China
တရုတ်နိုင်ငံ ကန်းစုပြည်နယ် ယွီကျုံးခရိုင်တွင် ကယ်ဆယ်ရေးလမ်းကြောင်းများကို နေ့မနား၊ ညမနား အရေးပေါ် ပြုပြင်လျက်ရှိ

ယွီကျုံး (ကန်းစု)၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် စသည့်နေရာများတွင် ဩဂုတ် ၇ ရက်မှ ၈ ရက်အထိ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေ ရေကြီးရေလျှံမှု သဘာဝဘေးဖြစ်ပွားခဲ့သည်။
ဩဂုတ် ၈ ရက် ည ၆ နာရီ ၅၀ မိနစ်အထိ သဘာဝဘေးကြောင့် လူ ၁၀ ဦးသေဆုံးကာ အခြားသူ ၃၃ ဦး အဆက်အသွယ်ပြတ်နေပြီး အဆိုပါဒေသ၏ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံအချို့ကို ဆိုးရွားစွာ ပျက်စီးစေခဲ့သည်။ ကယ်ဆယ်ရေးလမ်းကြောင်းများ အမြန်ဆုံးသွားလာနိုင်ရန်အတွက် ကန်းစုပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဌာန၊ လန်ကျိုးမြို့ လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးကော်မရှင်တို့က အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များစွာ စုစည်းခဲ့ပြီး ပျက်စီးသွားသောလမ်းများကို ပြုပြင်ရန်အတွက် နေ့မနား၊ ညမနား အရေးပေါ် ပြုပြင်လျက်ရှိသည်။ (Xinhua)
…………………………
(Chinese Version)
甘肃榆中:昼夜不停抢修救援通道
新华社照片,榆中(甘肃),2025年8月9日
8月7日至8日,甘肃省兰州市榆中县等地遭遇连续强降雨,引发山洪灾害。截至8日18时50分,灾害已导致10人死亡、33人失联,并造成当地部分交通、供电、通讯等基础设施严重损毁。为尽快抢通救援通道,甘肃省交通运输厅、兰州市交通运输委员会组织多支抢险队伍,昼夜不停抢修损毁道路。
图说:8月8日,在甘肃省兰州市榆中县城关镇兴隆山村附近,抢险人员在抢修受损的道路。 新华社记者 郎兵兵 摄