Connect with us

China

SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး丨ဒြပ်မဲ့ယဉ်ကျေးမှုများဖြင့် ဧည့်သည်တော်များအား ကြိုဆို၊ ယဉ်ကျေးမှု တူစုံလက်ညီတောက်ပလျက်ရှိ

ကြိုဆိုဧည့်ခံပွဲ မစတင်မီ ဆေးရောင်ယပ်တောင် လက်တွေ့ပြုလုပ်နေသော ဧည့်သည်တော်အား ဩဂုတ် ၃၁ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖြစ်သူ ဖုန်လိယွမ်က ဩဂုတ် ၃၁ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ မေကျန်းကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ၌ ဧည့်ခံပွဲ ကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတကာ ဧည့်သည်တော်များအား ကြိုဆိုခဲ့သည်။
ဧည့်ခံပွဲမစတင်မီ တရုတ်ရိုးရာ ဒြပ်မဲ့ယဉ်ကျေးမှု လက်မှုအနုပညာများက နိုင်ငံအသီးသီးမှ ဧည့်သည်တော်များအား ဆွဲဆောင်ခဲ့ရာ ရပ်တန့်ကြည့်ရှုကာ ကိုယ်တိုင်လက်တွေ့ခံစားခဲ့ကြသည်။ ဧည့်သည်တော်များ အချင်းချင်း ရင်းနှီးစွာဆွေးနွေးဖလှယ်ခဲ့ကြပြီး သဟဇာတဖြစ်သော ဝန်းကျင်တွင် တန်းတူညီမျှမှု၊ အပြန်အလှန်လေ့လာမှု၊ ဆွေးနွေးမှုနှင့် အားလုံးပါဝင်နိုင်မှုရှိသော ယဉ်ကျေးမှုအမြင်အတွက် သက်ဝင်လှုပ်ရှားမှုရှိသော သက်သေအသစ်အဖြစ် ဖော်ကျူးရေးသားခဲ့ကြသည်။ (Xinhua)

ကြိုဆိုဧည့်ခံပွဲ မစတင်မီ ဧည့်သည်တော်များ ရင်းနှီးစွာဆွေးနွေးဖလှယ်နေကြသည်ကို ဩဂုတ် ၃၁ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
上合组织天津峰会丨非遗迎贵宾 文明共璀璨
新华社照片,天津,2025年8月31日
8月31日晚,国家主席习近平和夫人彭丽媛在天津梅江会展中心举行宴会,欢迎来华出席2025年上海合作组织峰会的国际贵宾。
宴会前,各国贵宾被中国传统非遗技艺吸引,驻足观看、上手体验,嘉宾们亲切交流,气氛融洽,为平等、互鉴、对话、包容的文明观写下新的生动见证。
图说1:8月31日晚,贵宾们在欢迎宴会前体验制作漆扇。新华社记者 毕晓洋 摄
图说2:8月31日晚,贵宾们在欢迎宴会前亲切交流。新华社记者 毕晓洋 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.