Connect with us

China

ဝမ်ရှောင်ဟုန်က လာအို၊ နီကာရာဂွါ၊ အီသီယိုးပီးယား၊ အာမေးနီးယားတို့မှ ဧည့်သည်တော်များနှင့် သီးခြားစီ တွေ့ဆုံ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် လန်ချန်း-မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်လာသည့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Vilay Lakhamfong တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၁၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်က စက်တင်ဘာ ၁၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ လန်ချန်း-မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်လာသည့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Vilay Lakhamfong ၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (လျန်ယွင်ဆိပ်ကမ်း) ၂၀၂၅ ခုနှစ် ညီလာခံ တက်ရောက်လာသည့် နီကာရာဂွါနိုင်ငံရဲတပ်ဖွဲ့ချုပ် ပူးတွဲအကြီးအကဲ Díaz Madriz ၊ အီသီယိုးပီးယားနိုင်ငံ ဖက်ဒရယ်ရဲတပ်ဖွဲ့ကော်မရှင် ကော်မရှင်နာ Demelash Gebremichael ၊ အာမေးနီးယားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ Artur Poghosyan တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
Vilay Lakhamfong နှင့် တွေ့ဆုံစဉ်တွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့်အတူ ပါတီနှစ်ခု၊ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီမှုများကို လက်တွေ့ဖော်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးအစီအမံတို့ကို လက်တွေ့ကျင့်သုံးကာ အလွှာစုံ နှီးနှောဖလှယ်ရေးယန္တရားကို ကောင်းမွန်ပြည့်စုံစေရန်၊ တရားဥပဒေစိုးမိုးရေး လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ အွန်လိုင်း အလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု စသည့် နိုင်ငံဖြတ်ကျော် ပြစ်မှုများကို စဉ်ဆက်မပြတ် တင်းတင်းကျပ်ကျပ်နှိမ်နင်းရန်၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပိုမိုသေချာမှုများ ဖြည့်တင်းပေးရန်အတွက် ပူးတွဲလုပ်ဆောင်မှုစွမ်းရည်ကို အဆက်မပြတ်မြှင့်တင်ကာ စိန်ခေါ်မှုမျိုးစုံကို အတူတကွ ညှိနှိုင်းကိုင်တွယ်ဖြေရှင်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ Vilay က တရုတ်ဘက်နှင့်အတူ အစဉ်အလာချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းကာ တရားဥပဒေစိုးမိုးရေး လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လာအို-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို နက်နက်ရှိုင်းရှိုင်း လက်တွေ့ဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ နှစ်ဖက်သည် အစည်းအဝေးမှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။
Díaz Madriz နှင့် တွေ့ဆုံစဉ်တွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံသည် နီကာရာဂွါနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်ကြီးများ၏ အရေးပါသော သဘောတူညီမှုများကို လမ်းညွှန်မှုအဖြစ် အလွှာ၊ ကဏ္ဍအသီးသီးမှ လူပုဂ္ဂိုလ်များနှင့် နီးကပ်စွာ ကူးလူးဆက်ဆံရန်၊ ကဏ္ဍပေါင်းစုံ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေပြီး တရားဥပဒေစိုးမိုးရေး စွမ်းရည်တည်ဆောက်မှုကို အတူတကွ အားဖြည့်ရန်၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုများပြားသော အသီးအပွင့်များရရှိရန်၊ တရုတ်-နီကာရာဂွါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ အဆက်မပြတ်တက်လှမ်းမှုကို ကူညီအားဖြည့်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ဝမ်ရှောင်ဟုန်က Díaz အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ရွှေ “မဟာတံတိုင်း အထိမ်းအမှတ်တံဆိပ်” ပေးအပ်ခဲ့သည်။
Díaz က နီကာရာဂွါနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာကျင့်သုံးပြီး တရုတ်နိုင်ငံနှင့်အတူ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံ ချစ်ကြည်မှု ဆက်ဆံရေးကို ပိုမို မြင့်မားသော အဆင့်သို့ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
Demelash Gebremichael နှင့်တွေ့ဆုံစဉ်တွင် ဝမ်ရှောင်ဟုန်က နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ၏ အရေးပါသော သဘောတူညီချက်များ လမ်းညွှန်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အစီအမံကို လက်တွေ့လုပ်ဆောင်မှုများအဖြစ် ပြောင်းလဲကာ နိုင်ငံစုံ အခင်းအကျင်းများတွင် ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကာ ပြစ်မှုများ တိုက်ဖျက်ရေးစွမ်းရည်ကို အတူတကွမြှင့်တင်ရန်၊ နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများကို အဆက်မပြတ်ကြွယ်ဝစေကာ တရုတ်-အီသီယိုးပီးယား အချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုများပြားသော အသီးအပွင့်အသစ်များ ရရှိစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ Demelash က တရုတ်နိုင်ငံ၏ ရေရှည်ကူညီထောက်ပံ့မှုအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း၊ အီသီယိုးပီးယားရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို သေချာစေရန် ထိရောက်သော အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
Artur Poghosyan နှင့်တွေ့ဆုံစဉ်တွင် ဝမ်ရှောင်ဟုန်က စမှတ်အသစ်တွင် နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံရေးအာမခံချက်ပေးနိုင်ရန် တရုတ်နိုင်ငံအနေဖြင့် အာမေးနီးယားဘက်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်ကြီးများ၏ အရေးပါသော သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေး လမ်းကြောင်းများကို အတားအဆီးမရှိစေရန်၊ မူးယစ်ဆေးဝါးစသည့် နိုင်ငံဖြတ်ကျော် အဖွဲ့အစည်း ပြစ်မှုများကို အတူတကွ တိုက်ဖျက်ရန်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေး စီမံကိန်းများ၏ လုံခြုံချောမွေ့စွာ တွန်းအားပေးလုပ်ဆောင်မှုကို စုပေါင်းအင်အားဖြင့် သေချာစေရန်၊ ရဲတပ်ဖွဲ့ လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ Poghosyan ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို အထူးသုံးသပ်ချီးကျူးပြောကြားခဲ့ပြီး တရုတ်ဘက်နှင့်အတူ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (လျန်ယွင်ဆိပ်ကမ်း) ၂၀၂၅ ခုနှစ် ညီလာခံ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် နီကာရာဂွါနိုင်ငံ ရဲတပ်ဖွဲ့ချုပ် ပူးတွဲအကြီးအကဲ Díaz Madriz တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၁၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

…………………………….
(Chinese Version)
王小洪分别会见老挝、尼加拉瓜、埃塞俄比亚、亚美尼亚客人
新华社北京9月14日电(记者曹嘉玥)国务委员、公安部部长王小洪14日在京分别会见来华出席澜沧江-湄公河执法安全合作部长级会议的老挝副总理兼公安部部长威莱和出席全球公共安全合作论坛(连云港)2025年大会的尼加拉瓜国家警察总局联合局长迪亚斯、埃塞俄比亚联邦警察总署署长德梅拉什、亚美尼亚调查委员会主席波戈相。
会见威莱时,王小洪表示,中方愿同老方落实好两党两国最高领导人重要共识,践行全球安全倡议、全球治理倡议,完善多层级交流机制,深化执法安全合作,持续严厉打击网赌电诈等跨国犯罪,不断提高联合行动能力,协同应对多元威胁,为地区和平稳定注入更多确定性。威莱表示,愿同中方赓续传统友谊,深化执法安全合作,推动老中命运共同体建设走深走实。双方签署会议纪要。
会见迪亚斯时,王小洪表示,愿同尼方以落实两国领导人重要共识为指引,密切各层级人员交往,强化多边领域沟通协调,共同加强执法能力建设,推动执法安全合作取得更多成果,助力中尼战略伙伴关系不断迈上新台阶。王小洪向迪亚斯颁授中华人民共和国公安部金质“长城纪念章”。迪亚斯表示,尼方坚定恪守一个中国原则,愿同中方深化执法安全合作,推动两国友好关系向更高水平发展。
会见德梅拉什时,王小洪表示,希望双方在两国领导人重要共识引领下,将全球安全倡议、全球治理倡议转化为实际行动,强化多边场合协调,加强共建“一带一路”安保合作,共同提升打击犯罪能力,不断丰富两国执法安全合作内容,推动中埃塞全天候战略伙伴关系发展取得更多新成果。德梅拉什表示,衷心感谢中方长期以来的帮助支持,将采取有力措施确保中方在埃塞人员、机构、项目安全。
会见波戈相时,王小洪表示,中方愿同亚方落实好两国领导人重要共识,畅通执法安全沟通渠道,共同打击毒品等跨国有组织犯罪,合力保障共建“一带一路”项目安全顺利推进,深入开展警务培训合作,为在新起点上推动两国关系持续向前发展保驾护航。波戈相高度评价全球公共安全合作论坛,期待同中方深化执法安全合作。(完)
图说1:9月14日,国务委员、公安部部长王小洪在北京会见来华出席澜沧江-湄公河执法安全合作部长级会议的老挝副总理兼公安部部长威莱。 新华社记者 申宏 摄
图说2:9月14日,国务委员、公安部部长王小洪在北京会见来华出席全球公共安全合作论坛(连云港)2025年大会的尼加拉瓜国家警察总局联合局长迪亚斯。