Connect with us

China

ဆင်ဟွာသတင်းဌာန အမျိုးသား အဆင့်မြင့် ပညာရှင်အကြံပေးအဖွဲ့က တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် “တောင်တရုတ်ပင်လယ် ဖြစ်ရပ်မှန်” စီးရီး ပညာရှင်အကြံပေးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် “တောင်တရုတ်ပင်လယ် ဖြစ်ရပ်မှန်” စီးရီး ပညာရှင်အကြံပေးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးပွဲတွင် ဧည့်သည်တော်က “တောင်တရုတ်ပင်လယ် ဖြစ်ရပ်မှန်” စီးရီး ပညာရှင်အကြံပေးအဖွဲ့ အစီရင်ခံစာအား ဖတ်ရှုနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန အမျိုးသား အဆင့်မြင့် ပညာရှင်အကြံပေးအဖွဲ့သည် တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် “တောင်တရုတ်ပင်လယ် ဖြစ်ရပ်မှန်” စီးရီး ပညာရှင်အကြံပေးအဖွဲ့ အစီရင်ခံစာကို ဩဂုတ် ၂၁ ရက်တွင် တစ်ကမ္ဘာလုံးထံသို့ ထုတ်ပြန်ခဲ့သည်။
အဆိုပါအစီရင်ခံစာတွင် တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ် ကျွန်းစုများ အပေါ် နယ်မြေပိုင်နက် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် ပင်လယ်သမုဒ္ဒရာ အခွင့်အရေး၏ သမိုင်းနှင့် ဥပဒအခြေခံအား စနစ်တကျ ဖော်ပြထားပြီး ဒေသပြင်ပအင်အားစုများက “တောင်တရုတ်ပင်လယ်အရေး” တွင် ကြားဝင်ပါဝင်သည့် ဖြစ်ရပ်မှန်အား လှစ်ဟဖော်ပြထားသည့်အပြင် တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အား ငြိမ်းချမ်းသော၊ ချစ်ကြည်ရင်းနှီးသော၊ ပူးပေါင်းဆောင်ရွက်သော ပင်လယ်အဖြစ် တည်ဆောက်ရန် အဆိုပြုမှု၏ လက်တွေ့ဖော်ဆောင်မှု ရလဒ်များကို နက်ရှိုင်းစွာ အနက်အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
အဆိုပါစီးရီးအစီရင်ခံစာတွင် “စိမ်းမြသည့် ရေလှိုင်းများ၏ နက်ရှိုင်းရာတွင် တရုတ်နိုင်ငံရှိသည် – တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ် နယ်မြေပိုင်နက် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ ပင်လယ်သမုဒ္ဒရာအခွင့်အရေးနှင့်အကျိုးစီးပွား၏ သမိုင်းနှင့် ဥပဒေအထောက်အထား” ၊ “လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှု နှင့် မုသားစကား – တောင်တရုတ်ပင်လယ်အရေးတွင် ဒေသပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှု ဖြစ်ရပ်မှန်” ၊ “တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အား ငြိမ်းချမ်းသော၊ ချစ်ကြည်ရင်းနှီးသော၊ ပူးပေါင်းဆောင်ရွက်သော ပင်လယ်အဖြစ် တည်ဆောက်ခြင်း၏ လက်တွေ့ဖော်ဆောင်မှု” ဟူ၍ အစီရင်ခံစာအတွဲ သုံးခု ပါဝင်သည်။
ထိုမတိုင်မီ “တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အား ငြိမ်းချမ်းသော၊ ချစ်ကြည်ရင်းနှီးသော၊ ပူးပေါင်းဆောင်ရွက်သောပင်လယ်အဖြစ် တည်ဆောက်ခြင်း၏ လက်တွေ့ဖော်ဆောင်မှု” အစီရင်ခံစာအတွဲကို ဇွန် ၈ ရက် “ကမ္ဘာ့သမုဒ္ဒရာများနေ့” တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က ဒုတိယကမ္ဘာစစ်အလွန် နိုင်ငံတကာစည်းစနစ်နှင့် ကမ္ဘာ့အခင်းအကျင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်နိုင်ငံသည် “ကိုင်ရိုကြေညာချက်” ၊ “ပေ့ါစ်ဒမ် ကြေညာချက်” စသည်တို့အရ ဒုတိယကမ္ဘာစစ်အလွန် နိုင်ငံတကာစည်းစနစ်၏ နိုင်ငံတကာဥပဒေစာတမ်းများကို အုတ်မြစ်ချသတ်မှတ်ကာ တောင်တရုတ်ပင်လယ် ကျွန်းစုများအပေါ် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ပြန်လည်လုပ် ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင် အချုပ်အခြာအာဏာနှင့် သက်ဆိုင်ရာ အခွင့်အရေးနှင့်အကျိုးစီးပွားများသည် နိုင်ငံတကာအသိုက်အဝန်း၏ ယေဘုယျအားဖြင့် အသိအမှတ်ပြုခြင်းခံရကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။
ဒေသပြင်ပအင်အားစုများသည် “အင်ဒိုပစိဖိတ်ဒေသ” ဟူသည့်ဒေသ၌ တရုတ်နိုင်ငံအား ပစ်မှတ်ထားသည့် “နိုင်ငံကြီးအားပြိုင်မှု” စတင်ခဲ့ရာ တောင်တရုတ်ပင်လယ်အရေးကို ၎င်းတို့က တရုတ်နိုင်ငံအား တားဆီးသည့် ကိရိယာအဖြစ် အသုံးပြုခြင်းသည် ဖိလစ်ပိုင် စသည့် သက်ဆိုင်ရာ တောင်းဆိုသူနိုင်ငံများက တရုတ်နိုင်ငံအပေါ် ရန်စရန် လှုံ့ဆော်ခြင်းဖြစ်၍ တောင်တရုတ်ပင်လယ် အခြေအနေ အဆက်မပြတ် အရှိန်မြင့်တက်၊ အဆင့်မြင့်တက်မှုကို ကူညီတွန်းအားပေးသည့် အခြေခံအကြောင်းအချက်ဖြစ်သည်ဟု အစီရင်ခံစာက ယူဆသည်။
ဒေသပြင်ပအင်အားစုများက တရုတ်နိုင်ငံအား နာမည်ဖျက်၍ တားဆီးသည့် မှားယွင်းသောလုပ်ရပ်သည် ဗိုလ်ကျအနိုင်ယူမှုဖြင့် လုယူခြင်းနှင့် ထိန်းသိမ်းခြင်းအား ဗဟိုပြုထားသည့် ယနေ့ခေတ် အနောက်တိုင်း မဟာဗျူဟာအမြင်က ၎င်းအတွင်းစိတ်အပေါ် ပုံဖော်မှုကို ထင်ဟပ်စေပေသည်။
ကမ္ဘာကြီးက မတည်မငြိမ် လှုပ်ခတ်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် အမေရိကန်နှင့် အနောက်တိုင်းက တောင်တရုတ်ပင်လယ်အရေးတွင် လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှု၊ သွေးခွဲမှု စသည့် နည်းပရိယာယ် အမျိုးမျိုးကို ရှင်းလင်းအောင် ရှုမြင်သင့်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းကာ နိုင်ငံအသီးသီး ဖွံ့ဖြိုုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှုကို ဖော်ဆောင်၍ တောင်တရုတ်ပင်လယ်အား ငြိမ်းချမ်းသော၊ ချစ်ကြည်ရင်းနှီးသော၊ ပူးပေါင်းဆောင်ရွက်သော ပင်လယ်အဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း အစီရင်ခံစာက တိုက်တွန်းထားသည်။
ထိုနေ့တွင်ပင် “တောင်တရုတ်ပင်လယ် ဖြစ်ရပ်မှန်” စီးရီး ပညာရှင်အကြံပေးအဖွဲ့ အစီရင်ခံစာအား ထည့်သွင်း မှတ်တမ်းတင်ထားသည့် ဓာတ်ပုံစာအုပ် “စိမ်းမြသည့် ရေလှိုင်းများ၏ နက်ရှိုင်းရာတွင် တရုတ်နိုင်ငံရှိသည် – တောင်တရုတ်ပင်လယ် ဖြစ်ရပ်မှန်” အား ဆင်ဟွာ ပုံနှိပ်ထုတ်ဝေရေးဌာနမှ ထုတ်ဝေဖြန့်ချိခဲ့သည်။
ဆင်ဟွာသတင်းဌာန အမျိုးသား အဆင့်မြင့် ပညာရှင်အကြံပေးအဖွဲ့သည် အများပြည်သူမူဝါဒ၊ နိုင်ငံတကာမူဝါဒ သုတေသနပြုမှုကို အဓိကလေ့လာမှုဦးတည်ချက်အဖြစ် ထားရှိထားပြီး လတ်တလောနှစ်ပိုင်းတွင် ပြည်တွင်းပြည်ပ အရေးကြီးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြော်အမြင်ရှိသော၊ မဟာဗျူဟာမြောက်သော၊ စုစည်းပြင်ဆင်သော သုတေသနပြုလုပ်မှုများ လုပ်ဆောင်ခဲ့ရာ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိသည့် ပညာရှင်အကြံပေးအဖွဲ့ သုတေသနရလဒ်များစွာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

“တောင်တရုတ်ပင်လယ် ဖြစ်ရပ်မှန်” စီးရီး ပညာရှင်အကြံပေးအဖွဲ့ အစီရင်ခံစာ တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာအား တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
新华社国家高端智库发布“南海真相”系列中英文智库报告
新华社北京8月21日电(记者王晖余、夏天)8月21日,新华社国家高端智库面向全球发布“南海真相”系列中英文智库报告。报告系统性阐明了中国对南海诸岛领土主权和海洋权益的历史和法理依据,揭露了域外势力插手“南海问题”的事实真相,深入解读了中国倡导将南海打造成和平、友谊、合作之海的实践成果。
系列报告包括《碧波深处有中华——中国在南海领土主权海洋权益的历史和法理依据》《挑拨、威胁、谎言——域外势力插手南海问题的事实真相》《中国将南海打造成和平、友谊、合作之海的实践》三篇分报告。
此前,《中国将南海打造成和平、友谊、合作之海的实践》分报告已于6月8日“世界海洋日”发布。
今年是中国人民抗日战争暨世界反法西斯战争胜利80周年。报告指出,80年前,作为二战后国际秩序与世界格局的一部分,中国依据《开罗宣言》《波茨坦公告》等奠定二战后国际秩序的国际法律文件,恢复对南海诸岛行使主权。中国在南海的主权和相关权益得到国际社会普遍承认。
报告认为,域外势力在所谓“印太地区”发起针对中国的“大国竞争”,将南海问题作为其遏制中国的抓手,是挑动菲律宾等相关声索国对中国发起挑衅,助推南海局势不断升温升级的根本因素。域外势力抹黑和遏制中国的错误行径,体现了以霸权争夺和维系为核心的近代西方战略观在其内心的自我投射。
报告呼吁,在世界面临动荡不安的挑战时,应看清美西方在南海问题上挑拨、威胁、离间的种种伎俩,维护地区和平稳定,实现各国发展繁荣,共同将南海打造成为和平、友谊、合作之海。
同日,收录“南海真相”系列智库报告的图书《碧波深处有中华——南海真相》由新华出版社出版发行。
新华社国家高端智库以公共政策、国际政策研究为主攻方向,近年来围绕国内外重大问题开展前瞻性、战略性、储备性研究,形成了众多具有广泛影响的智库研究成果。(完)
图说1:8月21日,与会者在北京举行的“南海真相”系列智库报告发布暨南海问题研讨会上阅读“南海真相”系列智库报告。新华社记者 李鑫 摄李鑫 摄
图说2:这是“南海真相”系列中英文智库报告。新华社记者 李鑫 摄