China
တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ၁၅ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးသို့ ရှီကျင့်ဖိန် ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ၁၅ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ရုရှားနိုင်ငံ Vladivostok မြို့တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဆိုပါအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ထူထောင်ခဲ့သည့် ၂၈ နှစ်တာ ကာလတစ်လျှောက်တွင် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်သော၊ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ပေးသော မူလရည်မှန်းချက်တာဝန်များကို လက်ကိုင်ထားပြီး တရုတ်-ရုရှား ဆက်ဆံရေး အခင်းအကျင်းကို အပြည့်အဝ ဝန်ဆောင်မှုပေးကာ နိုင်ငံနှစ်ခုဆက်ဆံရေး၏ လူမှုအသိုက်အဝန်း ပြည်သူ့ဆန္ဒအခြေခံ အုတ်မြစ်ကို ခိုင်မြဲစွာတည်ဆောက်ခဲ့ကြောင်း၊ ကော်မတီအနေဖြင့် ယခုအကြိမ်အစည်းအဝေးကို အခွင့်အလမ်းအဖြစ်ထားရှိကာ နှစ်နိုင်ငံ ပြည်သူများအကြား ကူးလူးဆက်ဆံရေးအတွက် အဓိကလမ်းကြောင်းအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး ခေတ်သစ် နှစ်နိုင်ငံပြည်သူများ အပြန်အလှန်နားလည်ချစ်ခင်သော၊ မိုးဒဏ်လေဒဏ်များကို အတူကျော်ဖြတ်သော ချစ်ကြည်ရေး စာမျက်နှာကို ရေးသားရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ရုရှားသမ္မတ ပူတင်ကလည်း အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။ (Xinhua)
…………………………………………………………
(Chinese Version)
习近平向中俄友好、和平与发展委员会第十五次双方全会致贺辞
新华社北京9月6日电 9月6日,中俄友好、和平与发展委员会第十五次双方全会在俄罗斯符拉迪沃斯托克举行。国家主席习近平向全会致贺辞。
习近平强调,中俄友好、和平与发展委员会成立28年来,秉持弘扬友谊、促进合作的初心使命,全力服务中俄关系大局,厚植两国关系社会民意根基。希望委员会以这次会议为契机,积极发挥两国民间交往主渠道作用,书写新时代两国人民相知相亲、风雨同舟的友好篇章。
同日,俄罗斯总统普京也向全会致贺辞。(完)
图说:2024年5月16日晚,国家主席习近平在北京中南海同俄罗斯总统普京举行小范围会晤。 新华社记者 鞠鹏 摄