China
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်းထိပ်သီးအစည်းအဝေးက နက်ရှိုင်းသည့် ကမ္ဘာလုံးဆိုင်ရာ အနက်အဓိပ္ပာယ်ရှိဟု အဇာဘိုင်ဂျပန် နိုင်ငံရေးပညာရှင် Ilgar Velizade ဆို

ဘာကူ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်းထိပ်သီးအစည်းအဝေးသည် ဘက်အသီးသီးအား သွေးစည်းညီညွတ်စေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်ဝပြောရေးကို ကာကွယ်ပေးသောကြောင့် နက်ရှိုင်းသော ကမ္ဘာလုံးဆိုင်ရာ အနက်အဓိပ္ပာယ်ရှိကြောင်း အဇာဘိုင်ဂျန်နိုင်ငံ South Kavkaz နိုင်ငံရေးပညာရှင်များကလပ် ဥက္ကဋ္ဌ Ilgar Velizade သည် မကြာသေးမီရက်ပိုင်းက ဆင်ဟွာသတင်းထောက် သီးသန့်မေးမြန်းမှု၌ ဖြေကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တရားမျှတသော ကမ္ဘာ့စည်းစနစ်တည်ဆောက်ရန် ကြိုးပမ်းတွန်းအားပေးနေပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းအား လိုက်နာသည့်အရေးပါမှုအား အလေးထားပြောကြားနေသည်ဟု Ilgar Velizade က ယူဆသည်။
“တရုတ်နိုင်ငံက ပြည်တွင်းရေးကို မစွက်ဖက်မှု၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှုအား လေးစားမှု စတဲ့ အခြေခံမူတွေကို အလေးထား ပြောကြားပါတယ်။ ဒါကလည်း လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို သေချာစေပြီး နိုင်ငံအသီးသီး စည်ပင်ဝပြောမှုနဲ့ ၎င်းတို့ပြည်သူတွေ သာယာချမ်းမြေ့မှုအတွက် အခြေအနေ ဖန်တီးပေးလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၍ အားလုံးပါဝင်မှု” သည် Ilgar Velizade က သတိထားမိသည့် ထိပ်သီးအစည်းအဝေး၏ အဓိကစကားလုံးများအနက် တစ်ခုဖြစ်သည်။ ထိပ်သီးအစည်းအဝေးသည် SCO မူဘောင်မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးကြောင်း၊ ယင်းသည် အားလုံးပါဝင်နိုင်မှု တိုးတက်ရေးအတွက် အဓိကကျ အရေးပါကြောင်း ၎င်းက ယူဆသည်။
အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှမှု၊ ညှိနှိုင်းဆွေးနွေးမှု၊ ယဉ်ကျေးမှု အမျိုးစုံလင်ခြင်းအား လေးစားမှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်မှု ဟူသည့် “ရှန်ဟိုင်းစိတ်ဓာတ်” သည် မျက်မှောက်ခေတ် နိုင်ငံတကာ နိုင်ငံရေးလက်တွေ့ဖော်ဆောင်မှုတွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ယနေ့ခေတ်ကမ္ဘာကြီးတွင် နိုင်ငံတကာအခြေအနေ မတည်မငြိမ်မှုများ ပိုမိုဆိုးရွားလာပြီး ပထဝီနိုင်ငံရေး ပဋိပက္ခများ အဆက်မပြတ် တိုးတက်လာကြောင်း၊ “ရှန်ဟိုင်းစိတ်ဓာတ်” ကျင့်သုံးခြင်းသည် နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် များစွာအရေးပါကြောင်း Ilgar Velizade က ထောက်ပြ ပြောကြားခဲ့သည်။
“နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူသားတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်မှုက ခွဲခြားလို့မရပါဘူး။ တရုတ်နိုင်ငံအနေနဲ့ အစဉ်တစိုက် ပြည်သူကိုဗဟိုပြုထားပြီး နိုင်ငံအသီးသီးရဲ့ ကြိုးပမ်းမှုတွေကို စုစည်းကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုကို အတူတကွ ရင်ဆိုင်ဖို့ မျှော်လင့်ပါတယ်” ဟု Ilgar Velizade က ဆိုသည်။ (Xinhua)
——————-
(Chinese Version)
上合组织天津峰会丨上合组织天津峰会深具全球意义——访阿塞拜疆政治学家韦利扎德
新华社巴库9月3日电 题:上合组织天津峰会深具全球意义——访阿塞拜疆政治学家韦利扎德 新华社记者刘书辰 钟忠
阿塞拜疆南高加索政治学家俱乐部主任伊尔加尔·韦利扎德日前接受新华社记者专访时说,上合组织天津峰会通过团结各方增进合作以维护世界和平、稳定与繁荣,深具全球意义。
韦利扎德认为,中国致力于推动构建公正的世界秩序,强调遵守国际法和国际关系基本准则的重要性。“中方强调不干涉内政、尊重主权和领土完整等原则,这为保障社会发展并为各国繁荣及其人民幸福创造条件。”
“普惠包容”是韦利扎德注意到的峰会热词之一。他认为,峰会通过上合组织框架支持发展中国家社会经济发展,这对促进包容性发展至关重要。
韦利扎德指出,互信、互利、平等、协商、尊重多样文明、谋求共同发展的“上海精神”在当代国际政治实践中发挥了重要作用。当今世界,国际局势动荡加剧,地缘冲突不断上升,践行“上海精神”对于维护国际和地区和平至关重要。
“一个国家的发展进步与全人类的发展进步密不可分。中国始终以人民为中心,希望凝聚各国努力以共同应对全球性挑战。”韦利扎德说。(完)
图说:这是8月30日拍摄的2025年上海合作组织峰会主会场外景。新华社记者 孙凡越 摄