Connect with us

China

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံက ကမ္ဘာ့တောင်ဘက်ခြမ်း ဘုံအကျိုးစီးပွား ထိန်းသိမ်းကာကွယ်ရေးအတွက် ဦးတည်ချက်လမ်းညွှန်ပေး – အီဂျစ်နိုင်ငံခြားရေးရာကောင်စီ အကြီးအကဲ Ezzat Saad တွေ့ဆုံမေးမြန်းခန်း

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဖူတုန်းခရိုင်အသစ်၊ ကမ္ဘာ့ကုန်စည်ပြပွဲဥယျာဉ်တွင် တည်ရှိသော BRICS နိုင်ငံများ New Development Bank ရုံးချုပ်အဆောက်အအုံကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံခြားရေးရာကောင်စီအကြီးအကဲ၊ အကြီးတန်းသံတမန်ဟောင်း Ezzat Saad က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် ကမ္ဘာ့တောင်ဘက်ခြမ်း လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိပြီး ကမ္ဘာ့တောင်ဘက်ခြမ်း ဘုံအကျိုးစီးပွား ထိန်းသိမ်းကာကွယ်ရန်၊ ကမ္ဘာ့ တောင်-မြောက် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် လျှော့ချရန်အတွက် ဦးတည်ချက် လမ်းညွှန်ပေးခဲ့ကြောင်း မကြာသေးမီရက်က ကိုင်ရိုမြို့၌ ဆင်ဟွာသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။
Saad က ယနေ့ကမ္ဘာကြီးသည် တစ်ဖက်သတ်ဝါဒနှင့် ကိုယ့်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ဦးမော့လာမှုကြောင့် ရင်ဆိုင်နေရပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက်များ၌ ပြောရေးဆိုခွင့်မှာ လုံလောက်မှုမရှိသေးကြောင်း၊ ပိုမိုတရားမျှတသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု စနစ် ဖွဲ့စည်းတည်ထောင်ပြီး ဤစိန်ခေါ်မှုများကို တုံ့ပြန်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံ အဆိုပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အစီအမံက အချိန်သင့်အခါသင့်ဖြစ်တာ ကျွန်တော် အလွန် လေးစားပါတယ်” ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံက ခေတ်ကာလ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဘုံစိုးရိမ်ပူပန်မှုများကို တုံ့ပြန်ပေးခဲ့ကြောင်း Saad က ပြောကြားခဲ့သည်။
ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေ လိုအပ်ချက် စသည့်ကိစ္စရပ်များတွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအများအပြား၏ သဘောထားမှာ ရှိသင့်သည့် အလေးထားမှုများ မရရှိခဲ့ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်တွင် တန်းတူညီမျှသော ကိုယ်စားပြုခွင့်နှင့် ပြောရေးဆိုခွင့် ရှိသင့်သည်ဟု တရုတ်နိုင်ငံ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အစီအမံက အလေးထား ဖော်ပြခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အာရပ်နိုင်ငံအများအပြားနှင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တန်းတူညီမျှ ဆက်ဆံခြင်း အခြေခံမူကို အစဉ်အမြဲ လက်ကိုင်ထားပြီး ကမ္ဘာ့တောင်ဘက်ခြမ်း၏ ပြောပိုင်ခွင့် မြှင့်တင်ရေးကို ထောက်ခံရန် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO)၊ BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရား စသည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် ပိုမိုတရားမျှတ၊ ကျိုးကြောင်းဆီလျော်သော အပြည်ပြည်ဆိုင်ရာ စီမံခန့်ခွဲရေးစနစ် ဖွဲ့စည်းတည်ဆောက်ရေးအား တွန်းအားပေးရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ အဆိုပြုမှုသည် ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်ရေးကို တစ်ဆင့်တိုး အားဖြည့်ရန်၊ ဘုံစိန်ခေါ်မှုများကို တစ်ဆင့်တိုး ရင်ဆိုင်ဖြေရှင်းရန်၊ တောင်-မြောက် ကွာဟချက် တစ်ဆင့်တိုး လျှော့ချရန်အတွက် ဦးတည်ချက် လမ်းညွှန်ပေးခဲ့ကြောင်း Saad က ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
全球治理倡议为维护全球南方共同利益指明方向——访埃及外交事务委员会主任萨阿德
新华社开罗9月22日电 题:全球治理倡议为维护全球南方共同利益指明方向——访埃及外交事务委员会主任萨阿德
新华社记者姚兵 董修竹
埃及外交事务委员会主任、前资深外交官伊扎特·萨阿德日前在开罗接受新华社记者专访时表示,全球治理倡议契合全球南方需要,为维护全球南方共同利益、缩小南北发展差距指明了方向。
萨阿德表示,当今世界面临单边主义、保护主义抬头之势,南方国家在全球决策中的发言权仍然不足,需要构建更加公正的全球治理体系来应对这些挑战。
“中国提出全球治理倡议正当其时,我十分钦佩。”萨阿德表示,全球治理倡议符合时代需要,尤其回应了全球南方共同关切。
他说,在地区和平安全、发展融资需求等问题上,许多全球南方国家的意见没有得到应有重视。中国提出的全球治理倡议强调了发展中国家应当在全球治理体系中享有平等的代表权和发言权。
萨阿德表示,中国在与广大阿拉伯国家及世界各国的合作中始终秉持平等相待的原则,并为支持全球南方提升话语权作出贡献。上海合作组织、金砖国家合作机制等多边合作机制对推动构建更加公正合理的国际治理体系具有积极作用。全球治理倡议的提出,为全球南方进一步加强团结协作、应对共同挑战、缩小南北差距指明了方向。(完)
图说:这是2021年9月28日拍摄的位于上海浦东新区世博园区的金砖国家新开发银行总部大楼(无人机照片)。新华社记者方喆摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.