China
ရှီကျင့်ဖိန်က “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” စီစဉ်ရေးဆွဲရေးလုပ်ငန်းအပေါ် အွန်လိုင်းအသုံးပြုသူများ၏ သဘောထား၊ အကြံပြုချက်များကို လေ့လာထည့်သွင်းခြင်းနှင့်စပ်လျဉ်း၍ အရေးကြီးလမ်းညွှန်ချက်ပေး

ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုရက်ပိုင်းများ၌ “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” စီစဉ်ရေးဆွဲရေးလုပ်ငန်းအပေါ် အွန်လိုင်းအသုံးပြုသူများ၏ သဘောထား၊ အကြံပြုချက်များကို လေ့လာထည့်သွင်းခြင်းနှင့်စပ်လျဉ်း၍ အရေးကြီးလမ်းညွှန်ချက်ပေးရာတွင် “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” စီစဉ်ရေးဆွဲရေးလုပ်ငန်းဆိုင်ရာ အွန်လိုင်းသဘောထားခံယူရေးလှုပ်ရှားမှုအစီအစဉ်၌ ပါဝင်မှုမြင့်မားသလို လွှမ်းခြုံသည့်ကဏ္ဍကျယ်ပြန့်ကြောင်း၊ ယင်းမှာ လုပ်ငန်းစဉ်တစ်ရပ်လုံး ပြည်သူလူထု ဒီမိုကရေစီဖြစ်ခြင်း၏ သက်ဝင်ထင်ရှားသည့် လက်တွေ့ဖော်ဆောင်မှုတစ်ခု ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ကျယ်ပြန့်များပြားလှသည့် ပြည်သူလူထုက နိုးကြားတက်ကြွစွာ အကြံကောင်းဉာဏ်ကောင်းများ ပြောကြားကြသလို အလွန်တန်ဖိုးရှိသော သဘောထားအကြံပြုချက်များစွာကို အဆိုပြုခဲ့ကြရာ သက်ဆိုင်ရာဌာနများက စေ့စပ်သေချာစွာ လေ့လာကာ ထည့်သွင်းအသုံးပြုရမည်ဖြစ်ကြောင်း၊ အလွှာအသီးသီး ပါတီကော်မတီနှင့် အစိုးရတို့က ပြည်သူ့ဗဟိုပြုမှုကို အစဉ်အမြဲ အခိုင်အမာ လက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ လူထုသဘောထား လေ့လာခြင်း၊ လူထုအသံ နားဆင်ခြင်း၊ လူထုဉာဏ်ပညာကို စုစည်းခြင်းအား ကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်ရမည်ဖြစ်ကာ တရုတ်ပုံစံခေတ်မီအသွင်ပြောင်းရေးကို တွန်းအားပေးသည့် တောင့်တင်းခိုင်မာသော စုပေါင်းအင်အားကို စုစည်းရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ သာယာလှပသောဘဝအပေါ် မျှော်မှန်းချက်အား စဉ်ဆက်မပြတ် ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ သိပ္ပံနည်းကျ ဆုံးဖြတ်ချက်ချခြင်း၊ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက်ချခြင်း၊ ဥပဒေနှင့်အညီ ဆုံးဖြတ်ချက်ချခြင်းကို အခိုင်အမာ လက်ကိုင်ထားရန်၊ “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” စီစဉ်ရေးဆွဲခြင်းလုပ်ငန်းကို အရည်အသွေးမြင့်ပြီးမြောက်စေရန် ဟူသော အရေးကြီးလမ်းညွှန်ချက်စိတ်ဓာတ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်အလို့ငှာ ယခုနှစ် မေ ၂၀ ရက်မှ ဇွန် ၂၀ ရက်အထိ “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” စီစဉ်ရေးဆွဲခြင်းလုပ်ငန်းအွန်လိုင်းသဘောထားခံယူရေး လှုပ်ရှားမှုအစီအစဉ်များကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် People’s Daily ၊ Xinhua ၊ China Media Group တို့၏ သက်ဆိုင်ရာ တရားဝင် ဝက်ဘ်ဆိုက်များ၊ News Client များ ၊ https://www.xuexi.cn ပလက်ဖောင်း စသည်တို့တွင် “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ရေးဆွဲရေး အကြံပြုခြင်း သီးသန့်ကော်လံများ အသီးသီး ထားရှိကာ လူမှုအသိုက်အဝန်းတစ်ရပ်လုံး၏ သဘောထားအကြံပြုချက်များကို နားဆင်ခဲ့သည်။ ယင်းလှုပ်ရှားမှုအစီအစဉ်တွင် စုစုပေါင်းရရှိသည့် အွန်လိုင်းအသုံးပြုသူများ၏အကြံပြုချက်မှာ ၃.၁၁၃ သန်း ကျော် ရှိရာ “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” အစီအစဉ်ရေးဆွဲရေးအတွက် အကျိုးရှိသောမှီငြမ်းရာအဖြစ် ပံ့ပိုးခဲ့သည်။ (Xinhua)
——————–
(Chinese Version)
习近平就研究吸收网民对“十五五”规划编制工作意见建议作出重要指示强调 广泛深入察民情听民声汇民智 不断实现人民对美好生活的向往
新华社北京8月4日电 中共中央总书记、国家主席、中央军委主席习近平近日就研究吸收网民对“十五五”规划编制工作意见建议作出重要指示强调,“十五五”规划编制工作网络征求意见活动参与度高、覆盖面广,是全过程人民民主的一次生动实践。广大人民群众积极建言献策,提出了许多有价值的意见建议,有关部门要认真研究吸纳。各级党委和政府要始终坚持以人民为中心,广泛深入地察民情、听民声、汇民智,凝聚起推进中国式现代化的强大合力,不断实现人民对美好生活的向往。
为贯彻落实习近平总书记关于坚持科学决策、民主决策、依法决策,高质量完成“十五五”规划编制工作的重要指示精神,今年5月20日至6月20日,“十五五”规划编制工作开展网络征求意见活动,分别在人民日报、新华社、中央广播电视总台所属官网、新闻客户端以及“学习强国”学习平台开设专栏,听取全社会意见建议。活动累计收到网民建言超过311.3万条,为编制“十五五”规划提供了有益参考。(完)