China
ကွေ့ကျိုးပြည်နယ်တွင် ခေတ်မီစွမ်းအင်စနစ် အရှိန်မြှင့်တည်ဆောက်

ကွေ့ယန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်သည် ဘက်စုံ စွမ်းအင်အခြေစိုက်စခန်း အမျိုးအစားသစ် ဖွဲ့စည်းတည်ဆောက်မှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ခေတ်မီ ကျောက်မီးသွေးသုံး ဓာတ်အားပေးယူနစ်များ တည်ဆောက်ခြင်း၊ လေအားလျှပ်စစ်နှင့် နေရောင်ခြည်သုံးလျှပ်စစ် စသည့် စွမ်းအင်သစ်လုပ်ငန်းများကို စနစ်တကျ ဖော်ဆောင်ခြင်း၊ အနောက်တောင်ဒေသတွင်း လျှပ်စစ်ဓာတ်အားဆုံချက် တည်ဆောက်မှု တွန်းအားပေးခြင်းတို့ဖြင့် သန့်ရှင်း၍ကာဗွန်နည်းသော၊ ဘေးကင်း၍ ထိရောက်မှုရှိသော ခေတ်မီစွမ်းအင်စနစ်အား ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇွန်လနှောင်းပိုင်းအထိ ကွေ့ကျိုးပြည်နယ်တွင် လျှပ်စစ်ဓာတ်အားအတွက် စုစုပေါင်းတပ်ဆင်အင်အားသည် ကီလိုဝပ် သန်း ၁၀၀ ကျော်ခဲ့ပြီး ယင်းအနက် သန့်ရှင်းစွမ်းအင် တပ်ဆင်အင်အား အချိုးအဆသည် ၆၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သတင်းထောက်က ကွေ့ကျိုးပြည်နယ် စွမ်းအင်စီမံခန့်ခွဲမှုဌာနမှ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျွမ်းရိမြို့ရှိ ဝူးကျန်းမြစ် ကို့ဖီထန်း ရေအားလျှပ်စစ်ပေးစက်ရုံကို ၂၀၂၁ ခုနှစ် ဇွန် ၂၂ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)
………………………..
(Chinese Version)
贵州加快构建现代化能源体系
新华社照片,贵阳,2025年8月6日
近年来,贵州加快构建新型综合能源基地,建设先进煤电机组,有序发展风电、光伏等新能源产业,推动建设西南区域电力枢纽,努力构建清洁低碳、安全高效的现代化能源体系。
记者从贵州省能源局获悉,截至2025年6月底,贵州电力总装机突破1亿千瓦,其中清洁能源装机占比超六成。
图说1:8月6日拍摄的国家电投贵州金元平远电厂(无人机照片)。 新华社记者 陶亮 摄
图说2:位于遵义市的乌江构皮滩水电站(2021年6月22日摄,无人机照片)。新华社记者 陶亮 摄