China
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၊ ရှန်းရိုခရိုင်တွင် ရိုးရာလက်မှုအနုပညာလုပ်ငန်း အဆင့်မြှင့် အသွင်ပြောင်းလဲရေးကို တွန်းအားပေး

ဖူထျန်(ဖူကျန့်)၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၊ ဖူထျန်မြို့၊ ရှန်းရိုခရိုင်သည် “တရုတ်ဂန္ထဝင်လက်မှုပစ္စည်း အိမ်သုံးပရိဘောဂမြို့တော်” အဖြစ် နိုင်ငံတစ်ဝန်းရှိ အဆင့်မြင့် သစ်နှင်းဆီ (Rosewood) ပရိဘောဂဈေးကွက်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
၂၀၂၄ ခုနှစ်တွင် ရှန်းရိုလက်မှုအနုပညာလုပ်ငန်း၏ ထုတ်လုပ်မှုတန်ဖိုးသည် ယွမ် ၇၃ ဘီလီယံကို ကျော်လွန်ခဲ့ပြီး ယင်းအနက် ဂန္ထဝင်အိမ်သုံးပရိဘောဂထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ၅၀ ဘီလီယံထက် ကျော်လွန်ကာ ဆန်းဖူ သစ်နှင်းဆီ ယဉ်ကျေးမှုနှင့် လက်မှုလုပ်ငန်းဇုန်ကို ကိုယ်စားပြုသော လုပ်ငန်းအုပ်စုများ ဖြစ်ပေါ်လာခဲ့သည်။
လတ်တလောနှစ်များတွင် ရှန်းရိုခရိုင်သည် ရိုးရာလက်မှုအနုပညာလုပ်ငန်းများကို အဆင့်မြှင့်အသွင်ပြောင်းလဲရန် တွန်းအားပေးကာ အဆင့်မြင့်စုဆောင်းမှု၊ အနုစိတ် အိမ်တွင်းအလှဆင်မှု၊ ခေတ်သစ်တရုတ်ပုံစံ ပေါ့ပေါ့ပါးပါးဇိမ်ခံဒီဇိုင်းနှင့် ယဉ်ကျေးမှုဆန်းသစ်တီထွင်မှု ပစ္စည်းငယ်များဟူသော ထုတ်ကုန်လိုင်းကြီး ၄ ခုကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ထားပြီး E-Commerce တိုက်ရိုက်ထုတ်လွှင့်မှုများမှတဆင့် နိုင်ငံတကာဈေးကွက်ကို အရှိန်အဟုန်ဖြင့် ခင်းကျင်းခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၊ ဖူထျန်မြို့၊ ရှန်းရိုခရိုင်ရှိ ဆန်းဖူဂန္ထဝင်အိမ်သုံးပရိဘောဂ ကုမ္ပဏီလီမိတက်၏ ယဉ်ကျေးမှုဆန်းသစ်တီထွင်မှုလက်ရာပစ္စည်းများ ပြသစင်တွင် သစ်သားဖြင့်ပြုလုပ်ထားသော လက်ကောက်ကို အစမ်းဝတ်ကြည့်နေသော ခရီးသွားဧည့်သည်အား ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………….
(Chinese Version)
活力中国调研行丨莆田仙游:推动传统工艺美术产业升级转型
新华社照片,莆田(福建),2025年8月18日
福建省莆田市仙游县作为“中国古典工艺家具之都”,在全国高端红木市场占据重要份额。2024年仙游工艺美术产值突破730亿元,其中古典家具产值超500亿元,形成以三福红木文化工艺产业园为代表的产业集群。近年来,仙游县推动传统工艺美术产业升级转型,明确划分了高端收藏、精品家装、新中式轻奢、文创小件四大产品线,通过电商直播加速布局海外市场。
图说1:8月18日,工人在莆田仙游三福古典家具有限公司雕刻工艺美术品。新华社记者 周义 摄
图说2:8月18日,游客在三福古典家具有限公司文创产品展示台试戴木制手串。新华社记者 周义 摄