China
သာယာလှပသော တရုတ်နိုင်ငံသည် အိပ်မက်ဖော်ဆောင်ရာ နေရာဖြစ်သည်ဟု အာဂျင်တီးနား ကစ်ဘောက်ဆင် လက်ဝှေ့ကစားသမား ဆို

ဗျူနိုအေးရိစ်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
အာဂျင်တီးနား ကစ်ဘောက်ဆင် လက်ဝှေ့ကစားသမား Matias Garcia က ဩဂုတ် ၅ ရက်၌ တွေ့ဆုံမေးမြန်းမှု ဖြေကြားရာတွင် ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲနှင့် တရုတ်နိုင်ငံခရီးစဉ်အပေါ် မျှော်လင့်ချက်များ ပြည့်နှက်နေကြောင်း၊ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိရန် မျှော်မှန်ထားကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် ယခုအကြိမ်ပြိုင်ပွဲအပေါ် မျှော်လင့်ချက် အများကြီးထားပြီး အချိန်အကြာကြီး ပြင်ဆင်ခဲ့ပါတယ်။ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိဖို့လည်း မျှော်မှန်းထားပါတယ်” ဟု Matias Garcia က ပြောကြားခဲ့သည်။
Matias Garcia သည် ယခုနှစ်တွင် ၂၄ နှစ်အရွယ်ရှိပြီး အသက် ၄ နှစ်အရွယ်ကတည်းက ဝူရှူးပညာကို စတင်ထိတွေ့ခဲ့သည်။ ထိုစဉ်က Matias Garcia သည် အာဂျင်တီးနား အရပ်ဘက်အကကို လေ့လာသင်ယူနေချိန်ဖြစ်သည်။
“တစ်ခါက အကသင်တန်းပြီးချိန် ကျွန်တော့်အဖေနဲ့အမေက ကျွန်တော့်ကို အချိန်မီလာမကြိုလို့ ကျွန်တော်လည်း ဆက်နေပြီး တိုက်ကွမ်ဒိုအတန်းကို တစ်ချိန် ဆက်သင်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ဝူရှူးကို သဘောကျမိသွားတယ်” ဟု ၎င်းက ဆိုသည်။ “ကျွန်တော် တရုတ်နိုင်ငံကို သွားရောက်တဲ့ အိပ်မက်က ကမ္ဘာ့ချန်ပီယံ ဖြစ်ချင်လို့ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
Matias Garcia က ဒေသစံတော်ချိန် ဩဂုတ် ၆ ရက်တွင် တရုတ်နိုင်ငံသို့ စတင်သွားရောက်မည်ဖြစ်သည်။
“တရုတ်နိုင်ငံက လှပတဲ့နေရာတစ်ခုဖြစ်သလို ထူးချွန်အားကစားပုဂ္ဂိုလ်တွေရဲ့ ဇာတိလည်းဟုတ်ပါတယ်။ ဝူရှူးနဲ့ပတ်သက်တဲ့ကစားနည်း အားလုံးနီးပါးက တရုတ်နိုင်ငံကနေ စတင်တာပါ။ ဒါက အိပ်မက်ဖော်ဆောင်ရာ နေရာလည်း ဟုတ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“ပြိုင်ပွဲကြီးမှူးကျင်းပတဲ့အဖွဲ့အစည်းရဲ့ လူမှုမီဒီယာပလက်ဖောင်းမှာ ကျွန်တော်တို့ မကြာခင်သွားနေရမယ့် အားကစားသမားရွာ၊ ပြိုင်ပွဲရုံနဲ့ ကျွန်တော်တို့ယှဉ်ပြိုင်ရမယ့် ကြိုးဝိုင်းနေရာကိုလည်း တွေ့မြင်နိုင်ပါတယ်” ဟု Matias Garcia က ဆိုလျက် ၎င်းသည် တရုတ်နိုင်ငံက ပြိုင်ပွဲစီစဉ်မှုအပေါ် ယုံကြည်ချက်များ အပြည့်ရှိလျက်ဖြစ်သည်။
၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲကို ဩဂုတ် ၇ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပသွားမည်ဖြစ်ရာ တစ်ကမ္ဘာလုံးမှ အားကစားသမားပေါင်း ၄,၀၀၀ နီးပါးက ချိန်တူးမြို့၌ လာရောက်စုစည်းကြမည်ဖြစ်သည်။ ယခုအကြိမ်ပြိုင်ပွဲတွင် အားကစားနည်းကြီး ၃၄ ခု၊ ကစားနည်းခွဲ ၆၀ ခု၊ ကစားနည်းငယ် ၂၅၆ ခု သတ်မှတ်ထားပြီး အိုလံပစ်အားကစားပြိုင်ပွဲတွင် မပါဝင်သော ကစားနည်းများ အဓိကထားပါဝင်ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
成都世运会 | 阿根廷自由搏击运动员:美丽的中国是梦想之地
新华社布宜诺斯艾利斯8月6日电(记者张铎、孟鼎博)阿根廷自由搏击运动员马蒂亚斯·加西亚5日在接受采访时表示,对成都世界运动会和中国之行充满了期待,希望能赢得金牌。
“我对此次比赛的期待值非常高,已经准备了很长时间,希望能夺得金牌。”加西亚说。
加西亚今年24岁,4岁起就开始接触武术。当时,加西亚在学习阿根廷民间舞蹈。“一次舞蹈课后,由于我爸爸妈妈没有及时来接我,我就留了下来参加了一堂跆拳道课,并因此爱上了武术。”他说,“我奔向中国的梦想就是成为世界冠军。”
加西亚于当地时间8月6日启程前往中国。“中国是一个美丽的地方,也是许多杰出体育人物的故乡,几乎所有的武术项目都起源于中国,这是一个梦想之地。”他说。
“在比赛主办方的社交媒体平台上,可以看到我们将要入住的运动员村、比赛场地和我们的擂台。”加西亚说,他对中国的赛事组织充满信心。
第12届世界运动会将于8月7日至17日在成都举行,全球近4000名运动健儿齐聚蓉城。本届赛事共设34个大项、60个分项、256个小项,以非奥运会项目为主。(完)
图说:8月5日,在阿根廷布宜诺斯艾利斯,阿根廷自由搏击选手马蒂亚斯·加西亚在训练。新华社发(马丁·萨巴拉摄)