China
ရှီကျင့်ဖိန်နှင့် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်း တွေ့ဆုံဆွေးနွေး

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံသို့လာရောက်၍ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်သည့် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းနှင့်အတူ စက်တင်ဘာ ၄ ရက် ညပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်- မြောက်ကိုရီးယားသည် အေးအတူ ပူအမျှ၊ အပြန်အလှန်ဖေးမကူညီပေးသော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ကောင်းဖြစ်ကြောင်း၊ တရုတ်- မြောက်ကိုရီးယား ချစ်ကြည်ရေး သမိုင်းကြောင်းရှည်ကြာလှပြီး နှစ်နိုင်ငံလုံးမှာ ကွန်မြူနစ်ပါတီဦးဆောင်သော ဆိုရှယ်လစ်ဝါဒနိုင်ငံဖြစ်ရာ တူညီသော မျှော်မှန်းချက်၊ ယုံကြည်ချက်နှင့် ကြိုးပမ်းမည့် ရည်းမှန်းချက်များရှိကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်း တရုတ်နိုင်ငံသို့လာရောက်၍ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်ခြင်းသည် မြောက်ကိုရီးယား၏ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း ရလဒ်ကို ထိန်းသိမ်းကာကွယ်မည့် ခိုင်မာသော စိတ်စွမ်းအားကို ပြသခြင်းဖြစ်သလို တရုတ်- မြောက်ကိုရီးယား နှစ်ပါတီ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါသော အခွင့်အလမ်း ပံ့ပိုးခြင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။
မြောက်ကိုရီးယား အလုပ်သမားပါတီ တည်ထောင်ခြင်း ၈၀ နှစ်ပြည့်ကို ဂုဏ်ပြုကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးဖြင့် အင်အားကြီးနိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ကြီးမြတ်သောလုပ်ငန်းကို အပြည့်အဝ ဆောင်ရွက်လျက်ရှိပြီး မြောက်ကိုရီးယား ဆိုရှယ်လစ်ဝါဒ တည်ဆောက်ရေးလုပ်ငန်းသည်လည်း အဆက်မပြတ် အောင်မြင်မှုအသစ်များ ရရှိလျက်ရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံ ပါတီနှင့် အစိုးရသည် တရုတ်-မြောက်ကိုရီးယား အစဉ်အလာချစ်ကြည်ရေးကို အထူးအလေးထားပြီး တရုတ်-မြောက်ကိုရီးယားဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ရန်၊ ကောင်းမွန်စွာ ခိုင်ခံ့တည်မြဲစေရန်၊ ကောင်းမွန်စွာ ဖွံ့ဖြိုးစေရန် ဆန္ဒရှိကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ပြောင်းလဲပါစေ ဤရပ်တည်ချက်သည် ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယား၏ မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းကို လျှောက်လှမ်းခြင်းကို ယခင်ကအတိုင်းမပြောင်းမလဲ ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး မြောက်ကိုရီးယား၏ ဆိုရှယ်လစ်ဝါဒလုပ်ငန်းကို အခင်းအကျင်းအသစ် ဆက်လက်ဖန်တီးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံရေးနှင့် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးရေးကို မြှင့်တင်ကာ ပါတီနှင့်နိုင်ငံ စီမံခန့်ခွဲရေး အတွေ့အကြုံဖလှယ်ရေးကို နက်ရှိုင်းစေပြီး အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရေးကို နက်ရှိုင်းစေလိုကြောင်း၊ အလွှာအသီးသီး အပြန်အလှန်တုံ့ပြန်မှုကို နီးကပ်စေပြီး နယ်ပယ်အသီးသီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က မကြုံစဖူး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းအယူအဆနှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံတို့ကို မိမိအဆိုပြုခဲ့ရာ မြောက်ကိုရီးယား၏ အပြုသဘောဆောင်သော ထောက်ခံမှုနှင့် တုံ့ပြန်မှုများရရှိခဲ့ကြောင်း၊ တရုတ်နှင့် မြောက်ကိုရီးယားအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များတွင် မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု အားဖြည့်ကာ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ် အရေးတွင် တရုတ်နိုင်ငံသည် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသည့် ရပ်တည်ချက်ကို အစဉ်အမြဲ လက်ကိုင်ထားပြီး မြောက်ကိုရီးယားဘက်နှင့်အတူ ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေကာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်မှုကို အစွမ်းကုန် ထိန်းသိမ်းကာကွယ်သွားလိုကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။
ကင်ဂျုံအန်းက တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ကြီးကျယ်ခမ်းနားပြီး တစ်ကမ္ဘာလုံး အာရုံစိုက်ခြင်းမှာ တရုတ်နိုင်ငံ၏ ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်မည့် ခိုင်မာသော သန္နိဋ္ဌာန်ကို ပြသခဲ့သလို တရုတ်နိုင်ငံ၏ အရေးပါသော နိုင်ငံတကာ အနေအထားနှင့် ဩဇာအရှိန်အဝါကို ထင်ဟပ်စေကြောင်း၊ မြောက်ကိုရီးယား-တရုတ် ခေါင်းဆောင်ဟောင်းများသည် ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲအတွင်း နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့ကြရာ မိမိတို့အနေဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းသွားရန် တာဝန်ရှိကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲပါစေ မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေးသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဘဲ မြောက်ကိုရီးယား-တရုတ် ဆက်ဆံရေး အဆက်မပြတ် နက်ရှိုင်း ဖွံ့ဖြိုးတိုးတက်စေရေးသည် မြောက်ကိုရီးယား၏ ခိုင်မာသောဆန္ဒဖြစ်ကြောင်း၊ မြောက်ကိုရီးယားသည် ထိုင်ဝမ်၊ ရှီးဇန့်နှင့် ရှင်းကျန်း အရေးနှင့် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်၏ ရပ်တည်ချက်ကို အခိုင်အမာ ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံ့အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ခြင်းကိုလည်း ထောက်ခံမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ကာလရှည်ကြာစွာ မြောက်ကိုရီးယား ဆိုရှယ်လစ်ဝါဒလုပ်ငန်းအပေါ် ပေးအပ်ခဲ့သော တန်ဖိုးရှိ ထောက်ခံမှုနှင့် ကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုအောက်တွင် ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆိုရှယ်လစ်ဝါဒအတွေးအခေါ် လမ်းညွှန်မှုအောက်တွင် တရုတ်နိုင်ငံသည် ကြီးမြတ်သော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပါတီနှစ်ခု၊ နိုင်ငံနှစ်ခု၏ ကဏ္ဍစုံ၊ အလွှာစုံ ကူးလူးဆက်ဆံရေးကို နီးကပ်စေပြီး ပါတီတည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများတွင် အတွေ့အကြုံ ဖလှယ်ရေး ဆောင်ရွက်ကာ မြောက်ကိုရီးယား ပါတီနှင့်နိုင်ငံ တည်ဆောက်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်သွားလိုကြောင်း၊ ပိုမိုများပြားသော ရလဒ်များ ရရှိရန် နှစ်နိုင်ငံ အပြန်အလှန် အကျိုးပြုသောကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုကြောင်း၊ မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်အရေးတွင် တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို ချီးကျူးလေးစားပြီး ကုလသမဂ္ဂစသည့် နိုင်ငံပေါင်းစုံ ပလက်ဖောင်းများတွင် ညှိနှိုင်းဆောင်ရွက်မှုကို ဆက်လက်၍ မြှင့်တင်ကာ နှစ်ဖက်လုံး၏ ဘုံအကျိုးစီးပွားနှင့် အခြေခံအကျိုးစီးပွားများကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းလိုကြောင်း ကင်ဂျုံအန်းက ထောက်ပြခဲ့သည်။
အဆိုပါနေ့ ညပိုင်းတွင် ရှီကျင့်ဖိန်နှင့် ကင်ဂျုံအန်းတို့က လက်ဖက်ရည်စကားဝိုင်းငယ်ဖြင့် စကားစမြည် ပြောဆိုဆွေးနွေး၍ ဧည့်ခံပွဲ ကျင်းပခဲ့သည်။
အထက်ပါအခမ်းအနားအစီအစဉ်များသို့ ချိုက်ချီ၊ ဝမ်ရိ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………
(Chinese Version)
习近平同朝鲜劳动党总书记、国务委员长金正恩举行会谈
新华社北京9月4日电(记者杨依军、邵艺博)9月4日晚,中共中央总书记、国家主席习近平在北京人民大会堂同来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的朝鲜劳动党总书记、国务委员长金正恩举行会谈。
习近平指出,中朝是命运与共、守望相助的好邻居、好朋友、好同志。中朝友谊源远流长,两国都是共产党领导的社会主义国家,有着共同的理想信念和奋斗目标。金正恩总书记来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动,体现了朝方维护二战胜利成果的坚定意志,也为中朝两党两国进一步发展友好合作关系提供了重要契机。
习近平祝贺朝鲜劳动党成立80周年,强调中国正在以中国式现代化全面推进强国建设、民族复兴伟业,朝鲜社会主义建设不断取得新成就。中国党和政府高度重视中朝传统友好,愿维护好、巩固好、发展好中朝关系。无论国际形势如何变化,这一立场都不会改变。中方将一如既往支持朝鲜走符合本国国情的发展道路,不断开创朝鲜社会主义事业新局面。愿同朝方加强高层交往和战略沟通,深化治党治国经验交流,加深相互了解和友谊。密切各层级互动,开展各领域务实合作。
习近平强调,面对前所未有的全球性挑战,我先后提出构建人类命运共同体理念和全球发展倡议、全球安全倡议、全球文明倡议、全球治理倡议,得到朝方积极支持和响应。中朝要在国际和地区事务中加强战略协作,维护共同利益。在朝鲜半岛问题上,中方始终秉持客观公正立场,愿继续同朝方加强协调,尽力维护朝鲜半岛的和平稳定。
金正恩表示,纪念中国人民抗日战争暨世界反法西斯战争胜利80周年活动隆重盛大、举世瞩目,展现了中国维护世界和平的坚定决心,彰显了中国的重要国际地位和影响。朝中老一辈领导人在抗日战争中结下了深厚情谊,我们有义务代代传承。无论国际形势如何变化,朝中之间的友好感情不会改变,不断深化和发展朝中关系是朝方坚定意愿。朝方将继续在台湾、涉藏、涉疆等涉及中国核心利益的问题上坚定支持中方立场,支持中国维护国家主权和领土完整,感谢中方长期以来坚定不移支持朝鲜社会主义事业并给予宝贵支持和帮助。
金正恩指出,在习近平总书记坚强领导下,在习近平新时代中国特色社会主义思想指引下,中国取得伟大发展成就。朝方愿同中方密切两党两国各层级交往,开展党的建设、经济发展等方面经验交流,助力朝鲜党和国家建设事业发展。愿深化两国互利经贸合作,取得更多成果。朝方赞赏中方在朝鲜半岛问题上的公正立场,愿在联合国等多边平台继续加强协调,维护好双方的共同和根本利益。
当天晚上,习近平同金正恩小范围茶叙并宴请。
蔡奇、王毅参加上述活动。(完)
图说:9月4日晚,中共中央总书记、国家主席习近平在北京人民大会堂同来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的朝鲜劳动党总书记、国务委员长金正恩举行会谈。 新华社记者 黄敬文 摄