Connect with us

China

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူးဟော့မြို့တွင် နို့ထွက်ပစ္စည်းလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန် မြှင့်တင်ပေး

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူးဟော့မြို့ရှိ Yili Modern Intelligent Health Valley ကမ္ဘာလုံးဆိုင်ရာ စမတ်ထုတ်လုပ်မှုစံပြအခြေစိုက်စခန်းကို ကြည့်ရှုလေ့လာနေကြသော ခရီးသွားဧည့်သည်များအား ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူးဟော့၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူးဟော့မြို့သည် မြောက်လတ္တီကျု ၄၀ ဒီဂရီတွင် တည်ရှိပြီး ၎င်းကို “တရုတ်နိုင်ငံ နို့ထွက်ပစ္စည်းမြို့တော်” ဟု ခေါ်ဝေါ်ကြသည်။
မကြာသေးမီနှစ်များတွင် ဟူးဟော့မြို့သည် ဒေသတွင်းအားသာချက်များကို အသုံးချကာ နို့ထွက်ပစ္စည်းလုပ်ငန်းအား ထောက်ပံ့ပေးသည့် မူဝါဒများ ချမှတ်ခဲ့ပြီး နို့ထွက်ပစ္စည်းကုန်ချောထုတ်လုပ်ရေး ကုမ္ပဏီလုပ်ငန်းများ၊ နို့စားနွား မွေးမြူရေးခြံများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုခဲ့သည်။ ထိပ်တန်းကုမ္ပဏီလုပ်ငန်းများအား နို့ထွက်ပစ္စည်းလုပ်ငန်းဆိုင်ရာ နည်းပညာ ဆန်းသစ်တီထွင်မှုများ အားဖြည့်ရန် လမ်းညွှန်ပေးခဲ့ပြီး အလိုအလျောက်၊ စမတ်ကျ ထုတ်လုပ်မှုအဆင့်ကို မြှင့်တင်ကာ နို့ထွက်ပစ္စည်းလုပ်ငန်းကို ကိုယ်စားပြုသည့် အစိမ်းရောင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များအတွက် ကုန်ချောထုတ်လုပ်မှုလုပ်ငန်း အစုအဝေးကို တည်ဆောက်ရန် အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် နို့ထွက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီလုပ်ငန်းများ၏ စီးပွားရေးအကျိုးအမြတ် မြင့်မားစေပြီး နို့ထွက်ပစ္စည်းလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဆောင်ရွက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူးဟော့မြို့ရှိ Yili Chilechuan ဂေဟစနစ်စမတ်မွေးမြူရေးခြံကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………..
(Chinese Version)
活力中国调研行|内蒙古呼和浩特:促进奶业高质量发展
新华社照片,呼和浩特,2025年8月23日
内蒙古呼和浩特市地处北纬40度的黄金奶源带,被称为“中国乳都”。近年来,呼和浩特市发挥区位优势,配套出台奶业支持政策,助力奶制品加工企业、奶牛养殖牧场发展,引导龙头企业加强奶业科技创新,提升自动化、智能化生产水平,着力打造以奶业为代表的绿色农畜产品加工产业集群,推动奶业企业经营效益提升,促进奶业高质量发展。
图说1:游客在呼和浩特市伊利现代智慧健康谷液态奶全球智造标杆基地参观(7月28日摄)。 新华社记者 李志鹏 摄
图说2:这是呼和浩特市伊利敕勒川生态智慧牧场挤奶车间(7月28日摄)。新华社记者 李志鹏 摄