China
လူနေမှုဘဝ အငွေ့အသက်များဖြင့် တရုတ်နိုင်ငံ ချိန်တူးမြို့နှင့် အားကစားလောက

ချိန်တူး၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
ချိန်တူးမြို့သည် ဘုံကိုးဆင့်နတ်ပြည်မှ ဖန်တီးထားသကဲ့သို့ပင် အိမ်ထောင်စုပေါင်းထောင်သောင်းချီသည် ပန်းချီပမာ လှပလှပေသည်။ ချိန်တူးမြို့သည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၏ မြို့တော်ဖြစ်ပြီး ရှေးယခင်ကတည်းက စာပေပညာရှင်များ၏ နှစ်သက်မြတ်နိုးခြင်းခံရကာ “သုံးပန်လှပန်းမြို့တော်” ၊ “ဘရိုကိတ်မြို့တော်” စသည့် နာမည်များကိုလည်း ပိုင်ဆိုင်ထားသည်။ အဆိုပါမြို့၏ မပြောင်းလဲသော အနှစ်သာရမှာ ၎င်းသည် တရုတ်နိုင်ငံတွင် ချိန်တူးမြို့၏ လူနေမှုဘဝ အငွေ့အသက်များသည် မြို့ပြရပ်ကွက်အတွင်း စည်ကားမှုကြောင့်ပင် ဖြစ်သည်။ မိတ်ဆွေများနှင့်အတူချိန်းဆိုပြီး လက်ဖက်ရည်ကြမ်းဆိုင်တွင် အချိန်ဖြုန်းခြင်းဖြင့် ရသာမွန်စားသောက်ဖွယ်ကြားတွင် လူ့ဘဝကို ခံစားဖြတ်သန်းကြသည်။
ချိန်တူးမြို့၏ လူနေမှုဘဝအငွေ့အသက်သည် အဆိုပါမြို့၏ ပင်ကိုပါရှိသော အားလုံးပါဝင်မှုကို လက်ခံနိုင်မှုကြောင့်လည်းဖြစ်သည်။ ကုန်းတွင်းပိုင်း၌ တည်ရှိနေသော်လည်း ပူပြင်းလှသည့် နွေရာသီအချိန်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ၏ အကြီးဆုံး အခန်းတွင်းနှင်းလျှောစီးကွင်းသို့ သွားရောက်ကာ ရေခဲဆီးနှင်းလျှောစီးမှု၏ အမြန်နှုန်းကို ခံစားနိုင်သလို ကစားကွင်းထက်တွင် ပြေးလွှားကာ Flying disc ၊ Flag Football စသည့် ခေတ်မီကစားနည်းများဖြင့် တက်ကြွမှုနှင့် စိတ်အားထက်သန်မှုများကို ခံစားနိုင်သည်။
ဩဂုတ် ၇ ရက်တွင် ၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲကို ချိန်တူးမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ယင်းသည် ချိန်တူး ကမ္ဘာ့တက္ကသိုလ်များ အားကစားပြိုင်ပွဲပြီးနောက် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ၌ အကြီးစား နိုင်ငံတကာ ဘက်စုံအားကစားပြိုင်ပွဲ ထပ်မံကျင်းပခြင်းဖြစ်သည်။
အားကစားပြိုင်ပွဲသည် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းချက်ညီညီ တိုးတက်လျက်ရှိရာ အပြန်အလှန် အောင်မြင်ရန် ဖြည့်ဆည်းပေးပေသည်။ ချိန်တူးမြို့သည် မြို့ပြ၏ အပြည့်အဝ မဖော်ထုတ်ရသေးသော နေရာများကို အသုံးပြု၍ “တံခါးဝတွင် အားကစားလှုပ်ရှားမှုနေရာ” ဖန်တီးထားရာ အားကစားပန်းခြံ ၇၇ ခု အသစ်ပြုပြင် တည်ဆောက်ထားပြီး လူနေရပ်ကွက် အားကစားနေရာ ၄၀၇ ခု တည်ဆောက်ထားသည်။
၂၀၂၄ ခုနှစ်တွင် ချိန်တူးမြို့သည် နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် အမျိုးသား၊ အမျိုးသမီးအဖွဲ့ ကမ္ဘာ့ဖလား (ITTF Mixed Team World Cup) ၊ အူဘာဖလား (Uber Cup) ကြက်တောင်ရိုက်ပြိုင်ပွဲ စသည့် အရေးကြီး အားကစားပြိုင်ပွဲ ၈၀ ကျင်းပခဲ့ရာ အားကစားလုပ်ငန်း စုစုပေါင်းပမာဏသည် ယွမ် ၁၃၀ ဘီလီယံ ကျော်ခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁၂ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့သည်။ အားကစားလုပ်ငန်း စားသုံးမှု စုစုပေါင်းပမာဏသည် ယွမ် ၇၅ ဘီလီယံထက်ကျော်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၃ ရာခိုင်နှုန်း ကျော်ခဲ့သည်။
ချိန်တူးမြို့သည် အားကစားကို အချိတ်အဆက်အဖြစ် ထားရှိ၍ ချိန်တူးမြို့ လမ်းမထက်တွင် လာရောက် လျှောက်လှမ်းရင်း ရှေးဟောင်း စီချွမ်းဒေသမြို့တော်၏ နုပျိုတက်ကြွမှုစွမ်းအားကို ခံစားရန် ကမ္ဘာကြီးအား ဖိတ်ခေါ်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့ရှိ တုန်းအန်းဟူဥယျာဉ်၌ “အပျော်တမ်းပြေးပွဲ” တွင် ပါဝင်ယှဉ်ပြိုင်သော အားကစားသမားများက စမှတ်မှ တာထွက်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
(体育地理)烟火成都 运动江湖
新华社照片,成都,2025年8月8日
九天开出一成都,万户千门入画图。成都,四川省省会城市,自古以来深受文人墨客喜爱,有着“蓉城”“锦城”等别称,这座城市不曾改变的内涵是,它始终是中国最具烟火气的城市之一。
成都的烟火气来自市井生活的热闹,约上三两好友,在茶馆里消磨时光,在美食中品味人间。成都的烟火气也来自这座城市与生俱来的包容感,虽然地处内陆,但你可以在酷暑中扎进西南地区最大室内滑雪场,感受冰雪速度;也可以奔跑在球场上,在飞盘、腰旗橄榄球等新潮运动中,感受激情与活力。
8月7日,第十二届世界运动会在成都开幕。这是继成都大运会之后,我国西部地区再次举办大型国际综合性赛事。体育赛事正与城市发展同频共振,相互成就。成都利用城市“金边银角”打造“家门口的运动空间”,新建改造体育公园77个,建设社区运动角407个。
2024年,成都成功举办国际乒联混合团体世界杯、汤尤杯羽毛球赛等重大体育赛事80项,体育产业总规模突破1300亿元,同比增长约12%,体育消费总规模突破750亿元,同比增长约13%。
成都正以体育为纽带,向世界发出邀请,到成都街头走一走,感受古蜀都城的青春活力。
图说1:2023年7月14日,在成都高新区铁像寺水街,一名母亲带着儿子在玩滑板。 新华社记者 王曦 摄
图说2:2025年3月23日,在成都东安湖公园,参加“欢乐跑”的运动员们从起点出发。 新华社记者 王曦 摄