခြင်းဖြစ်သလို ထိခိုက်နစ်နာသည့်နိုင်ငံများမှ ပြည်သူများ၏ ခံစားချက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခြင်း ပို၍ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမေရိကန်အား ပထဝီနိုင်ငံရေး ကြံစည်မှုများကို စွန့်လွှတ်ရန်၊ မှန်ကန်သည့် ဒုတိယ ကမ္ဘာစစ် သမိုင်းအမြင်ကို လက်ကိုင်ထားရန်၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ရန်၊ လူသားမျိုးနွယ်အတွက် ပို၍ ငြိမ်းချမ်းသော အနာဂတ်ကို ကြိုးပမ်းဖော်ဆောင်ရန် တိုက်တွန်းကြောင်း ကျန်ပင်းက ပြောကြားခဲ့သည်။
ဂျပန်မီဒီယာများ၏ သတင်းအရ ယခုရက်ပိုင်းများတွင် ဂျပန်က အမေရိကန်မှ ဝယ်ယူသော F-35B ကိုယ်ပျောက်တိုက်လေယာဉ်များကို လေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက်စခန်း၌ ဖြန့်ကြက်ထားကြောင်း၊ အဆိုပါ လေယာဉ်အမျိုးအစားသည် နောက်ပိုင်းတွင် ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ Izumo အတန်းစား ဖျက်သင်္ဘောတွင် တင်ဆောင်နိုင်မည်ဖြစ်သလို ယင်းမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်က ပထမဆုံးအကြိမ်အဖြစ် သင်္ဘောတင် တိုက်လေယာဉ် ဖြန့်ကြက်မှု ဖြစ်လာမည်ဖြစ်သည်ဟု သုံးသပ်သူများက ယူဆကြကြောင်း၊ ထို့အပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု အခြားသတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
ထို့အပေါ် ကျန်ပင်းက ယခုနှစ်များတွင် ဂျပန်နိုင်ငံသည် ကာကွယ်ရေးဘတ်ဂျက်ကို များစွာ တိုးမြှင့်ကာ သင်္ဘောများအား လေယာဉ်တင်သင်္ဘော အသွင်ပြောင်းတည်ဆောက်မှုကို တွန်းအားပေးဖော်ဆောင်လျက်ရှိသလို တာဝေးပစ်ဒုံးကျည် စသည့် ထိုးစစ်ဆင်လက်နက်များကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိကာ စစ်အင်အား၊ လက်နက်အင်အား တောင့်တင်းအောင် လုပ်ဆောင်သည့် အန္တရာယ်များသော လမ်းကြောင်းတွင် လျှောက်လေဝေးလေ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝန်းက ဂျပန်၏ စကားအလှဆင်မှု၊ စစ်ရေးတိုးချဲ့ခြင်းအား ဖုံးကွယ်သည့် ပုံစံနည်းလမ်းများကို ပို၍ ရှင်းလင်းစွာ သိမြင်လာရာ ၎င်းက စစ်အာဏာရှင်ဝါဒ ဆိုးရွားသည့်လမ်းမှား ပြန်လည်လျှောက်လှမ်းနေမှုအပေါ် ပို၍ ပြင်းပြင်းထန်ထန် စိုးရိမ်လာကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ဂျပန်နိုင်ငံဘက်က ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဟူသော ကတိကဝတ်ကို လိုက်နာစောင့်ထိန်းရန်၊ စစ်ရေးလုံခြုံမှုကဏ္ဍတွင် သတိထားဆောင်ရွက်ရန်၊ လက်တွေ့လှုပ်ရှားမှုများဖြင့် အာရှအိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရယူရန် တိုက်တွန်းကြောင်း ကျန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
国防部:美方粉饰日本侵略战争罪行严重亵渎历史正义
新华社北京8月15日电(记者王春涛)国防部新闻发言人蒋斌15日在答记者问时表示,美方粉饰美化日本侵略战争罪行,是对历史正义的严重亵渎,更是对受害国人民感情的严重伤害。
有记者问,近日,美国国务院新闻发言人称,八十年前美国和日本结束了太平洋地区一场毁灭性的战争,八十年来美国和日本一直肩并肩捍卫太平洋地区的和平与繁荣。美国驻华大使馆转发了相关言论。请问发言人有何评论?
蒋斌表示,二战期间,日本法西斯犯下罄竹难书的罪行,给包括美国在内的世界各国人民带来深重灾难。美方似乎对这段历史得了“健忘症”,粉饰美化日本侵略战争罪行,这是对历史正义的严重亵渎,更是对受害国人民感情的严重伤害。
蒋斌说,今年是中国人民抗日战争暨世界反法西斯战争胜利80周年。我们敦促美方放弃地缘政治算计,秉持正确二战史观,与国际社会一道捍卫战后国际秩序,为人类争取更加和平的未来。
另有记者问,据日本媒体报道,近日日本将从美国购买的F-35B隐形战斗机部署到航空自卫队基地。有分析认为,该型飞机后续将搭载于海上自卫队“出云”级护卫舰,这将是二战后日本首次部署舰载战斗机。请问发言人有何评论?
蒋斌说,近年来,日方大幅增加防卫预算,推进舰艇航母化改造,发展远程导弹等进攻性武器,在强军扩武的危险道路上越走越远。国际社会对日方玩弄文字游戏、掩饰军事扩张的伎俩看得越来越清楚,对其重走军国主义邪路的担忧愈发强烈。
蒋斌表示,我们敦促日方恪守和平发展承诺,在军事安全领域慎重行事,以实际行动取信于亚洲邻国和国际社会。(完)