China
၂၀၂၅ ခုနှစ် စီးပွားရေးလုပ်ငန်းရှင်များ Sun Island ကျွန်း နှစ်ပတ်လည်ညီလာခံတွင် “ဆန်းသစ်တီထွင်မှုဖြင့် ပြောင်းလဲမှု မြှင့်တင်ခြင်း” ကို အာရုံစိုက်

ဟားအယ်ပင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
“အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား- စမတ်ထုတ်လုပ်မှုအသစ်၊ စားသုံးမှုအသစ်နှင့် ဂေဟစနစ်အသစ်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော ၂၀၂၅ ခုနှစ် စီးပွားရေးလုပ်ငန်းရှင်များ Sun island ကျွန်း နှစ်ပတ်လည်ညီလာခံ အဓိကဖိုရမ်ကို ဩဂုတ် ၃ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့၌ ကျင်းပခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ သုတေသနနှင့် စီးပွားရေးလုပ်ငန်း စသည့် နယ်ပယ်မှ ဧည့်သည်တော်များသည် ”ရေခဲမြို့တော်” သို့ စုစည်းရောက်ရှိလာကာ စီးပွားရေးနှင့် လူမှုရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံဉာဏ်အသစ်များ ပံ့ပိုးပေးကာ အသိပညာအသစ်များ လှုံ့ဆော်ပေးပြီး စွမ်းအားအသစ်များ ဖြည့်ဆည်းပေးခဲ့ကြသည်။
ဤနှစ်ပတ်လည်ညီလာခံကို ဆင်ဟွာသတင်းဌာန၏ အမှတ်တံဆိပ်လုပ်ငန်းရုံး၊ ဆင်ဟွာကွန်ရက်၊ ဆင်ဟွာသတင်း ဟေးလုံကျန်းဌာနခွဲနှင့် ဟားအယ်ပင်း မာသျယ်အယ်ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလိမိတက်တို့မှ ကြီးမှူးကျင်းပခဲ့ပြီး အဓိကဖိုရမ်အပြင် ဒစ်ဂျစ်တယ်စမတ်စွမ်းအားဖြင့် စားသုံးမှုအသစ်ဖိုရမ်၊ ၂၀၂၅ စီးပွားရေးလုပ်ငန်းများ ESG ဖွံ့ဖြိုးရေးဖိုရမ်၊ ဝေဟင်နိမ့်စီးပွားရေးနှင့် စမတ်ထုတ်လုပ်မှု ပေါင်းစပ်ဖွံ့ဖြိုးရေးဖိုရမ်စသည့် ဖိုရမ်များနှင့် အထူးအစီအစဉ်များလည်း ကျင်းပခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့၌ ကျင်းပသော ၂၀၂၅ ခုနှစ် စီးပွားရေးလုပ်ငန်းရှင်များ Sun island ကျွန်း နှစ်ပတ်လည်ညီလာခံ ဖိုရမ်ကျင်းပရာနေရာကို ဩဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
2025企业家太阳岛年会聚焦“以新促变”
新华社照片,哈尔滨,2025年8月3日
8月3日上午,以“新质生产力:新智造 新消费 新生态”为主题的2025企业家太阳岛年会主论坛在哈尔滨举行,来自政商学研企等领域的嘉宾共赴“冰城”,为经济社会高质量发展提供新思路、激荡新智慧、注入新动能。
年会由新华社品牌工作办公室、新华网、新华社黑龙江分社、哈尔滨马迭尔文化旅游投资集团有限公司主办,在主论坛之外,还举办了数智赋能新消费论坛、2025企业ESG发展论坛、低空经济与智能制造融合发展论坛等论坛和特色活动。
图说1:这是8月2日拍摄的在哈尔滨市举行的2025企业家太阳岛年会会场外景。新华社记者 谢剑飞 摄
图说2:这是8月3日拍摄的2025企业家太阳岛年会主论坛现场。 新华社记者 王松 摄