China
ဆောင်းဦးရာသီတွင် ဟန်ဆန်းတောင်သို့ ပြန်ခြင်း

ထုန်းလျောင် (အတွင်းမွန်ဂိုလီးယား)၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
နှစ်စဉ် စက်တင်ဘာလတွင် ဆောင်းဦး မြက်ခင်းပြင်သည် အဝါရောင် ပြောင်းသွားပြီး တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ထုန်းလျောင်မြို့ ဂျာလူထယ့်ချီခရိုင်အဆင့်ဒေသရှိ ကဲရစ်ချောင်လူဆူးမု၏ ပေါင်ရစ်ဟူဆော့ကာချာမှ ရွှေ့ပြောင်းမွေးမြူရေးလူမျိုးစုများသည် သန်မာထွားကျိုင်းသော မွေးမြူရေးတိရစ္ဆာန်များကို နွေရာသီစားကျက်ချရာနေရာမှ ဆောင်းရာသီစားကျက်နေရာသို့ ပြောင်းရွှေ့လျက်ရှိကြသည်။
ယခုနှစ်တွင် အသက် ၅၂ နှစ်ရှိ တူးလိမ့်ပေါင်လိကောင်းသည် ရွှေ့ပြောင်းမွေးမြူရေး နေရာရွှေ့ပြောင်းခြင်းတွင် “အတွေ့အကြုံရင့်သူ” ဖြစ်သည်။ “အရင်ကတော့ မြင်းစီးပြီး နေရာပြောင်းရွှေ့ကြတယ်၊ အခုကတော့ မော်တော်ဆိုင်ကယ်၊ ကား မောင်းပြီး ပြောင်းကြတယ်။ အရင်က နွေရာသီ စားကျက်ချတဲ့နေရာမှာ မွန်ဂိုရိုးရာတဲပဲ ထိုးပြီးနေပေမဲ့ အခု အခြေခံအားဖြင့် အခြေစိုက် အိမ်ရာတွေ ရှိကြတယ်။ ပြီးတော့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ရတာကြောင့် အလင်းရောင်၊ အနွေးဓာတ်ပေးဖို့နဲ့ အစားအစာ သိုလှောင်ဖို့ အားလုံး အတော်လေး လွယ်ကူအဆင်ပြေတယ်” ဟု တူးလိမ့်ပေါင်လိကောင်းက ပြောကြားခဲ့သည်။
စက်တင်ဘာလမှစတင်၍ ရွှေ့ပြောင်းမွေးမြူရေးလူမျိုးစုများသည် တဖြည်းဖြည်း ပြန်လာကြပြီး ပေါင်ရစ်ဟူဆော့ကာချာ ပါတီအတွင်းရေးမှူးဖြစ်သော တူးလိမ့်ပေါင်လိကောင်းနှင့် ဇနီး တူးလိမ်စူးပုတောက်တို့သည် နွေရာသီစားကျက်ချရာနေရာတွင် ဆက်လက်နေထိုင်လျက် နောက်ဆုံးကျန်ရှိနေသော ရွှေ့ပြောင်းမွေးမြူရေးလူမျိုးစု အိမ်ထောင်စုအနည်းငယ်နှင့်အတူ ကီလိုမီတာ ရာကျော်ရှိသော အပြန်ခရီးကို အတူတကွ သွားကြရန် စောင့်ဆိုင်းခဲ့ကြသည်။
စက်တင်ဘာ ၂၀ ရက် နံနက်စောစောတွင် ၎င်းတို့သည် ခရီးဆောင်ပစ္စည်းများ ထုပ်ပိုးကာ သိုးနွားများကို ထိန်းကျောင်းပြီး ဆောင်းဦးရာသီ အပြန်ခရီးကို တရားဝင် စတင်ခဲ့သည်။ ခရီးတစ်လျှောက်တွင် အိမ်နီးချင်းများသည် မွေးမြူရေးတိရစ္ဆာန်များကို အပြန်အလှန်ကြည့်ရှုစောင့်ရှောက်ခဲ့ကြပြီး ဟော့လျင်မြစ်ကို ဖြတ်ကျော်ကာ ဟန်ဆန်းတောင်ကို ဖြတ်သန်းခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ပင်ပန်းမှုများရှိသော်လည်း မွေးမြူထားသည့်တိရစ္ဆာန်များ သန်မာထွားကျိုင်းသည့်အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို အိမ်ပြန်ရသည့် စိတ်အေးချမ်းမှုကို ပို၍ ခံစားရပေသည်။ (Xinhua)

တူးလိမ့်ပေါင်လိကောင်းတို့ နေအိမ်၏ နွေရာသီစားကျက်ချရာနေရာကို စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………..
(Chinese Version)
新华全媒+|秋归过罕山
新华社照片,通辽(内蒙古),2025年9月21日
每年9月,秋草已黄,内蒙古通辽市扎鲁特旗格日朝鲁苏木宝日胡硕嘎查的牧民就会赶着膘肥体壮的牲畜从夏牧场返回冬牧场。
今年52岁的都楞宝力高是游牧转场的“老把式”。“以前都是骑马转场,现在是骑摩托和开车。以前在夏牧场只能搭蒙古包,现在基本都有固定板房,还有太阳能供电,照明、取暖和保存食物都很方便。”都楞宝力高说。
9月以来,牧民们已陆续返回,作为宝日胡硕嘎查党支部书记的都楞宝力高和妻子都冷苏布道还一直守在夏牧场,等待和最后几户牧民一同踏上百余公里的归途。
9月20日一早,他们收拾行囊,圈起牛羊,正式秋归。一路上,邻居们相互照应畜群,跨过霍林河,穿越罕山,沿途既有辛劳,又有牲畜肥壮的喜悦,更有回家的踏实。
图说1:9月20日,牧民赶着畜群,走在霍林河畔(无人机照片)。 新华社记者 连振 摄
图说2:这是都楞宝力高家位于夏牧场的放牧点(9月19日摄)。新华社记者 连振 摄