China
“ရှီကျင့်ဖိန်၏ လူ့အခွင့်အရေးအား လေးစားမှုနှင့် အာမခံမှုဆိုင်ရာ ပြောကြားချက်များ ကောက်နုတ်ချက်” ဥဇဘက်ဘာသာ ဗားရှင်းစာအုပ် မိတ်ဆက်ပွဲ ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ကန့်မြို့၌ ကျင်းပ

တက်ရှ်ကန့်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
“ရှီကျင့်ဖိန်၏ လူ့အခွင့်အရေးအား လေးစားမှုနှင့် အာမခံမှုဆိုင်ရာ ပြောကြားချက်များ ကောက်နုတ်ချက်” ဥဇဘက်ဘာသာ ဗားရှင်းစာအုပ် မိတ်ဆက်ပွဲနှင့် ကူးလူးဖလှယ်ဆွေးနွေးပွဲ အခမ်းအနားအား ဩဂုတ် ၁၉ ရက်တွင် ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော်တက်ရှ်ကန့်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ အမြဲတမ်းကော်မတီဝင်၊ အမျိုးသားနှင့် ဘာသာရေးကော်မတီ ဒုတိယအကြီးအကဲ၊ တရုတ်နိုင်ငံ လူ့အခွင့်အရေး လေ့လာရေးအဖွဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ကျန်ကျန့်ကော်၊ ဥဇဘက်ကစ္စတန်နိုင်ငံ အမျိုးသား လူ့အခွင့်အရေးစင်တာ ဒါရိုက်တာ Akmal Saidov ၊ ဥဇဘက်ကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယွီကျွင့် တို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး တရုတ်-ဥဇဘက်ကစ္စတန် နှစ်နိုင်ငံ နိုင်ငံရေးလောက၊ တတ်သိပညာရှင်၊ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်း၊ မီဒီယာ၊ ဥဇဘက်ကစ္စတန်အခြေစိုက် သံတမန်အဖွဲ့ ကိုယ်စားလှယ်၊ နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်နှင့် ဥဇဘက်ကစ္စတန်ရှိ တရုတ်လုပ်ငန်းကုမ္ပဏီ ကိုယ်စားလှယ်များ လူ ၃၀၀ နီးပါး တက်ရောက်ခဲ့သည်။
ကျန်ကျန့်ကော်က အမှာစကားပြောကြားရာ၌ “ရှီကျင့်ဖိန်၏ လူ့အခွင့်အရေးအား လေးစားမှုနှင့် အာမခံမှုဆိုင်ရာ ပြောကြားချက်များ ကောက်နုတ်ချက်” သည် ပြည်သူများအပေါ် ထားရှိသော နက်ရှိုင်းသည့် မေတ္တာတရားကို စုစည်းထားသော၊ ပြည့်ဝသော စီမံခန့်ခွဲမှု ဉာဏ်ပညာများပါဝင်သော၊ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှုကို ဂရုပြုသော ဩဇာအရှိန်အဝါရှိသည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း၊ ပြည်သူအားဗဟိုပြုသည့် လူ့အခွင့်အရေးအယူအဆအား အပြည့်အဝကျင့်သုံးထားပြီး ပြည်သူသည်သာအဓိကဟူသည့် တန်ဖိုးလားရာ၊ တန်းတူညီမျှစွာ အတူမျှဝေသည့် စနစ်စီမံမှုနှင့် တရားမျှတ၍ သမာသမတ်ကျသည့် နိုင်ငံတကာတာဝန်ကိုလည်း ပေါ်လွင်စေကြာင်း ပြောကြားခဲ့သည်။
အဆိုပါစာအုပ်ကို ဥဇဘက်ကစ္စတန်နိုင်ငံ၌ ဘာသာပြန်ဆို၍ ထုတ်ဝေခြင်းသည် တရုတ်-ဥဇဘက်ကစ္စတန်က သမိုင်းချင်းဆက်နွှယ်သော၊ လက်တွေ့ချင်းချိတ်ဆက်သော၊ သဘောတရားချင်းဆက်စပ်သော မြေဆီလွှာပေါ်တွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးမှုနှင့် အပြန်အလှန် လေ့လာသင်ယူမှုတစ်ကြိမ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယင်းသည် ဥဇဘက်ကစ္စတန်ပြည်သူများက တရုတ်နိုင်ငံ လူ့အခွင့်အရေးအား လေ့လာ၍ ခံစားသိရှိနိုင်ရန်အတွက် ပြတင်းပေါက်အသစ်တစ်ခု ဖွင့်လှစ်ပေးပြီး တရုတ်-ဥဇဘက်ကစ္စတန် ပညာရှင်လောကနှင့် ပြည်သူအကြား အပြန်အလှန် နားလည်သိရှိနိုင်ရန်အတွက် ပေါင်းကူးတံတားတစ်ခု တည်ဆောက်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Akmal Saidov က အမှာစကားပြောကြားရာတွင် “ရှီကျင့်ဖိန်၏ လူ့အခွင့်အရေးအား လေးစားမှုနှင့် အာမခံမှုဆိုင်ရာ ပြောကြားချက်များ ကောက်နုတ်ချက်” ဥဇဘက်ဘာသာ ဗားရှင်းစာအုပ် ပထမဆုံး ထုတ်ဝေခြင်းသည် ဥဇဘက်-တရုတ် နှစ်နိုင်ငံ ပြည်သူများက ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုနှင့် လူ့အခွင့်အရေးကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသမိုင်းတွင် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ပြီး ဤကဲ့သို့သောပူးပေါင်းဆောင်ရွက်မှုက စာမျက်နှာသစ် ဖွင့်လှစ်လိုက်သည်ကို သင်္ကေတပြုနေကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က အဆိုပြုသည့် ပြည်သူ့အကျိုးစီးပွားတိုးမြှင့်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုဖြင့် လူ့အခွင့်အရေးမြှင့်တင်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုအား အဆိုပြုရန် စသည့်အယူအဆများသည် ဥဇဘက်ကစ္စတန်-တရုတ်အတွက် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အလားအလာ ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ပြည်သူအတွက် လက်တွေ့ကျသော ဂရုပြုမှုအား ပံ့ပိုးပေးရန် ဖော်ဆောင်ပြီး အများပြည်သူများက လူမှုအသိုက်အဝန်း လူနေမှုဘဝအတွင်း ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ရန် အာမခံပေးလျက်ရှိရာ ဥဇဘက်ကစ္စတန်၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်၊ အယူအဆနှင့် နီးစပ်ကြောင်း၊ ဥဇဘက်ကစ္စတန်အနေဖြင့် လူ့အခွင့်အရေး အာမခံပေးမှုကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုးပမ်းမှုအား များစွာတန်ဖိုးထားချီးကျူးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယွီကျွင့်က အမှာစကားပြောကြားရာတွင် တရုတ်-ဥဇဘက်ကစ္စတန် နှစ်နိုင်ငံလုံးသည် မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ခေတ်မီအသွင်ပြောင်းမှုလမ်းကြောင်းထက်တွင် ခိုင်မာစွာလျှောက်လှမ်းလျက်ရှိရာ တူညီသည့် ပြောဆိုရန် အကြောင်းအရာများစွာရှိကြောင်း၊ နှစ်ဖက်က လူ့အခွင့်အရေးကဏ္ဍ၌ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာခြင်းသည် တရုတ်-ဥဇဘက်ကစ္စတန် ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်း အနှစ်သာရကို တစ်ဆင့်တိုးပြည့်ဝစေကြောင်း ပြောကြားခဲ့သည်။
ပထမအကြိမ်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် တရုတ်-ဥဇဘက်ကစ္စတန် နှစ်နိုင်ငံ ဧည့်သည်တော်များက စာအုပ်သစ်အတွက် အတူတကွဖွင့်လှစ်မိတ်ဆက်ခဲ့သည်။ ကျန်ကျန့်ကော်တို့က ဥဇဘက်ကစ္စတန် အဓိကဧည့်သည်တော်များထံ စာအုပ်သစ်အား လက်ဆောင်ပေးအပ်ခဲ့သည်။
စာအုပ်မိတ်ဆက်ပွဲအခမ်းအနားပြီးနောက် တရုတ်နှင့် ဥဇဘက်ကစ္စတန်မှ လူ့အခွင့်အရေး၊ ဥပဒေ စသည့်ကဏ္ဍ နာမည်ကျော် ကျွမ်းကျင်ပညာရှင်များနှင့် တတ်သိပညာရှင်များသည် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလမ်းကြောင်း အမျိုးစုံလင်မှုအား လေးစားခြင်းနှင့် တရုတ်-ဥဇဘက်ကစ္စတန်၊ တရုတ်-ဗဟိုအာရှ လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ကူးလူးဖလှယ် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြသည်။
“ရှီကျင့်ဖိန်၏ လူ့အခွင့်အရေးအား လေးစားမှုနှင့် အာမခံမှုဆိုင်ရာ ပြောကြားချက်များ ကောက်နုတ်ချက်” ဥဇဘက်ဘာသာ ဗားရှင်းစာအုပ်သည် အဆိုပါစာအုပ်၏ ၁၃ ခုမြောက် နိုင်ငံခြားဘာသာဗားရှင်းဖြစ်ကာ တရုတ်နိုင်ငံ နိုင်ငံခြားဘာသာစကားဖြင့် ထုတ်ဝေရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန (CICG) လက်အောက်ရှိ နိုင်ငံခြားဘာသာ ပုံနှိပ်ထုတ်ဝေရေးဌာနနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ ပုံနှိပ်ထုတ်ဝေရေးဌာနတို့ အတူတကွ ပူးပေါင်း၍ ဘာသာပြန်ဆို ထုတ်ဝေခြင်းဖြစ်သည်။ ဥဇဘက်ဘာသာ ဗားရှင်းစာအုပ် မိတ်ဆက်ပွဲကို တရုတ်နိုင်ငံ လူ့အခွင့်အရေး လေ့လာရေးအဖွဲ့၊ တရုတ်နိုင်ငံ နိုင်ငံခြားဘာသာစကားဖြင့် ထုတ်ဝေရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန (CICG) ၊ ဥဇဘက်ကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ဥဇဘက်ကစ္စတန်နိုင်ငံ အမျိုးသား လူ့အခွင့်အရေးစင်တာတို့မှ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော်တက်ရှ်ကန့်၌ “ရှီကျင့်ဖိန်၏ လူ့အခွင့်အရေးအား လေးစားမှုနှင့် အာမခံမှုဆိုင်ရာ ပြောကြားချက်များ ကောက်နုတ်ချက်” ဥဇဘက်ဘာသာ ဗားရှင်းစာအုပ် မိတ်ဆက်ပွဲနှင့် ကူးလူးဖလှယ်ဆွေးနွေးပွဲ အခမ်းအနားအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
《习近平关于尊重和保障人权论述摘编》乌兹别克文版首发式在塔什干举行
新华社塔什干8月19日电(记者李奥)《习近平关于尊重和保障人权论述摘编》乌兹别克文版首发式暨交流研讨会8月19日在乌兹别克斯坦首都塔什干举行。
全国政协常委、民族和宗教委员会副主任,中国人权研究会常务副会长蒋建国,乌兹别克斯坦国家人权中心主任阿克马尔·赛义多夫,中国驻乌兹别克斯坦大使于骏等出席活动并致辞,中乌两国政界、智库、高校、媒体,驻乌使团代表,国际组织代表以及驻乌中资企业代表等近300人参加。
蒋建国在致辞中表示,《习近平关于尊重和保障人权论述摘编》是一部凝聚深厚人民情怀、蕴含丰富治理智慧、关怀全球人权治理的权威著作,贯穿了以人民为中心的人权理念,体现了人民至上的价值取向、平等共享的制度安排以及公平正义的国际担当。该书在乌兹别克斯坦的翻译出版,是中乌在历史相通、现实联通、理念贯通的土壤上,进行的一场关于人权的对话与互鉴,希望为乌兹别克斯坦人民观察和感知中国人权打开一扇新的窗口,搭建一座中乌知识界和民众间相互理解的桥梁。
阿克马尔·赛义多夫在致辞中表示,《习近平关于尊重和保障人权论述摘编》乌兹别克文版的首发,是乌中两国在人文交流和人权保护领域合作历史上的一个重要事件,标志着这种合作开启了新的篇章。习近平主席提出的增进人民福祉、以发展促进人权、倡导全球南方团结合作等理念,将为乌中开辟广阔的合作前景。中国致力于为人民提供切实的关怀,确保广大公民广泛参与社会生活,且与乌发展目标和理念相近,乌方高度评价与中方在保障人权方面所开展的合作与努力。
于骏在致辞中表示,中乌都在沿着符合本国国情的现代化发展道路坚定前行,有许多共同语言。双方人权领域交流合作的深化,进一步充实中乌新时代全面战略伙伴关系和命运共同体内涵。
首发式上,中乌两国嘉宾共同为新书揭幕。蒋建国等向乌方主要嘉宾赠送了新书。 首发式后,来自中乌人权、法律等领域知名专家学者围绕人权与发展、人权与法治、尊重人权道路多样性以及中乌、中国-中亚人权合作等主题进行了交流研讨。
《习近平关于尊重和保障人权论述摘编》乌兹别克文版是该书的第13个外文语种,由中国外文局所属外文出版社与乌兹别克斯坦出版印刷社共同合作翻译出版。乌兹别克文版首发式活动由中国人权研究会、中国外文局、中国驻乌兹别克斯坦大使馆、乌兹别克斯坦国家人权中心共同主办。(完)
1、这是8月19日在乌兹别克斯坦首都塔什干拍摄的《习近平关于尊重和保障人权论述摘编》乌兹别克文版。新华社发(扎法尔摄)
2、这是8月19日在乌兹别克斯坦首都塔什干拍摄的《习近平关于尊重和保障人权论述摘编》乌兹别克文版首发式暨交流研讨会。新华社发(扎法尔摄)