China
ရှီကျင့်ဖိန်နှင့် ပါကစ္စတန် ဝန်ကြီးချုပ် Shahbaz Sharif တွေ့ဆုံဆွေးနွေး

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံသို့လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်သည့် ပါကစ္စတန် ဝန်ကြီးချုပ် Shahbaz Sharif နှင့် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-ပါကစ္စတန် နှစ်နိုင်ငံသည် အခက်အခဲများကြားတွင် အပြန်အလှန် ဖေးမကူညီကြသော မိတ်ဆွေကောင်း၊ ညီအစ်ကို အရင်းအချာကဲ့သို့ ဆက်ဆံရေး၊ ယုံကြည်စိတ်ချရသော ဆက်ဆံရေး၊ ကိုယ်ကျင့်တရားကောင်းမွန်သော ဆက်ဆံရေးဖြစ်ပြီး သံမဏိကဲ့သို့ ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုသည် အချိန်ကာလကြာလာသည်နှင့်အမျှ ပို၍ခိုင်မာမြဲမြံလာရာ ယင်းတို့မှာ သမိုင်း၏ စမ်းသပ်မှုများစွာမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရာစုနှစ် အခင်းအကျင်း အရှိန်မြှင့် ဆင့်ကဲ ပြောင်းလဲလာချိန်တွင် ခိုင်မာအားကောင်းသော တရုတ်-ပါကစ္စတန် ဆက်ဆံရေးသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူပြုကြောင်း၊ နှစ်ဖက်အနေဖြင့် ခေတ်သစ် ပိုမိုနီးကပ်သော တရုတ်-ပါကစ္စတန် အေးအတူ ပူအမျှ အသိုက်အဝန်း အရှိန်မြှင့် ဖွဲ့စည်းတည်ဆောက်ကာ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုပြီး အိမ်နီးချင်း အေးအတူ ပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေးအတွက် စံနမူနာအဖြစ် ရပ်တည်ရမည် ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံ စည်းလုံးညီညွတ်မှုထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ခြင်းနှင့် နိုင်ငံအင်အား မြှင့်တင်ခြင်းအပေါ် အားပေးထောက်ခံပြီး ပါကစ္စတန်နှင့်အတူ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ “၂.၀ ဗားရှင်း အဆင့်မြှင့်တင်မှု” နှင့် တရုတ်-ပါကစ္စတန် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် အဆင့်မြှင့်တင်မှု ဖန်တီးရန်၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် သတ္တုတွင်းလုပ်ငန်း စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ပါကစ္စတန်၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးစွမ်းရည် မြှင့်တင်ရာတွင် ကူညီပံ့ပိုးရန် အတူတကွ ကြိုးစားသွားလိုကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပါကစ္စတန်၏ အကြမ်းဖက်ဝါဒကို တိုက်ဖျက်မှုကို ထောက်ခံအားပေးကာ ပါကစ္စတန်နိုင်ငံအနေဖြင့် ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများ၊ စီမံကိန်းများနှင့် အဖွဲ့အစည်းများ၏ လုံခြုံရေးကို အာမခံနိုင်ရန် လက်တွေ့ကျ ထိရောက်မှုရှိသော အစီအမံများ ချမှတ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် လုံခြုံသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန် မျှော်လင့်ကြောင်း၊ နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှုများ မြှင့်တင်ကာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံတို့ကို လက်တွေ့ဖော်ဆောင်ပြီး ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်၍ နိုင်ငံတကာတရားမျှတမှု၊ သမာသမတ်ကျမှုကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် Shahbaz က တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ကို ဂုဏ်ပြုခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီက ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကာ တရုတ်နိုင်ငံကို ကယ်တင်ခဲ့သလို ကမ္ဘာကြီးကိုလည်း ပြောင်းလဲစေခဲ့ကြောင်း၊ ပါကစ္စတန်-တရုတ် သံမဏိကဲ့သို့ ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုသည် ပါကစ္စတန်ပြည်သူ သန်း ၂၀၀ ကျော်၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်လျက်ရှိပြီး တရုတ်နိုင်ငံမှ ပံ့ပိုးပေးခဲ့သည့် ကိုယ်ကျိုးမဖက်သော အကူအညီများကို မျိုးဆက်တိုင်းက အမှတ်ရနေမည်ဖြစ်ကာ ဖျက်ဆီး၍မရအောင် ခိုင်မြဲသော ပါကစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှုကို မည်သည့်အင်အားကမျှ တုန်လှုပ်စေနိုင်မည်မဟုတ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ခိုင်မာသည့် ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော အောင်မြင်မှုများရရှိခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်း ပြီးမြောက်၍ တရုတ်ပြည်သူများအား အကျိုးပြုခဲ့သလို “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု အတူတကွ တည်ဆောက်ရေးမှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အခွင့်အလမ်းများ အတူမျှဝေခဲ့ရာ ကမ္ဘာပေါ်တွင် ချီးမွမ်းခြင်းနှင့် လူထု ထောက်ခံမှုများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ချိတ်ဆက်မှုကို အစဉ်မပြတ် အားကောင်းစေကာ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လျက် ပါကစ္စတန်-တရုတ် ဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်သွားရန် မျှော်လင့်ကြောင်း၊ ပါကစ္စတန်အနေဖြင့် ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများ၊ စီမံကိန်းများနှင့် အဖွဲ့အစည်းများ၏ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိပြီး ပါကစ္စတန်အနေဖြင့် အပြည့်အဝ ထောက်ခံပြီး တက်ကြွစွာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ဝမ်ရိလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………
(Chinese Version)
习近平会见巴基斯坦总理夏巴兹
新华社北京9月2日电(记者朱超、董雪)9月2日上午,国家主席习近平在北京人民大会堂会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的巴基斯坦总理夏巴兹。
习近平指出,中巴两国是患难之交、兄弟之交,更是信义之交、道义之交,铁杆友谊历久弥坚,这是在历史的重重考验中锻造出来的。世界百年变局加速演进,强有力的中巴关系有利于维护地区和平与发展。双方要加快构建新时代更加紧密的中巴命运共同体,更好造福两国人民,为构建周边命运共同体作示范。
习近平强调,中方支持巴基斯坦保持团结、聚焦发展、增强国力,愿同巴方共同努力,打造中巴经济走廊“2.0升级版”和中巴自贸协定升级版,加强产业、农业、矿业等领域合作,助力提升巴方自主发展能力。中方支持巴方打击恐怖主义,希望巴方采取切实有效举措保障中方在巴人员、项目和机构安全,为两国合作营造安全环境。双方要加强战略沟通,落实好全球发展倡议、全球安全倡议、全球文明倡议、全球治理倡议,应对共同挑战,维护国际公平正义。
夏巴兹表示,祝贺中国人民抗日战争胜利80周年,中国共产党在世界反法西斯战争中发挥关键作用,拯救了中国,也改变了世界。巴中铁杆友谊植根于2亿多巴基斯坦人民心中,每一代人都铭记中国提供的无私帮助,没有任何力量能够撼动牢不可破的巴中友谊。在习近平主席坚强领导下,中国取得经济社会发展巨大成就,完成脱贫攻坚,造福中国人民,并通过共建“一带一路”合作同发展中国家共享机遇,在世界上赢得赞誉和人心。巴方坚定奉行一个中国原则,期待不断强化两国友好纽带,推进各领域合作,让巴中关系持续向前发展。巴方将不遗余力保护在巴中国人员、项目和机构安全。习近平主席提出全球治理倡议对世界和平发展稳定具有重大意义,巴方将全力支持并积极落实。
王毅参加会见。(完)
图说:9月2日上午,国家主席习近平在北京人民大会堂会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的巴基斯坦总理夏巴兹。新华社记者 黄敬文 摄