Connect with us

China

လီချန်က စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင် ထံသို့ စင်ကာပူသမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်သည့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၅ ခုနှစ် ဇွန် ၂၃ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လောရင့်စ်ဝေါင် ထံသို့ စင်ကာပူသမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာအား ဩဂုတ် ၉ ရက်တွင် ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် လီချန်က နိုင်ငံတည်ထောင်ပြီး နှစ်ပေါင်း ၆၀ ကြာကာလတွင် စင်ကာပူနိုင်ငံသည် လူမှုစီးပွား တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာမှုအား ထိန်းသိမ်းထားနိုင်ခဲ့ရာ သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုများ ရရှိခဲ့သလို နိုင်ငံတကာဒေသတွင်းစင်မြင့်ထက်တွင် နေ့စဉ်နှင့်အမျှ အရေးကြီးလာသည့်ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-စင်ကာပူ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၃၅ နှစ်ပြည့်လည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် တရုတ်-စင်ကာပူ အစဉ်အလာ ချစ်ကြည်ရေးသည် စဉ်ဆက်မပြတ် နက်ရှိုင်းလာပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝရာ ကိုယ်စီ ခေတ်မီအသွင်ပြောင်းရေးဖြစ်စဉ်အတွက် အားကောင်းသည့် တွန်းအား ဖြည့်တင်းခဲ့ကြောင်း၊ မိမိအနေဖြင့် ဝန်ကြီးချုပ် လောရင့်စ်ဝေါင် နှင့်အတူ နီးကပ်သည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ထားရှိလိုကြောင်း၊ နှစ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုများပြားကြွယ်သော အသီးအပွင့်များ ရရှိစေရန် တွန်းအားပေးဆောင်ရွက်ပြီး နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို လက်တွဲကာကွယ်ထိန်းသိမ်းလိုကြောင်း၊ တရုတ်-စင်ကာပူ ဘက်စုံထောင့်စုံ အရည်အသွေးမြင့်သော အနာဂတ်သို့ ရှေးရှုသည့် မိတ်ဖက်ဆက်ဆံရေး၏ အနက်အဓိပ္ပာယ်ကို စဉ်ဆက်မပြတ် ပြည့်ဝအောင် ဆောင်ရွက်ကာ နှစ်နိုင်ငံပြည်သူများ၏အကျိုးကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်သွားလိုကြောင်း ၎င်းက သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။ (Xinhua)

——————-
(Chinese Version)
李强就新加坡共和国成立60周年向新加坡总理黄循财致贺电
新华社北京8月9日电 8月9日,国务院总理李强致电新加坡总理黄循财,祝贺新加坡共和国成立60周年。
李强表示,建国60年来,新加坡保持经济社会稳步发展,取得显著发展成就,在国际地区舞台上发挥着日益重要的作用。今年也是中新建交35周年。在两国领导人战略引领下,中新传统友谊不断深化,务实合作成果丰硕,为各自现代化进程注入强劲动力。我愿同黄循财总理保持密切沟通配合,推动双边关系与合作结出更多硕果,携手维护国际公平正义,不断丰富中新全方位高质量的前瞻性伙伴关系内涵,更好造福两国人民。(完)
1. 6月23日下午,国务院总理李强在北京人民大会堂同来华进行正式访问的新加坡总理黄循财举行会谈。 新华社记者 李响 摄