China
တရုတ်ယူ-၂၃ အသင်း၏ အာရှဖလားခြေစစ်ပွဲစဥ်များကို ရှီးအန်း နိုင်ငံတကာဘောလုံးစင်တာတွင် လက်ခံကျင်းပမည်

ရှီးအန်း၊ တရုတ်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ရှီးအန်း နိုင်ငံတကာဘောလုံးစင်တာတွင် စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲစဥ်များမှာ ရှီးအန်း နိုင်ငံတကာဘောလုံးစင်တာ၌ ပထမဆုံးကျင်းပမည့် နိုင်ငံတကာပွဲစဥ်များအဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်သည်။
တရုတ် ယူ-၂၃ အသင်းသည် အုပ်စု (D)တွင် သြစတြေးလျ၊ တီမောလက်စ်တီ၊ မြောက်မာရီယာနာကျွန်းစုအသင်းတို့နှင့်အတူ ယှဥ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စု ၁၁ ခုမှ ထိပ်ဆုံးနေရာရသည့် ၁၁ သင်း၊ အကောင်းဆုံး ဒုတိယနေရာရသည့် ၄ သင်း၊ စုစုပေါင်း ၁၅ သင်းတို့မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အိမ်ရှင်ဆော်ဒီအာရေးဘီးယား၌ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ကစားခွင့် ရရှိမည်ဖြစ်သည်။
“ဒီကနေ့တော့ ရှီးအန်း နိုင်ငံတကာဘောလုံးစင်တာက ဘက်ပေါင်းစုံ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြောနိုင်ပြီဖြစ်လို့ စိတ်သက်သာရာရခဲ့ပါပြီ” ဟု ကွင်းတာဝန်ခံဖြစ်သည့် ဆန်းရှီးခရီးသွားလုပ်ငန်းစုမှ သြဂုတ် ၄ ရက်၌ ထုတ်ပြန်ခဲ့သည့်အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ပရိသတ် ၆၀,၀၀၀ ဝင်ဆံ့သည့် ရှီးအန်း နိုင်ငံတကာဘောလုံးစင်တာ၏ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်အတွင်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တရုတ်ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်မှုအရ တရုတ်ယူ -၂၃ အသင်းသည် စက်တင်ဘာ ၃ ရက်တွင် တီမောလက်စ်တီအသင်းနှင့် ရှီးအန်း နိုင်ငံတကာဘောလုံးစင်တာ၌ အဖွင့်ခြေစစ်ပွဲစတင်ကစားရမည်ဟု သိရသည်။
အဆိုပါကွင်းတွင် အခမ်းအနားပွဲပေါင်းများစွာကို စမ်းသပ်ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ဒေသတွင်း ဒုတိယတန်းကလပ် ဆန်းရှီးယူနီယံအသင်းက ၄င်းတို့၏တရုတ်လိဂ်-၁ အိမ်ကွင်းပွဲစဥ်များကို မည်သည့်အချိန်တွင် လက်ခံကျင်းပနိုင်မည်ကို ကြေညာခြင်းမရှိသေးပေ။
ပရော်ဖက်ရှင်နယ်ဘောလုံးပြိုင်ပွဲများကျင်းပပြီးနောက် ကြံ့ခိုင်မှုပိုင်းဆိုင်ရာလှုပ်ရှားမှုများ၊ အပျော်တမ်း ပြိုင်ပွဲများ၊ ဖျော်ဖြေပွဲအခမ်းအနားများကို ရှီးအန်း နိုင်ငံတကာဘောလုံးစင်တာတွင် ကျင်းပနိုင်ရန်လည်း မျှော်လင့်ထားကြသည်။ (Xinhua)
…………………………..
(English Version)
Xi’an Int’l Football Center to host China’s AFC U23 Asian Cup qualifiers
XI’AN, China, Aug. 6 (Xinhua) — The Xi’an International Football Center in northwest China’s Shaanxi Province is set to host its first international matches, beginning with China’s group-stage fixtures in the 2026 AFC U23 Asian Cup qualifiers from September 3 to 9.
China will face Australia, Timor-Leste and the Northern Mariana Islands in Group D. The winners of the 11 groups and the four best runner-ups will qualify for the finals in January 2026 in Saudi Arabia.
“Today, we can say with relief that Xi’an International Football Center is all set!” read an open letter released Monday by the stadium’s operator, Shaanxi Tourism Group.
Construction on the 60,000-seat venue began in 2020. According to the Chinese Football Association, China will open its qualifying campaign against Timor-Leste on September 3 at the new stadium.
Although the venue has hosted several trial events, local second-tier side Shaanxi Union has yet to announce when it will begin playing its China League One home matches there.
Beyond professional football, the stadium is expected to host fitness activities, amateur competitions and concerts.