Connect with us

China

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရွှင်ဖူရွာတွင် ပန်းဆံထိုးများက ဒီရေလှိုင်းများသဖွယ် ရှေးဟောင်းရွာများ ပြန်လည်သစ်လွင်လာစေ

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရွှင်ဖူရွာရှိ ကမာခွံနံရံအိမ်ဘေးတွင် ကျန်းဟွားဝေ (ပန်းကုံးဆံထိုး) ကိုယ်တိုင်လာရောက် တွေ့ကြုံခံစားသော ခရီးသွားဧည့်သည်တစ်ဦး ဓာတ်ပုံရိုက်ကူးနေသည်ကို ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချွမ်ကျိုး၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
ရွှင်ဖူရွာသည် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၊ ချွမ်ကျိုးပင်လယ်အော် ကျင့်ကျန်းမြစ်ဝတွင် တည်ရှိပြီး ရှေးခေတ်ပင်လယ်ရေကြောင်းပိုးလမ်းမ၏ အရေးပါသော အစမှတ်တစ်ခုဖြစ်ကာ နှစ်ပေါင်း တစ်ထောင်ကျော် သမိုင်းကြောင်းရှိသည်။
ရွှင်ဖူအမျိုးသမီးများသည် ခေါင်းပေါ်တွင် ဆံထိုးနှင့် ပန်းများပန်ဆင်သည့် ရှေးဟောင်းရိုးရာဓလေ့ကို ကျန်းဟွားဝေ (ပန်းကုံးဆံထိုး) ဟုခေါ်သည်။ ကျန်းဟွားဝေကို ပန်းကုံးနှင့် ဆံထိုးတို့ဖြင့် ဖွဲ့စည်းထားပြီး အရိုးဖြင့်ပြုလုပ်ထားသော ဆံထိုးနှင့် စံကားဖြူ၊ ကမ်မယ်လီယာ (Camellia)၊ ဂန္ဓမာ စသည့် လတ်ဆတ်သောပန်းများဖြင့် ပြုလုပ်ထားသော ပန်းကုံးများသည် ရာသီကာလနှင့် မိမိတို့နှစ်သက်ရာအလိုက် ရွှင်ဖူအမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် မရှိမဖြစ် အရာတစ်ခုဖြစ်လာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ကျန်းဟွားဝေအား ကိုယ်စားပြုသော ရွှင်ဖူအမျိုးသမီးများ၏ ဓလေ့ထုံးတမ်းများကို တရုတ်နိုင်ငံ၏ ဒုတိယအသုတ် နိုင်ငံအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် ထည့်သွင်းခဲ့သည်။
၂၀၀၅ ခုနှစ်မှစ၍ ရွှင်ဖူရွာသည် ပန်းဆံထိုး၊ ခရီးသွားဓာတ်ပုံရိုက်ပေးခြင်း၊ ပင်လယ်ပြင်နှင့်သက်ဆိုင်သော ယဉ်ကျေးမှုများလေ့လာခြင်း၊ လမ်းသွယ်တွင် စုံစည်းခြင်း၊ ရိုးရာဂီတ နားဆင်ခြင်း၊ ဇာတ်သဘင်ကြည့်ရှုခြင်း၊ စားကောင်းသောက်ဖွယ်ရာများ ခံစားခြင်းနှင့် ပျော်ရွှင်စွာဈေးဝယ်ယူခြင်း အပါအဝင် အတွေ့အကြုံ ၈ မျိုးကို မိတ်ဆက်ခဲ့ကာ ယဉ်ကျေးမှုဆန်းသစ်တီထွင်မှု၊ အစားအသောက်နှင့် ဧည့်သည်တည်းခိုရာနေရာများစသည့် လုပ်ငန်းဂေဟ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခဲ့ပြီး ဒေသခံများ၏ ဝင်ငွေကို သိသိသာသာ တိုးတက်စေခဲ့သည်။ လက်ရှိတွင် ရွှင်ဖူရွာတွင် ခရီးသွားဓာတ်ပုံရိုက်ပေးသည့်ဆိုင်ပေါင်း ၃၀၀ နီးပါးရှိပြီး နေ့စဉ်ပျမ်းမျှ ဧည့်သည် သွားလာမှုအကြိမ်ရေ ၂၀,၀၀၀ ခန့်ရှိသည်။ ကျန်းဟွားဝေက ဆောင်ကြဉ်းပေးသော ယဉ်ကျေးမှုခရီးသွားလုပ်ငန်း အရှိန်အဟုန်သည် ရှေးဟောင်းတံငါရွာများကို အသစ်တဖန်ပြန်လည်သစ်လွင်လာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့ ရွှင်ဖူရွာတွင် လတ်ဆတ်သောပန်းကုံးရောင်းချသည့် ရွှင်ဖူအမျိုးသမီးတစ်ဦးက ပန်းကုံးပြသနေသည်ကို ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(Chinese Version)
活力中国调研行|福建蟳埔村:簪花如潮涌 古村焕新生
新华社照片,泉州(福建),2025年8月19日
蟳埔村位于福建泉州湾晋江入海口,是古代海上丝绸之路重要起点之一,已有千年历史。蟳埔女簪发戴花的古老民俗被称为“簪花围”。“簪花围”由花围与发簪组成,骨制的发簪和用玉兰、山茶、菊花等鲜花制作的花围,随四季时令与个人喜好,成为蟳埔女生活中不可或缺的元素。2008年,以“簪花围”为代表的蟳埔女习俗被列入第二批国家级非遗名录。
2025年以来,蟳埔村推出簪花、旅拍、问海、巷遇、听音、看戏、品鲜、乐购等“八大体验”,带动文创、餐饮、民宿等业态发展,当地居民收入显著提高。目前,蟳埔村有近300家旅拍店铺,游客日均约2万人次,“簪花围”吹起的文旅热潮东风让古老渔村焕发新生。
图说1:8月18日,体验“簪花围”的游客在蟳埔村的蚵壳厝旁拍照。新华社记者 肖潇 摄
图说2:8月18日,福建泉州蟳埔村,一名卖鲜花花围的蟳埔女在做展示。新华社记者 肖潇 摄