Connect with us

China

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ထုန်ရှန်းမြို့ ဝူးကျန့်မြို့နယ်လေးတွင် လူငယ် သိပ္ပံနည်းပညာ ကာနီဗယ်ပွဲတော် စတင်ဖွင့်လှစ်

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့နယ်လေး၌ ကျင်းပသည့် လူငယ်သိပ္ပံနည်းပညာ ကာနီဗယ်ပွဲတော်တွင် ကလေးငယ်များက “ဦးနှောက်ဖြင့် အရာခပ်သိမ်း ထိန်းချုပ်မှု” နည်းပညာစမ်းသပ်ချက် လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထုန်ရှန်း (ကျဲ့ကျန်း)၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ပထမအကြိမ် လူငယ်သိပ္ပံနည်းပညာ ကာနီဗယ်ပွဲတော်ကို ဩဂုတ် ၁၅ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ထုန်ရှန်းမြို့ ဝူးကျန့်မြို့နယ်လေးတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ ၁၁ ရက်ကြာ သိပ္ပံနည်းပညာပွဲတော်ကြီးတွင် တစ်ကမ္ဘာလုံးမှ လူငယ် သိပ္ပံနည်းပညာချစ်မြတ်နိုးသူပေါင်း ၄၀,၀၀၀ ကျော် စုစည်းခဲ့ရာ နှစ်ထောင်ချီ မြစ်ချောင်းနံဘေး ရှေးဟောင်းမြို့လေးက လက်ရှိနှင့် အနာဂတ်အား ချိတ်ဆက်ပေးသည့် “သိပ္ပံနည်းပညာ လက်တွေ့စမ်းသပ်ကွင်း” ဖြစ်လာခဲ့သည်။
ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ရာသက်ပန် ကျင်းပရာနေရာဖြစ်သည့် ဝူးကျန့်မြို့နယ်လေးက ယခုအကြိမ်တွင် အင်တာနက် အလင်းရောင်ခြည် ပြပွဲစင်တာ၊ အင်တာနက်နိုင်ငံတကာ ကွန်ဗန်းရှင်းစင်တာ၊ ကမ္ဘာ့အင်တာနက် သိပ္ပံနည်းပညာခန်းမ ဟူသည့် ခန်းမကြီးသုံးခုနှင့် ချိတ်ဆက်၍ လူငယ်သိပ္ပံနည်းပညာ ကာနီဗယ်ပွဲတော် ဖန်တီးကာ “ယှဉ်ပြိုင်မှု၊ သင်ယူမှု၊ ဆော့ကစားမှု” ဟူသည့် ကဏ္ဍသုံးခုဖြင့် မိတ်ဆက်ပေးခဲ့သည်။

တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်လုပ်ဆောင်ချက်စွမ်းရည်နှင့် ဉာဏ်ရည်ထည့်သွင်းမှု ဒီဇိုင်းရေးဆွဲခြင်းပြိုင်ပွဲ၊ တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်သတင်းချက်အလက် စာရိတ္တပြိုင်ပွဲ၊ တစ်နိုင်ငံလုံးဆိုင်ရာ လူငယ် ဉာဏ်ရည်တု (AI) ဆန်းသစ်တီထွင်မှု စိန်ခေါ်ပြိုင်ပွဲတို့ ကျင်းပခြင်း၊ အပြည့်အဝ ခံစားနိုင်သည့် “အနာဂတ်လက်တွေ့စမ်းသပ်ခန်း” ဖန်တီးခြင်း၊ “ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းပညာ စိတ်ကူးစိတ်သန်းစုစည်းရာနေရာ” ဖွင့်လှစ်ထားရှိခြင်း စသည်တို့ဖြင့် ထိုအခမ်းအနားပွဲက လူငယ်များအတွက် ဉာဏ်ပညာတင်ဆက်ဖော်ပြမှု၊ ဆန်းသစ်တီထွင်မှုများ နှိုးဆွမှု၊ အနာဂတ်အား ထိတွေ့မှုအတွက် အထွေထွေပလက်ဖောင်းတစ်ခု တည်ဆောက်ပေးလိုက်သည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့နယ်လေး၌ ကျင်းပသည့် လူငယ်သိပ္ပံနည်းပညာ ကာနီဗယ်ပွဲတော်တွင် ယွီစု သိပ္ပံနည်းပညာစက်ရုပ်က ပရိသတ်များအတွက် ကပြဖျော်ဖြေနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့နယ်လေး၌ ကျင်းပသည့် လူငယ်သိပ္ပံနည်းပညာ ကာနီဗယ်ပွဲတော်တွင် ကလေးငယ်နှင့် စက်ရုပ် ကျားထိုးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
浙江桐乡乌镇开启青少年科技嘉年华
新华社照片,桐乡(浙江),2025年8月17日
8月15日至25日,首届乌镇青少年科技嘉年华在浙江省桐乡市乌镇举行。这场为期11天的科技盛宴,汇聚4万余名全球青少年科技爱好者,让千年水乡古镇成为连接当下与未来的“科技体验场”。
作为世界互联网大会永久举办地,乌镇此次联动互联网之光博览中心、互联网国际会展中心、世界互联网科技馆三大场馆,打造青少年科技嘉年华,推出“赛、学、玩”三大板块,通过举办全国青少年劳动技能与智能设计大赛、全国青少年信息素养大赛、全国青少年人工智能创新挑战赛,打造沉浸式体验的“未来实验室”,开设“全球科技灵感市集”等,为青少年搭建起展示智慧、激发创新、触摸未来的综合平台。
1、8月17日,小朋友在青少年科技嘉年华上进行“脑控万物”技术体验。新华社记者 徐昱 摄
2、8月17日,在青少年科技嘉年华上,宇树科技机器人为观众进行舞蹈表演。新华社记者 徐昱 摄
3、8月17日,小朋友在青少年科技嘉年华上与机器人对弈。新华社记者 徐昱 摄