Connect with us

China

တရုတ်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျော့ပါးရေးနှင့် ကယ်ဆယ်ရေး ကော်မရှင်က ကွမ်တုန်းပြည်နယ်တွင် အမျိုးသား အဆင့် ၄ သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု စတင်

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ယန်ကျန်းမြို့ ဟိုင်လျင်သောင်ကျွန်း ကျာဖော အမျိုးသားဗဟိုငါးဖမ်းဆိပ်ကမ်းတွင် ကမ်းပေါ် ဝင်ပေါက်ထွက်ပေါက်များကို ထင်ရှားသော အမှတ်အသား ချည်နှောင်ထားသည်ကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ယခုနှစ် နံပါတ် ၁၈ တိုင်ဖွန်းမုန်တိုင်း ”ရာဂါဆာ” (Typhoon Ragasa) ကြောင့် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျော့ပါးရေးနှင့် ကယ်ဆယ်ရေး ကော်မရှင်က စက်တင်ဘာ ၂၃ ရက်တွင် အမျိုးသား အဆင့် ၄ သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုကို စတင်ခဲ့ပြီး ဘေးသင့်ပြည်သူများ၏ အခြေခံလူနေမှုဘဝအား အာမခံချက်ပေးရန် လမ်းညွှန်မှုနှင့် အကူအညီများ ဆောင်ရွက်ပေးရန် သဘာဝဘေးကျရောက်ခဲ့သည့်ဒေသသို့ လုပ်ငန်းအဖွဲ့ စေလွှတ်၍ ကပ်ဘေးအခြေအနေများကို လက်တွေ့စစ်ဆေးကြည့်ရှုစေခဲ့ကြောင်း အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သတင်းထောက် သိခဲ့ရသည်။
တိုင်ဖွန်းမုန်တိုင်း ”ရာဂါဆာ” သည် ယခုနှစ်အတွင်း အနောက်မြောက် ပစိဖိတ်သမုဒ္ဒရာ၌ ဖြစ်ပေါ်ခဲ့သည့် အပြင်းထန်ဆုံးမုန်တိုင်းဖြစ်ပြီး စက်တင်ဘာ ၂၄ ရက် မွန်းတည့်မှ ညအထိ ကွမ်တုန်းပြည်နယ် ထိုင်ဆန်းမှ ကျန့်ကျန်း ကမ်းရိုးတန်းတစ်လျှောက်တွင် တိုင်ဖွန်းမုန်တိုင်းအဆင့် (သို့) အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်ကာ တရုတ်နိုင်ငံတောင်ပိုင်းဒေသများတွင် လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဒီရေတက်ခြင်း များဖြစ်ပွားစေနိုင်မည်ဖြစ်ကြောင်း၊ ကပ်ဘေးဖြစ်နိုင်ခြေမြင့်မားပြီး အစွန်းရောက်မှု ပြင်းထန်ကာ ရေကြီးရေလျှံကာကွယ်ရေးနှင့် မုန်တိုင်းကာကွယ်ရေး အခြေအနေမှာ ပြင်းထန်မှုရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
တရုတ်နိုင်ငံ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ဗဟိုကုမ္ပဏီများ၏ အင်ဂျင်နီယာ အရေးပေါ်ကယ်ဆယ်ရေးအင်အား ၁၄၃ ဖွဲ့ ၊ အဖွဲ့ဝင်အင်အား ၇,၄၈၀ ကျော်၊ စက်ကိရိယာ ၂,၅၇၀ စုံကျော်ကို ဖြန့်ကြက်ရန်၊ အဓိကပြည်နယ်များတွင် လမ်းများ ရှင်းလင်းခြင်းနှင့် အရေးပေါ် ရေနုတ်မြောင်းများ ဆယ်ယူခြင်း ပြင်ဆင်မှုများ ကူညီပေးရန် စီစဉ်ခဲ့ပြီးဖြစ်သည်။
အဆိုးဆုံးအခြေအနေနှင့် ဧရာမဘေးအန္တရာယ်ကာကွယ်ရေးကို အခြေခံ၍ တိုင်ဖွန်းမုန်တိုင်းကာကွယ်တုံ့ပြန်ရေးဆိုင်ရာ အစီအမံအသီးသီးကို အပြည့်အဝ လက်တွေ့ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပင်လယ်ပြင်နှင့် ကုန်းမြေရှိ အန္တရာယ်ရှိနိုင်သည့်နေရာများကို ဘက်စုံ စစ်ဆေးကာ “သင်္ဘောများ ဆိပ်ကမ်းပြန်ရောက်၍ လူများ ကမ်းပေါ်ပြန်ရောက်ရမည်” ကို အခိုင်အမာ လက်တွေ့ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ကြော်ငြာဆိုင်းဘုတ်များ စသည့် အမြင့်တွင် ဆောက်လုပ်ထားသော ပစ္စည်းများ၊ လမ်းဘေးအပင်များ စသည့် လွယ်ကူစွာ လဲကျတတ်သည့်အရာနှင့် ဓာတ်အားလိုင်းတိုင်များ၊ ဆက်သွယ်ရေးမျှော်စင်များ စသည့် အရေးကြီးအခြေခံအဆောက်အအုံများကို ပိုမိုခိုင်ခံ့ရေး အစီအမံ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တောင်ပေါ် ရေကြီးရေလျှံမှုနှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်ရှိနိုင်သည့်နေရာများနှင့် အန္တရာယ်ဇုန်များကို အကြိမ်ကြိမ် လှည့်လည်စစ်ဆေးကြည့်ရှုကာ အလတ်စားနှင့် အသေးစား မြစ်ချောင်းများ ရေကြီးမှုနှင့် မြို့ပြတွင်းရေလျှံမှုတို့ကို တင်းတင်းကျပ်ကျပ် တားဆီးကာကွယ်ရမည်ဖြစ်ကြောင်း အမျိုးသား ရေကြီးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေး ဌာနချုပ်၊ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာန သက်ဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသော ဌာနစုံ ပူးတွဲညှိနှိုင်းဆွေးနွေးမှု၌ ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆန်းကျန့်တက္ကသိုလ် ယွဲ့ဟိုင်ကျောင်းခွဲ ကြက်တောင်ရိုက်ကွင်းတွင် ကပ်ဘေးရှောင် ပြည်သူများ ကွင်းအတွင်း အနားယူနေကြသည်ကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(Chinese Version)
国家防减救灾委针对广东启动国家四级救灾应急响应
新华社北京9月23日电(记者黄韬铭)记者从应急管理部获悉,国家防灾减灾救灾委员会针对今年第18号台风“桦加沙”对广东省造成的严重影响,于23日启动国家四级救灾应急响应,派出工作组赴灾区实地查看灾情,指导和协助地方做好受灾群众基本生活保障等灾害救助工作。
据悉,台风“桦加沙”是今年以来西北太平洋生成的最强台风,预计将于24日中午到晚上在广东台山到湛江一带沿海以台风级或强台风级登陆,将给华南地区带来强风、暴雨、高潮,致灾风险高、极端性强,防汛防台风形势严峻。
应急管理部已安排部署中央企业工程抢险力量143支7480余人、2570余台套装备,协助重点省份做好道路抢通、应急排涝准备。
国家防总办公室、应急管理部有关负责人在23日举行的多部门联合会商上表示,要立足最不利情况和巨灾防范,全力落实台风防范应对各项举措。全面排查海上和陆地隐患,坚决落实“船回港、人上岸”,对广告牌等高空构筑物、行道树等易倒伏物和输电杆塔、通信铁塔等重要基础设施采取加固措施,加密巡查山洪地质灾害隐患点和风险区,严防中小河流洪水及城市内涝。(完)
图说1:9月23日,在广东阳江市海陵岛闸坡国家中心渔港,登岸出入口已绑上明显标志。新华社记者 邓华 摄
图说2:9月23日,在深圳大学粤海校区羽毛球馆,避险群众在场馆内休息。新华社记者 毛思倩 摄