Connect with us

China

ဒုတိယကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံ၏ အကျိုးထမ်းဆောင်မှုများကို အပြည့်အဝ အသိအမှတ်ပြုသင့်သည်ဟု ဆလိုဗေးနီးယားသမ္မတဟောင်း ဆို

တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ရာ တော်လှန်ရေးစစ်ပွဲ စစ်ပြန် ရဲဘော်ဟောင်းတစ်ဦးက ထျန်းအန်းမန်နန်းမျှော်စင်မှ အလေးပြုနေသည်ကို စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လယူဘွန်ယူနာ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ဆလိုဗေးနီးယားနိုင်ငံ သမ္မတဟောင်း Danilo Türk သည် မကြာသေးမီရက်က ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံ လုပ်ဆောင်ခဲ့သော စွန့်လွှတ်အနစ်နာခံမှုနှင့် အကျိုးထမ်းဆောင်မှုများသည် ပိုမိုကျယ်ပြန့်သော အသိအမှတ်ပြုမှုကို ရရှိသင့်သည်ဟု ပြောကြားခဲ့သည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဆလိုဗေးနီးယားနိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Danilo Türk သည် ယခုအခါ အပြည်ပြည်ဆိုင်ရာဥပဒေ ပါမောက္ခတစ်ဦး ဖြစ်သည်။ အနောက်နိုင်ငံများသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်ကို ဒုတိယကမ္ဘာစစ် စတင်သည့်နေ့အဖြစ် သတ်မှတ်လေ့ရှိသော်လည်း အမှန်စင်စစ်မှာ အာရှတိုက်တွင် ဖြစ်ပွားလျက်ရှိသော စစ်ရေးများမှာ ယင်းမတိုင်မီကတည်းကပင် စတင်ခဲ့ကြောင်း၊ ဥရောပတိုက် စစ်မြေပြင်တွင် စစ်ပွဲများ စတင် မဖြစ်ပွားမီကတည်းက တရုတ်နိုင်ငံသည် ဂျပန်စစ်ဝါဒကျူးကျော်မှုစစ်ပွဲကို ခုခံတော်လှန်သည့် ပထမဆုံးနိုင်ငံများအနက်မှ တစ်ခုဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်းအတွက် လုပ်ဆောင်ခဲ့သော တရုတ်နိုင်ငံ၏ အကျိုးထမ်းဆောင်မှုကို အပြည့်အဝ အသိအမှတ်ပြုသင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
Danilo Türk က သမိုင်းကို အမှတ်ရခြင်းသည် နိုင်ငံတကာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ တာဝန်ဖြစ်ပြီး တရုတ်နိုင်ငံသည် ဂျပန်စစ်ဝါဒကို တော်လှန်ရာတွင် အလွန်အရေးပါသော အကျိုးထမ်းဆောင်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ငယ်ရွယ်သော မျိုးဆက်သစ်များအနေဖြင့် သမိုင်းကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်ရန် လိုအပ်ပြီး ယဉ်ကျေးမှုလုပ်ငန်း လုပ်ဆောင်သူများက ထိုအတွက် ပိုမိုများပြားသော ကြိုးပမ်းမှုများ လုပ်ဆောင်ရမည်ဖြစ်ကာ သို့မှသာ ယင်းခေတ်ကာလ ပိုင်ဆိုင်သော မှတ်ဉာဏ်များကို ထိန်းသိမ်းသွားနိုင်မည်ဖြစ်ကြောင်း Türk က ယူဆသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ မြှင့်တင်ခြင်း ကဏ္ဍတို့တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံခန့်ခွဲမှု အစီအမံသည် အလွန်အရေးကြီးပြီး “တရုတ်မှာ လုံလောက်တဲ့ စွမ်းအား၊ ယုံကြည်မှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ဖို့ ဆောင်ရွက်လျက်ရှိတာတွေကြောင့် တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ လက်ရှိကမ္ဘာ့အခြေအနေအပေါ် အမြင်ကို အပြည့်အဝဖော်ဆောင်နိုင်ခဲ့ရာ အနာဂတ်ကမ္ဘာကြီး ဖွဲ့စည်းတည်ဆောက်ဖို့ မျှော်မှန်းချက်တွေကို အဆိုပြုနိုင်ခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………….
(Chinese Version)
斯洛文尼亚前总统:中国在二战中的贡献理应得到充分认识
新华社卢布尔雅那9月21日电(记者周玥)斯洛文尼亚前总统达尼洛·图尔克日前接受新华社采访时表示,中国在第二次世界大战期间作出的牺牲和贡献理应获得更广泛的认可。
图尔克2007年至2012年担任斯洛文尼亚总统,现在是一位国际法教授。他指出,西方国家通常将1939年9月1日视为二战爆发日,但实际上发生在亚洲的战事在此之前早已开始。早在欧洲战场战争爆发前,中国就是首批抵御日本军国主义侵略的国家之一。中国为二战胜利作出的贡献理应得到充分认识。
图尔克说,铭记历史是整个国际社会的责任,中国为击败日本军国主义,作出了至关重要的贡献。
图尔克认为,年轻一代需要更好地了解历史,文化工作者应为此作出更多努力,这样才能将属于那个时代的记忆保存下来。
他说,中国在维护世界和平、促进多边主义方面发挥了建设性作用。中国提出的全球治理倡议非常重要,“中国拥有足够的力量、信心和智慧,正在发展经济、扩大国际合作,这使得中国能够充分表达其对当今世界的看法,以及提出构建未来世界的愿景”。(完)
图说:9月3日,纪念中国人民抗日战争暨世界反法西斯战争胜利80周年大会在北京隆重举行。这是抗战老战士在天安门城楼上敬礼。新华社记者 才扬 摄