Connect with us

China

ပိုလန် သမ္မတ Karol Nawrocki နှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး

ပိုလန် သမ္မတ Karol Nawrocki နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ပိုလန်နိုင်ငံ ဝါဆောမြို့၌ ဒေသစံတော်ချိန် စက်တင်ဘာ ၁၅ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဝါဆော၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ပိုလန် သမ္မတ Karol Nawrocki က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပိုလန်နိုင်ငံ ဝါဆောမြို့၌ ဒေသစံတော်ချိန် စက်တင်ဘာ ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Karol Nawrocki က သမ္မတ ရှီကျင့်ဖိန်ထံ ရင်းနှီးသော နှုတ်ခွန်းဆက်စကားအား ဝမ်ရိမှတစ်ဆင့် ပြောကြားပြီး တရုတ်နိုင်ငံက ကမ္ဘာသိ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများရရှိမှုအပေါ် လေးစားချီးကျူးကြောင်း ပြောကြားခဲ့သည်။ ပိုလန်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အစောဆုံးထူထောင်ခဲ့သည့် နိုင်ငံများအနက် တစ်ခုဖြစ်ရာ နှစ်နိုင်ငံအကြား ကောင်းမွန်သော ချစ်ကြည်ရေးကို အစဉ်အမြဲထိန်းသိမ်းထားကြောင်း၊ သမိုင်းပညာရှင်တစ်ဦးအနေဖြင့် တရုတ်နိုင်ငံသည် ထိုစဉ်က ခုခံတော်လှန်ရေးစစ်ပွဲအတွက် လုပ်ဆောင်ခဲ့သော ကြီးမားလှသည့် စတေးမှုနှင့် ကူညီပံ့ပိုးမှုများကို မိမိ နက်နက်ရှိုင်းရှိုင်း နားလည်သိရှိကြောင်း၊ ပိုလန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် အစဉ်အလာချစ်ကြည်ရေးကို တန်ဖိုးထားသလို သမိုင်းမှ မှတ်သားသင်ယူကာ နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအား တွန်းအားပေးရန်၊ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တရုတ်နိုင်ငံနှင့်အတူ ကူးလူးဆက်ဆံရေးတွင် အားဖြည့်ပြီး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက သမ္မတရှီကျင့်ဖိန်၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားအား တစ်ဆင့် ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ်-ပိုလန် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပိုလန်နိုင်ငံနှင့်အတူ အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေရန်၊ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်၊ တရုတ်-ပိုလန် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ရေးအား အတူတကွ တွန်းအားပေးရန် ဆက်လက်ဆောင်ရွက်သွားလိုကြောင်း၊ ပိုလန်အနေဖြင့် တရုတ်နိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ သိမြင်မှုများကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ကျိုးကြောင်းဆီလျော်စွာ ရှုမြင်ရေး တွန်းအားပေးဆောင်ရွက်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့်ပိုလန် နှစ်နိုင်ငံလုံးသည် လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော နိုင်ငံများဖြစ်ကာ အမျိုးသားအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ခိုင်မြဲစွာ ထိန်းသိမ်းထားကြကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများ၏ နိုင်ငံအား ပြိုကွဲစေရန် ကြိုးပမ်းမှုများ၊ ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း၏ အောင်မြင်မှုရလဒ်များကို စိန်ခေါ်ခြင်းသည် ကမ္ဘာ့မှားယွင်းမှုကြီးလုပ်ဆောင်ခြင်းဖြစ်ကာ ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်မည်ဖြစ်ကြောင်း၊ ပိုလန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ကျင့်သုံးပြီး တရုတ်နိုင်ငံ၏ အမျိုးသားပေါင်းစည်းရေးလုပ်ငန်းကြီးကို ထောက်ခံမည်ဟု ယုံကြည်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ပိုလန်အစိုးရသည် ၁၉၄၉ ခုနှစ်မှစတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအား တရုတ်တစ်နိုင်ငံလုံး ကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ ဆက်လက် လက်ကိုင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း Nawrocki က ဖော်ပြခဲ့သည်။
နှစ်ဖက်အနေဖြင့် ယူကရိန်းအကျပ်အတည်း စသည့် ဘုံစိုးရိမ်ပူပန်သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့သည်။
ခရီးစဉ်ကာလအတွင်း ဝမ်ရိသည် ပိုလန်ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-ပိုလန် အစိုးရကြား ပူးပေါင်းဆောင်ရွက်မှု ကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံအစည်းအဝေး ကျင်းပခဲ့သည်။ (Xinhua)
………………………
(Chinese Version)
波兰总统纳夫罗茨基会见王毅
新华社华沙9月15日电 当地时间2025年9月15日,波兰总统纳夫罗茨基在华沙会见中共中央政治局委员、外交部长王毅。
纳夫罗茨基请王毅转达对习近平主席的诚挚问候,赞赏中国取得举世瞩目的发展成就。纳表示,波兰是最早同新中国建交的国家之一,两国之间一直保持良好友谊。作为历史学家,我深知中国当年为抗战胜利作出巨大牺牲和贡献。波方珍视同中方传统友好,愿同中方加强交往,深化合作,以史为鉴,推动两国关系持续发展,共同维护世界和平与安全。
王毅转达习近平主席的亲切问候,表示在两国元首战略引领下,中波全面战略伙伴关系保持稳定发展。中方愿同波方继续深化战略互信,增进战略合作,共同推动中波全面战略伙伴关系不断向前发展。希望波方为推动欧盟树立客观理性对华认知发挥积极作用。
王毅说,中波都是独立自主的国家,都坚定维护国家主权和领土完整。“台独”势力试图分裂国家,挑战二战胜利成果,是冒天下之大不韪,注定以失败告终。相信波方将继续奉行一个中国政策,支持中国国家统一大业。纳表示,波兰政府自1949年起就承认中华人民共和国政府为代表全中国的唯一合法政府,将继续坚定恪守一个中国原则。
双方还就乌克兰危机等共同关心的问题交换意见。
访问期间,王毅同波兰副总理兼外长西科尔斯基举行会谈,并召开中波政府间合作委员会第四次全会。(完)
图说:9月15日,波兰总统纳夫罗茨基在华沙会见中共中央政治局委员、外交部长王毅。 新华社记者 连漪 摄