China
တောင်တရုတ်ပင်လယ်တွင် ကွဲလွဲမှုများဖြစ်ပေါ်အောင် မဟုတ်မမှန် ပြောဆိုခြင်း၊ ပြဿနာများဖန်တီးခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်အောင်လှုံ့ဆော်ခြင်းတို့ကို အမြန်ဆုံး ရပ်တန့်ရန် အမေရိကန်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဟွမ်ရန်သောင်ကျွန်းသည် တရုတ်၏ ရှိရင်းစွဲပိုင်နက်ဖြစ်ပြီး ဟွမ်ရန်သောင်ကျွန်းကို အမျိုးသားသဘာဝထိန်းသိမ်းရေးဇုန်အဖြစ် တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာအတွင်း ကိစ္စရပ်ဖြစ်ပြီး ဥပဒေနှင့်အညီ ကျိုးကြောင်းဆီလျော်မှုရှိ၍ အခြားနိုင်ငံများအနေဖြင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း၊ အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်တွင် ကွဲလွဲမှုများဖြစ်ပေါ်အောင် မဟုတ်မမှန် ပြောဆိုခြင်း၊ ပြဿနာများဖန်တီးခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်အောင်လှုံ့ဆော်ခြင်းတို့ကို အမြန်ဆုံး ရပ်တန့်ပြီး တောင်တရုတ်ပင်လယ်အား အေးချမ်းသာယာမှု ပြန်ပေးရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သည် မဟာမိတ် ဖိလစ်ပိုင်နှင့်အတူ ရပ်တည်၍ တရုတ်နိုင်ငံက ဟွမ်ရန်သောင်ကျွန်းတွင် အမျိုးသားသဘာဝထိန်းသိမ်းရေးဇုန် တည်ဆောက်ခြင်းကို ဆန့်ကျင်ကြောင်း၊ ယင်းမှာ အိမ်နီးချင်းနိုင်ငံ၏ အကျိုးစီးပွားကို စတေးခြင်းဖြင့် တောင်တရုတ်ပင်လယ်ပိုင်နက်နှင့် ရေကြောင်းပိုင်နက်ဆိုင်ရာ လက်ကိုင်ထားမှုကို မြှင့်တင်ဆောင်ရွက်သည့်၊ ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေသည့် တရုတ်နိုင်ငံ၏ အတင်းအကျပ်လုပ်ဆောင်မှု နောက်တစ်ခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မကြာသေးမီရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု သတင်းအရ သိရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု” ဆုံးဖြတ်ချက်ကို လိုက်နာရန် ၎င်းက တောင်းဆိုခဲ့ကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ တရုတ်ဘက်က မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
“သက်ဆိုင်ရာမေးခွန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ကျွန်တော်တို့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပြီးပါပြီ၊ အမေရိကန်ရဲ့ မဟုတ်မမှန်တဲ့ ပြောဆိုမှုနဲ့ စပ်လျဉ်းပြီး ဒီနေ့ ကျွန်တော်တို့ အလေးအနက် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောပြီးပါပြီ” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ ဟွမ်ရန်သောင်ကျွန်းသည် တရုတ်၏ ရှိရင်းစွဲပိုင်နက်ဖြစ်ပြီး ဟွမ်ရန်သောင်ကျွန်းကို အမျိုးသားသဘာဝထိန်းသိမ်းရေးဇုန်အဖြစ် တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာအတွင်း ကိစ္စရပ်ဖြစ်ပြီးကာ ဥပဒေနှင့်အညီ ကျိုးကြောင်းဆီလျော်မှုရှိ၍ အခြားနိုင်ငံများအနေဖြင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နှင့် အာဆီယံနိုင်ငံများ၏ အတူတကွ ကြိုးစားမှုအောက်တွင် တောင်တရုတ်ပင်လယ်အခြေအနေ ယေဘုယျအားဖြင့် တည်ငြိမ်မှုရှိကြောင်း၊ အမေရိကန်သည် တောင်တရုတ်ပင်လယ်၏ တိုက်ရိုက်ပတ်သက်သူမဟုတ်ဘဲ မကြာခဏ လက်လွတ်စပယ်ပြုလုပ်ခြင်း၊ အဟန့်အတားများ ဖန်တီးခြင်း၊ တိုက်ရိုက်ပတ်သက်နေသည့် နိုင်ငံများအကြား၏ ပင်လယ်ပြင်ဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ အခြားသောနိုင်ငံတစ်ချို့ကို စည်းရုံးကာ အငြင်းပွားမှုများဖန်တီးခြင်းနှင့် တင်းမာမှုများ မြှင့်တင်ခြင်း ပြုလုပ်ကာ မူလက အခြေအနေငြိမ်သက်နေသော တောင်တရုတ်ပင်လယ်ကို မငြိမ်မသက်ဖြစ်စေခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“သင် ပြောတဲ့ ‘တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု’ ဆိုတာ အမေရိကန် ကိုယ်တိုင်စီစဉ်ခဲ့တဲ့ ဥပဒေအယောင်ဆောင်ထားတဲ့ နိုင်ငံရေးဟာသဇာတ်ပဲဖြစ်တယ်။ ‘ဆုံးဖြတ်ချက်’ ဟူသည် တရားမဝင်၊ အကျုံးမဝင်ဘဲ ကြီးကြပ်မှုမရှိသလို တရုတ်က လက်ခံ၊ အသိအမှတ်မပြုပါဘူး” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ မည်သူက အပြည်ပြည်ဆိုင်ရာဥပဒေစိုးမိုးရေးနှင့် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးတည်ငြိမ်မှုကို ထိန်းသိမ်းသူဖြစ်ပြီး မည်သူက ဖျက်ဆီးသူ၊ ပြဿနာဖန်တီးနေသူဖြစ်ကြောင်းမှာ ပြောစရာမလိုဘဲ ထင်ရှားကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်တွင် ကွဲလွဲမှုများဖြစ်ပေါ်အောင် မဟုတ်မမှန် ပြောဆိုခြင်း၊ ပြဿနာများဖန်တီးခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်အောင်လှုံ့ဆော်ခြင်းတို့ကို အမြန်ဆုံး ရပ်တန့်ပြီး တောင်တရုတ်ပင်လယ်အား အေးချမ်းသာယာမှု ပြန်ပေးရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအသီးသီးနှင့်အတူ “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း” ကို ဘက်စုံ ထိရောက်စွာ လက်တွေ့ဖော်ဆောင်ကာ “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” များ ဆွေးနွေးညှိနှိုင်းခြင်းကို တက်ကြွစွာ တွန်းအားပေးဆောင်ရွက်ပြီး တောင်တရုတ်ပင်လယ်ကို ငြိမ်းချမ်းရေးပင်လယ်၊ ချစ်ကြည်ရေးပင်လယ်၊ ပူးပေါင်းဆောင်ရွက်ရေးပင်လယ်အဖြစ် အတူတကွ တည်ဆောက်သွားလိုကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(Chinese Version)
外交部:奉劝美方尽早把搬弄是非、制造麻烦、煽动对立的手从南海抽走
新华社北京9月15日电(记者刘杨、曹嘉玥)外交部发言人林剑15日表示,黄岩岛是中国固有领土,建立黄岩岛国家级自然保护区是中方主权范围内的事,合理合法、不容置喙。奉劝美方尽早把搬弄是非、制造麻烦、煽动对立的手从南海抽走,还南海一个清净太平。
当日例行记者会上,有记者问:据报道,日前美国务卿鲁比奥发表声明称,美同盟友菲律宾站在一起,反对中国在黄岩岛建立国家级自然保护区;此系中方又一胁迫之举,以牺牲邻国利益为代价推进南海领土和海洋主张,破坏地区稳定。他并呼吁中方遵守“南海仲裁案”裁决。请问中方对此有何评论?
“上周我们已就有关问题阐明了立场,今天我们已就美方错误言论提出严正交涉。”林剑说,黄岩岛是中国固有领土,建立黄岩岛国家级自然保护区是中方主权范围内的事,合理合法、不容置喙。
林剑表示,当前,在中国和东盟国家的共同努力下,南海局势总体稳定。美国不是南海问题当事方,却屡屡说三道四、从中作梗,介入当事国间的涉海问题,拉拢个别国家制造纷争、渲染紧张,让本来风平浪静的南海不得安宁。
“你提到的‘南海仲裁案’,恰恰是美方一手包办的披着法律伪装的政治闹剧。所谓‘裁决’非法无效,没有拘束力,中国不接受、不承认。”林剑说,谁是国际法治和南海和平稳定的维护者,谁是破坏者和麻烦制造者,不言自明。
林剑表示,奉劝美方尽早把搬弄是非、制造麻烦、煽动对立的手从南海抽走,还南海一个清净太平。中方将继续和东盟各国一道,全面有效落实《南海各方行为宣言》,积极推动“南海行为准则”磋商,共同把南海建设成为和平之海、友谊之海、合作之海。(完)