Connect with us

China

ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု၊ စောင့်ကြည့်ရေး အစီအစဉ်များဆိုင်ရာ သဘောတူညီချက်နှင့် စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းမှုများကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဘက်အသီးသီးမှ ကိုယ်စားလှယ်များက ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အထွေထွေကော်မတီ (GBC) အထူးအစည်းအဝေး၌ လက်တွဲ၍ စုပေါင်းဓာတ်ပုံရိုက်နေသည်ကို ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု၊ စောင့်ကြည့်ရေး အစီအစဉ်များဆိုင်ရာ သဘောတူညီချက်နှင့် စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းမှုများကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၇ ရက်တွင် ဖြေကြားခဲ့သည်။

သတင်းများအရ ဩဂုတ် ၇ ရက် ညနေပိုင်းတွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အထွေထွေကော်မတီ (GBC) အထူးအစည်းအဝေးကို မလေးရှားတွင် ကျင်းပခဲ့ပြီး ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက်သဘ် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှုယန္တရားနှင့် နောက်ဆက်တွဲအစီအစဉ်များနှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအား အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့ရာ ယင်းအပေါ် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၂၈ ရက်တွင် ကမ္ဘောဒီးယား-ထိုင်း နိုင်ငံခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှုမှ ရရှိသော သဘောတူညီမှုအရ ကမ္ဘောဒီးယား-ထိုင်းသည် နယ်စပ်အထွေထွေကော်မတီအထူးအစည်းအဝေး ကျင်းပခဲ့ကာ အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်မှု အစီအစဉ်၊ စောင့်ကြည့်မှုယန္တရားနှင့် နောက်ဆက်တွဲလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ပြီး နှစ်နိုင်ငံအတွက် ထိရောက်သောအပစ်အခတ်ရပ်စဲရေး၊ ခိုင်ခံ့၍ရေရှည်ဖြစ်သော ငြိမ်းချမ်းရေးရရှိရန် အခြေခံအုတ်မြစ်ချပေးခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ကြိုဆိုကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

လက်ရှိတွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အခြေအနေသည် စဉ်ဆက်မပြတ် ပြေလျော့မှုရှိပြီး ယင်းသည် ဆွေးနွေးညှိနှိုင်းမှုသည် အငြင်းပွားမှုဖြေရှင်းရေး၏ မှန်ကန်သောလမ်းကြောင်းဖြစ်ကြောင်း အပြည့်အဝသက်သေပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရားမျှတမှု၊ သမာသမတ်ကျမှု ရပ်တည်ချက်ကို လက်ကိုင်ထားကာ ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက် ဆွေးနွေးမှု အားကောင်းစေခြင်း၊ သဘောထားကွဲလွဲမှုများအား ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းခြင်းကို ထောက်ခံအားပေးသလို “အာဆီယံနည်းလမ်း” ဖြင့် နိုင်ငံရေးအရ ဖြေရှင်းရေးကို တွန်းအားပေးရန် ထောက်ခံအားပေးကြောင်း၊ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားလိုကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
外交部发言人就柬泰达成停火执行及监督安排答记者问
新华社北京8月7日电 外交部发言人7日就柬泰达成停火执行及监督安排答记者问。
有记者问:据报道,8月7日下午,柬埔寨—泰国边界总委员会(GBC)特别会议在马来西亚举行,柬泰双方就停火监督机制及后续安排达成共识。中方受邀参会,请问对此有何评论?
发言人说,根据7月28日柬泰领导人吉隆坡会晤共识,柬泰举行边界总委员会特别会议,就停火执行安排、监督机制及后续事项达成共识,为双方实现有效停火、巩固持久和平奠定基础。中方对此表示欢迎。
发言人说,当前,柬泰边境局势持续趋缓,这充分证明对话协商是化解纷争的正确之道。中方秉持公道公允立场,支持柬泰双方加强沟通、妥处分歧,支持以“东盟方式”推动政治解决,愿继续为柬泰和平解决边境争端发挥建设性作用。(完)
图说:8月7日,在马来西亚吉隆坡,各方代表在柬埔寨与泰国边界总委会特别会议前握手合影。新华社记者 程一恒 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.