China
ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးဖြစ်ပွားမှုအတွက် ဝမ်ရိက ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar အား နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဩဂုတ် ၁၆ ရက်တွင် ပါကစ္စတန်နိုင်ငံ၌ မုတ်သုံလေကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး သဘာဝဘေးဖြစ်ပွားမှုအတွက် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar ထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ဝမ်ရိက အဆွေတော်နိုင်ငံ၌ လတ်တလောရက်ပိုင်းတွင် မုတ်သုံလေကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး သဘာဝဘေးဖြစ်ပွားခဲ့သည်ကို အံ့အားသင့်စွာကြားသိရကြောင်း၊ မိမိအနေဖြင့် ကပ်ဘေးကြောင့် သေဆုံးသူများအပေါ် အလေးအနက် ဝမ်းနည်းမိကြောင်း၊ ကပ်ဘေးသင့်ပြည်သူနှင့် သေဆုံးသူ၏ မိသားစုဝင်များကို စိတ်ရင်းစေတနာမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း ပြောကြားခဲ့သည်။
အချိန်အခါမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အနေဖြင့် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် အစဉ်အမြဲ အပြန်အလှန် ဖေးမကူညီကာ အခက်အခဲများ အတူကျော်ဖြတ်ခဲ့ကြောင်း၊ ပါကစ္စတန်နိုင်ငံအစိုးရ၏ ဦးဆောင်မှုဖြင့် ပါကစ္စတန်ပြည်သူများသည် ကပ်ဘေးကို မုချကျော်ဖြတ်နိုင်ပြီး နေရပ်ဌာနေအား အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ဝမ်ရိက ထောက်ပြပြောကြားခဲ့သည်။ (Xinhua)

ပါကစ္စတန်နိုင်ငံ Khyber Pakhtunkhwa ပြည်နယ် Buner ဒေသ၌ ရေများကြားတွင် ဖြတ်သန်းသွားလာနေသူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
王毅就巴基斯坦遭受严重降雨灾害向巴基斯坦副总理兼外长达尔致慰问电
新华社北京8月18日电 8月16日,中共中央政治局委员、外交部长王毅就巴基斯坦遭遇严重季风降雨灾害向巴基斯坦副总理兼外长达尔致慰问电。
王毅表示,惊悉贵国近日遭受季风降雨引发严重灾害,我谨对遇难者表示深切哀悼,向受灾群众和遇难者家属致以诚挚慰问。
王毅指出,作为全天候战略合作伙伴,中方始终同巴方守望相助、患难与共。相信在巴基斯坦政府的领导下,巴基斯坦人民一定能够战胜灾害,早日重建家园。(完)
1、8月16日,在巴基斯坦开伯尔-普什图省布内尔地区,挖掘机正在清理灾后现场(手机照片)。新华社发
2、8月16日,在巴基斯坦开伯尔-普什图省布内尔地区,人们涉水而行(手机照片)。新华社发