China
ဩစတြီးယားနိုင်ငံ သမ္မတနှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး

ဗီယင်နာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ဩစတြီးယားနိုင်ငံ သမ္မတ Alexander Van der Bellen သည် ဗီယင်နာမြို့၌ ဒေသစံတော်ချိန် စက်တင်ဘာ ၁၂ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Van der Bellen က ရှီကျင့်ဖိန်အပေါ် ရင်းနှီးသော နှုတ်ခွန်းဆက်စကားအား ဝမ်ရိမှ တစ်ဆင့်ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်ခဲ့ခြင်းအပေါ် ကြည်နူးစွာ ပြန်လည်သတိရပြီး တရုတ်နိုင်ငံသည် ဩစတြီးယားနိုင်ငံ၏ အာရှတိုက်ရှိ အရေးကြီး ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဩစတြီးယားနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာလက်ကိုင်ထားပြီး မည်သည့်အခြေအနေတွင်မဆို ယိမ်းယိုင်မည်မဟုတ်ကြောင်း၊ လာမည့်နှစ်သည် ဩစတြီးယား-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၅၅ နှစ်ပြည့်ဖြစ်ရာ ဩစတြီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အတူတကွ ဂုဏ်ပြုကာ ကုန်သွယ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် နှီးနှောဖလှယ်မှု နက်ရှိုင်းစေလိုကြောင်း၊ ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍများတွင် တရုတ်နိုင်ငံက ကတိကဝတ်များအတိုင်း လိုက်နာဆောင်ရွက်ပြီး ထူးချွန်သော အောင်မြင်မှုများရရှိခဲ့သည်ကို ဩစတြီးယားနိုင်ငံက လေးစားချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ အတူတကွ ထိန်းသိမ်းစောင့်ရှောက်ကာ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက သမ္မတရှီကျင့်ဖိန်၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့ပြီး အဆွေတော် သမ္မတ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်စဉ် ကာလအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များက တရုတ်- ဩစတြီးယား ချစ်ကြည်ရေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အတူတကွ အတည်ပြုခဲ့ပြီး တရုတ်- ဩစတြီးယားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံခေါင်းဆောင်တို့၏ ဦးဆောင်မှုအောက်တွင် တရုတ်- ဩစတြီးယား လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးသည် အဆက်မပြတ် နက်ရှိုင်းလာခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ရာစုနှစ်ဝက် တစ်လျှောက်တွင် ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုရလဒ်များကို တန်ဖိုးထားသင့်ပြီး လာမည့်နှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၅၅ နှစ်ပြည့်အား အခွင့်အလမ်းအဖြစ် သတ်မှတ်ကာ တရုတ်- ဩစတြီးယား ချစ်ကြည်ရေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် အနှစ်သာရအသစ် ဖြည့်တင်းရန်၊ တွန်းအားအသစ် တိုးမြှင့်ပေးရန်အတွက် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်သင့်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်သလို ကုလသမဂ္ဂထူထောင်ခြင်း နှစ် ၈၀ ပြည့်လည်းဖြစ်ရာ လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးသော သမိုင်းအချိုးအကွေ့များ တည်ရှိနေကြောင်း၊ သမိုင်းကို အမှတ်ရရန်၊ အာဇာနည်သူရဲကောင်းများကို အောက်မေ့ဂုဏ်ပြုရန်၊ ငြိမ်းချမ်းရေးကို တန်ဖိုးထားမြတ်နိုးရန်နှင့် အနာဂတ် ဖန်တီးတည်ဆောက်ရန်အတွက် တရုတ်နိုင်ငံသည် အထိမ်းအမှတ်အခမ်းအနားများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ပထမအချက်အနေဖြင့် ဒုတိယကမ္ဘာစစ်၏ မှန်ကန်သော သမိုင်းအမြင်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်၏ အရှေ့တိုင်းပင်မစစ်မျက်နှာစာအဖြစ် ကြီးမားသော အမျိုးသားရေးစတေးမှုများကို ပေးဆပ်ခဲ့ရပြီး ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ရေးအတွက် သမိုင်းဝင် အရေးပါသော ကူညီပံ့ပိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဒုတိယအချက်အနေဖြင့် ဒုတိယကမ္ဘာစစ်၏ အောင်နိုင်ခြင်း အသီးအပွင့်များကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်အား တရုတ်နိုင်ငံသို့ ပြန်လည်အပ်နှံခြင်းသည် ဒုတိယကမ္ဘာစစ် အသီးအပွင့်များ၏ အရေးပါသော အစိတ်အပိုင်းဖြစ်ရာ နိုင်ငံကို ကွဲပြဲရန် ကြံစည်သည့် မည်သည့်ကြိုးစားမှုမဆို အောင်မြင်မည် မဟုတ်ကြောင်း၊ တတိယအချက်အနေဖြင့် နိုင်ငံအသီးသီးက လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်းကို အတူလက်တွဲ ဖွဲ့စည်းတည်ဆောက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အတူတကွ အားစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဩစတြီးယားနိုင်ငံနှင့်အတူ နိုင်ငံစုံညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ယင်းအတွက် ကူညီပံ့ပိုးမှုအသစ်များ လုပ်ဆောင်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုကာလအတွင်း ဝမ်ရိသည် ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး Meinl-Reisinger နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………
(Chinese Version)
奥地利总统范德贝伦会见王毅
新华社维也纳9月12日电 当地时间2025年9月12日,奥地利总统范德贝伦在维也纳会见中共中央政治局委员、外交部长王毅。
范德贝伦请王毅转达对习近平主席的诚挚问候,愉快地忆及2018年对中国进行的国事访问,表示中国是奥地利在亚洲的重要合作伙伴,两国关系持续良好发展。奥方坚定奉行一个中国政策,任何情况下都不会动摇。明年是奥中建交55周年,奥方愿同中方共同庆祝,深化经贸投资、绿色发展、旅游文化等领域交流合作。奥方赞赏中国在应对气候变化、绿色发展等方面重信守诺,取得突出成绩,愿同中方共同维护多边主义,促进世界和平与发展。
王毅转达习近平主席的亲切问候,表示总统先生2018年访华期间,两国元首共同确立中奥友好战略伙伴关系,开启中奥关系发展新阶段。在元首外交引领下,中奥务实合作和人文交流不断深化。双方应珍视半世纪以来合作成果,以明年两国建交55周年为契机,拓展绿色经济等领域合作,为中奥友好战略伙伴关系注入新内涵、增加新动力。
王毅说,今年是二战胜利80周年,也是联合国成立80周年,人类发展处于重要历史节点。为铭记历史、缅怀先烈、珍爱和平、开创未来,中国隆重举办纪念活动。一是要弘扬二战正确史观,中国作为二战东方主战场,付出巨大民族牺牲,为世界反法西斯战争胜利作出重大历史贡献。二是要维护二战胜利成果,台湾归还中国构成二战成果重要组成部分,任何试图分裂国家的图谋都不会得逞。三是要携手各国构建人类命运共同体,共同致力于世界的和平与发展。中方愿同奥方加强多边协作,为此作出新的贡献。
访问期间,王毅还同奥地利外长迈因尔-赖辛格举行会谈。(完)
图说:9月12日,奥地利总统范德贝伦在维也纳会见中共中央政治局委员、外交部长王毅。 新华社记者 贺灿铃 摄