China
တရုတ်-အမေရိကန် နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သော အရေးကြီး သဘောတူညီချက်များကို လမ်းညွှန်မှုအဖြစ် ထားရှိကာ နှစ်ဖက် ကုန်သွယ်စီးပွားရေး တည်ငြိမ်ကောင်းမွန်၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးဆောင်ရွက်သင့်ကြောင်း အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် ဟယ်လိဖုန်း ပြောကြား

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက စက်တင်ဘာ ၂၂ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ Adam Smith ဦးဆောင်သော အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဟယ်လိဖုန်းက သမ္မတရှီကျင့်ဖိန်နှင့် သမ္မတထရမ့်တို့ စက်တင်ဘာ ၁၉ ရက်တွင် ဖုန်းပြောဆိုခဲ့ပြီး အရေးပါသော သဘောတူညီမှုများ ရရှိခဲ့ရာ နောက်တစ်ဆင့်တွင် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ လမ်းညွှန်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်-အမေရိကန် နှစ်ဖက်လုံးသည် ကျယ်ပြန့်လှသော ပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် ကျယ်ပြန့်လှသော ဘုံအကျိုးစီးပွားများ ပိုင်ဆိုင်ထားရာ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအတူ အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း အခြေခံမူများအရ ရိုးသားပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးရန်၊ ယုံကြည်မှုများ မြှင့်တင်ပြီး သံသယများ ဖယ်ရှားရန်၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး တည်ငြိမ် ကောင်းမွန်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း၊ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်းကို တက်ကြွစွာတည်ဆောက်ပြီး ဆွေးနွေးဖလှယ်မှု အားကောင်းစေကာ နှစ်နိုင်ငံ ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
何立峰会见美国国会众议员代表团时指出 中美双方应以两国元首通话重要共识为引领 推动双边经贸关系稳定健康可持续发展
新华社北京9月22日电(记者王慧慧)中共中央政治局委员、国务院副总理何立峰9月22日下午在人民大会堂会见美国国会众议员代表团史密斯一行。
何立峰表示,9月19日,习近平主席与特朗普总统通话,达成重要共识,为下阶段中美关系稳定发展作出战略指引。中美双方拥有广阔的合作空间和广泛的共同利益,希望美方同中方按照相互尊重、和平共处、合作共赢的原则坦诚沟通、增信释疑,推动中美经贸关系稳定、健康、可持续发展。希望美国国会议员积极搭建沟通渠道,加强对话交流,为两国共同发展发挥积极作用。(完)
图说:9月22日下午,中共中央政治局委员、国务院副总理何立峰在北京人民大会堂会见美国国会众议员代表团史密斯一行。 新华社记者 申宏 摄