Connect with us

China

ဟိုင်နန်ပြည်နယ်၊ ဝမ့်နင်မြို့၌ ကယ်ဆယ်ခဲ့သော လင်းပိုင် “ဝမ့်ဝမ့်” အား ပင်လယ်ထဲသို့ အောင်မြင်စွာ ပြန်လွှတ်ပေးခဲ့

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၊ ဝမ့်နင်မြို့တစ်နေရာရှိ ပင်လယ်ပြင်၌ လွတ်လပ်ပျော်ရွှင်စွာ ကူးခတ်နေသော လင်းပိုင် “ဝမ့်ဝမ့်” အား စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝမ့်နင်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၊ ဝမ့်နင်မြို့၌ သောင်တင်နေ၍ ကယ်ဆယ်ခဲ့သော လင်းပိုင် “ဝမ့်ဝမ့်” အား စက်တင်ဘာ ၁၄ ရက်တွင် ပင်လယ်ထဲသို့ အောင်မြင်စွာ ပြန်လွှတ်ပေးခဲ့သည်။
“ဝမ့်ဝမ့်” သည် လင်းပိုင်ပြောက် အထီးလေးဖြစ်ပြီး ဇွန် ၁၈ ရက်က ဝမ့်နင်မြို့ ရှန်ကျိုးကျွန်းဆွယ်အနီး ပင်လယ်ပြင်တွင် မတော်တဆ သောင်တင်ခဲ့ရာ သုံးလနီးပါး ကုသမှုနှင့် ပြန်လည်သန်စွမ်းရေး စောင့်ရှောက်မှုများ ခံယူပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ ပညာရှင်အဖွဲ့ ဆွေးနွေးမှုအရ “ဝမ့်ဝမ့်” အား ၎င်းနှင့် နေထိုင်ရန်သင့်တော်သော ဝမ့်နင်မြို့တစ်နေရာရှိ ပင်လယ်ပြင်သို့ ပို့ဆောင်ခဲ့ရာ နေရပ်သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၊ ဝမ့်နင်မြို့တစ်နေရာရှိ ပင်လယ်ပြင်၌ ကယ်ဆယ်ရေးသမားများက လင်းပိုင် “ဝမ့်ဝမ့်” အား ပင်လယ်ထဲသို့ ပြန်လွှတ်ပေးနေသည်ကို စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


………………………………
(Chinese Version)
海南万宁获救海豚“万万”成功回归大海
新华社照片,万宁(海南),2025年9月14日
9月14日,在海南万宁获救的搁浅海豚“万万”成功回归大海。据了解,“万万”为雄性点斑原海豚,6月18日在万宁神州半岛附近海域意外搁浅,经过近三个月的治疗与康复护理,已恢复健康状态,经专家组讨论后,“万万”被运往万宁一处适合其生活的海域放归,顺利回归家园。
图说1:9月14日,在海南万宁一处海域,海豚“万万”在大海中畅游。 新华社记者 张丽芸 摄
图说2:9月14日,在海南万宁一处海域,救助人员将海豚“万万”放归大海。新华社记者 张丽芸 摄