China
SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး၊ ရှီကျင့်ဖိန်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံဆွေးနွေး

ထျန်းကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ဧည့်ဂေဟာ၌ တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီနှင့် ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ယမန်နှစ်တွင် ကာဇန်မြို့၌ မိမိတို့ အောင်မြင်စွာ တွေ့ဆုံခဲ့ကြပြီး တရုတ်-အိန္ဒိယ ဆက်ဆံရေးသည် ပြန်လည်စတင်ကာ ရှေ့ဆက်လျှောက်လှမ်းခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ကူးလူးပူးပေါင်းဆောင်ရွက်မှုများသည် တိုးတက်မှုအသစ်များ အဆက်မပြတ် ရရှိခဲ့ကြောင်း၊ တရုတ်နှင့် အိန္ဒိယသည် အရှေ့တိုင်း ရှေးဟောင်းယဉ်ကျေးမှု နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သလို ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သော နိုင်ငံ နှစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးပါသောအဖွဲ့ဝင်များလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးပြုရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ စည်းလုံးညီညွတ်၍ ပြန်လည်ထွန်းကားရေး မြှင့်တင်ရန်၊ လူ့အဖွဲ့အစည်းတိုးတက်ရေးကို တွန်းအားပေးရန် အရေးကြီးသော တာဝန်ကို ထမ်းဆောင်ထားလျက်ရှိကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းမိတ်ဆွေကောင်း၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေသော မိတ်ဖက်များအဖြစ် ရပ်တည်ကာ “နဂါးနှင့်ဆင် ပနံသင့်စွာ အတူ ယှဉ်တွဲနေထိုင်ခြင်း” ကို အကောင်အထည်ဖော်ခြင်းသည် တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံ၏ မှန်ကန်သောရွေးချယ်မှုဖြစ်သင့်ကြောင်း ထောက်ပြခဲ့သည်။
ယခုနှစ်သည် တရုတ်-အိန္ဒိယ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် တရုတ်- အိန္ဒိယ ဆက်ဆံရေး မဟာဗျူဟာမြောက် အမြင့်နှင့် ရေရှည် ရှုထောင့်မှ ရှုမြင် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး ထျန်းကျင်းတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး စဉ်ဆက်မပြတ်ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး မြှင့်တင်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးအနက်ထား ပြောကြားခဲ့သည်။
ဦးစွာအနေဖြင့် မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုကို အားဖြည့်ကာ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ပြီး ပြိုင်ဖက်မဟုတ်သော အပြန်အလှန်၏ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းဖြစ်ပြီး ခြိမ်းခြောက်မှုမဟုတ်သော ဦးတည်ချက်ကြီးကိုသာ ထိန်းထားနိုင်လျှင် တရုတ်- အိန္ဒိယ ဆက်ဆံရေးသည် အဓိကသော့ချက်ကို ဆုပ်ကိုင်နိုင်မည်ဖြစ်ပြီး တည်ငြိမ်စွာ ရေရှည်တိုးတက်စေမည်ဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် ကူးလူးပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ပြီး အပြန်အလှန်အကျိုးပြုကာ ဘုံအကျိုးဖြစ်ထွန်းမှု ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံလုံးသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြန်လည်ထွန်းကားရေး၏ အဓိကကျသော အဆင့်တွင် တည်ရှိနေရာ ဖွံ့ဖြိုးတိုးတက်ရေးဟူသော ဤအကြီးဆုံး ဘုံဆခွဲကိန်းကို အာရုံစိုက်သင့်ပြီး အပြန်အလှန် ထောက်ခံအားပေးကာ အပြန်အလှန် မြှင့်တင်ပေး၍ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေရမည် ဖြစ်ကြောင်း၊ တတိယအနေဖြင့် အပြန်အလှန်၏ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားပြီး သဟဇာတဖြစ်စွာ နေထိုင်ရေးကို အခိုင်အမာ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ် ၇၀ ကျော်က တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံမှ ခေါင်းဆောင်ကြီးများက အဆိုပြုခဲ့သော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း အခြေခံမူငါးရပ်ကို တန်ဖိုးထားကာ မြှင့်တင်ရန် လိုအပ်ကြောင်း၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာရေးကို စုပေါင်း အားထုတ်မှုဖြင့် ထိန်းသိမ်းရမည်ဖြစ်ပြီး နယ်နိမိတ် ကိစ္စရပ်များဖြင့် တရုတ်-အိန္ဒိယဆက်ဆံရေးတစ်ခုလုံးအား အဓိပ္ပာယ်ဖွင့်ဆိုခြင်း ပြုရမည်မဟုတ်ကြောင်း၊ စတုတ္ထအနေဖြင့် နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှု အားဖြည့်ကာ ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ သမိုင်း တာဝန်ထမ်းဆောင်မှုများကို အတူတကွ ပြသကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ ထိန်းသိမ်းပြီး အရေးကြီးသော နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များတွင် ဆွေးနွေးမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ကာကွယ်ကာ ကမ္ဘာကြီး ဗဟုအသွင်ပြောင်းလဲရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းရေးကို လက်တွဲမြှင့်တင်ပြီး အာရှတိုက်မှသည် ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ရှိသင့်သော ကူညီပံ့ပိုးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
မိုဒီက မိမိနှင့် သမ္မတ ရှီကျင့်ဖိန်၏ ကာဇန်မြို့ တွေ့ဆုံဆွေးနွေးမှုက အိန္ဒိယ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်လမ်းညွှန်ပေးခဲ့ကြရာ အိန္ဒိယ-တရုတ် ဆက်ဆံရေးသည် အပြုသဘောဆောင်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းထားကာ မကြာမီတွင် တိုက်ရိုက်လေကြောင်း ပြန်လည်စတင်မည်ဖြစ်ကြောင်း၊ ဤအောင်မြင်မှုရလဒ်များသည် အိန္ဒိယ-တရုတ် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုရုံသာမက ကမ္ဘာကြီးကိုလည်း အကျိုးပြုကြောင်း၊ အိန္ဒိယနှင့် တရုတ်သည် မိတ်ဖက်ဖြစ်ပြီး ပြိုင်ဖက်မဟုတ်ကြောင်း၊ သဘောတူညီမှုသည် သဘောထားကွဲလွဲမှုထက် သာလွန်လျက်ရှိရာ အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ရေရှည်ရှုထောင့်မှ ရှုမြင်ပြီး ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများ မြင့်မားစွာ ရင်ဆိုင်နေရချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အရေးပါသော စီးပွားရေးအုပ်စုဖြစ်သော အိန္ဒိယနှင့် တရုတ်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေခြင်းသည် လွန်စွာ အရေးပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ တရားမျှတ၍ ကျိုးကြောင်းဆီလျော်မှုရှိသော၊ နှစ်ဖက်လုံးက လက်ခံနိုင်သော နယ်နိမိတ်ကိစ္စရပ် ဖြေရှင်းရေး နည်းလမ်းကို ရှာဖွေသွားလိုကြောင်း၊ အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံလုံးသည် မဟာဗျူဟာကိုယ်ပိုင်ရပ်တည်မှုနှင့် လွတ်လပ်သော သံတမန်ရေးကို အခိုင်အမာ ထိန်းသိမ်းထားပြီး နှစ်နိုင်ငံဆက်ဆံရေးသည် တတိယနိုင်ငံ၏ သက်ရောက်မှုများကို လက်ခံမည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် ၂၁ရာစုကို အာရှရာစုနှစ် အမှန်တကယ်ဖြစ်လာစေမည်ဖြစ်ပြီး နှစ်နိုင်ငံ လက်တွဲဆောင်ရွက်ခြင်းသည် နိုင်ငံတကာရေးရာများတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ အင်အားကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် အောင်မြင်စွာ တာဝန်ထမ်းဆောင်ခြင်းကို ဂုဏ်ပြုပြီး ထျန်းကျင်းထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပခြင်းကို ကြိုတင်၍ ဂုဏ်ပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ချိုက်ချီ၊ ဝမ်ရိနှင့် ချန်မင်အယ် စသည်တို့လည်း ပါဝင်ရောက်တက်ခဲ့သည်။ (Xinhua)
……………………
(Chinese Version)
上合组织天津峰会|习近平会见印度总理莫迪
新华社天津8月31日电(记者杨依军、邵香云)8月31日中午,国家主席习近平在天津迎宾馆会见来华出席2025年上海合作组织峰会的印度总理莫迪。
习近平指出,去年我们在喀山成功会晤,中印关系重启再出发,两国交往合作不断取得新进展。中国和印度是两大东方文明古国,是世界上人口最多的两个国家,也是全球南方重要成员,肩负着造福两国人民、促进发展中国家团结振兴、推动人类社会进步的重要责任。做睦邻友好的朋友、相互成就的伙伴,实现“龙象共舞”,应当是中印双方的正确选择。
习近平强调,今年是中印建交75周年。双方要从战略高度和长远角度看待和处理中印关系,通过天津会晤再提升,推动两国关系持续健康稳定发展。首先要加强战略沟通,深化彼此互信。只要把准了是合作伙伴而不是对手、互为发展机遇而不是威胁这个大方向,中印关系就能纲举目张、行稳致远。二要扩大交往合作,实现互利共赢。中印都处在发展振兴的关键阶段,应该聚焦发展这个最大公约数,相互支持、相互促进、相互成就。三要照顾彼此关切,坚持和睦相处。中印两国老一辈领导人70多年前倡导的和平共处五项原则,需要珍视和弘扬。要合力维护边境地区和平安宁,不要让边界问题定义整体中印关系。四要加强多边协作,维护共同利益。要共同展现历史担当,坚持多边主义,加强在重大国际和地区问题上的沟通和协作,捍卫国际公平正义,携手推动世界多极化和国际关系民主化,为维护亚洲乃至世界和平和繁荣作出应有贡献。
莫迪表示,我同习近平主席喀山会晤为印中关系发展指明方向,印中关系重回积极轨道,边境保持和平稳定,即将恢复直航,这些成果不仅惠及印中两国人民,也有利于世界。印中是伙伴而不是对手,共识远大于分歧,印方愿从长远角度看待和发展两国关系。面对世界经济高度不确定性,印中作为全球重要经济体,加强合作十分重要。印方愿同中方寻求公平合理、双方都能接受的边界问题解决方案。印中都坚持战略自主和独立外交,两国关系不受第三方影响,两国合作将使21世纪真正成为亚洲世纪,双方携手将在国际事务中增强多边主义的力量。祝贺中国成功担任上海合作组织轮值主席国,预祝天津峰会圆满成功。
蔡奇、王毅、陈敏尔等参加会见。(完)
图说:8月31日中午,国家主席习近平在天津迎宾馆会见来华出席2025年上海合作组织峰会的印度总理莫迪。 新华社记者 谢环驰 摄