Connect with us

China

“အတွေးအခေါ် ကိုလိုနီနယ်ချဲ့မှု – အမေရိကန် အသိအမြင်စစ်ပွဲ၏ နည်းလမ်း၊ အရင်းမြစ်နှင့် နိုင်ငံတကာ အန္တရာယ်များ” Think Tank အစီရင်ခံစာအား ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank ထုတ်ပြန်

"အတွေးအခေါ် ကိုလိုနီနယ်ချဲ့မှု - အမေရိကန် အသိအမြင်စစ်ပွဲ၏ နည်းလမ်း၊ အရင်းအမြစ်နှင့် နိုင်ငံတကာ အန္တရာယ်များ" Think Tank အစီရင်ခံစာအား တွေ့မြင်ရစဉ် (ဆင်ဟွာ)

ကူမင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank သည် စက်တင်ဘာ ၇ ရက်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာ Think Tank အဆင့်မြင့်ဖိုရမ်၌ “အတွေးအခေါ် ကိုလိုနီနယ်ချဲ့မှု – အမေရိကန် အသိအမြင်စစ်ပွဲ၏ နည်းလမ်း၊ အရင်းမြစ်နှင့် နိုင်ငံတကာ အန္တရာယ်များ” Think Tank အစီရင်ခံစာအား ထုတ်ပြန်ခဲ့သည်။

အဆိုပါအစီရင်ခံစာ၌ အမေရိကန် အတွေးအခေါ် ကိုလိုနီနယ်ချဲ့မှု နောက်ကွယ်ရှိ နက်ရှိုင်းသော သမိုင်းအကြောင်းရင်း၊ ရှုပ်ထွေးသော လက်တွေ့ဖော်ဆောင်မှုစနစ်နှင့် လေးနက်သော နိုင်ငံတကာ အန္တရာယ်များအကြောင်း စနစ်တကျ ခွဲခြမ်းစိတ်ဖြာထားပြီး နိုင်ငံအသီးသီး အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက အတွေးအခေါ် ချုပ်ကိုင်မှုမှ လွတ်မြောက်ပြီး ယဉ်ကျေးမှု မိမိကိုယ်ကို ယုံကြည်ချက်အား ပြန်လည်တည်ဆောက်ကာ ယဉ်ကျေးမှု အမျိုးစုံလင်မှုအား ရေးဆွဲရန် တိုက်တွန်းထားသည်။
အတွေးအခေါ် ကိုလိုနီနယ်ချဲ့မှုသည် တန်းတူညီမျှမှုမရှိသော၊ တန်းတူညီမျှမှုအတွက် မဟုတ်သော ဦးနှောက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကို အခြေခံထားပြီး အတင်းအဓမ္မပြောင်းလဲမှု၊ ဆိုးရွားသည့်ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်မှု၊ ကွယ်ဝှက်စွာ စိမ့်ဝင်မှု၊ ကာလကြာရှည်စွာ တိုက်စားမှု စသည့် သိသာထင်ရှားသော ထူးခြားချက်များ ပိုင်ဆိုင်ထားကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

အမေရိကန်သည် နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ကဏ္ဍများ၌ ဗိုလ်ကျအနိုင်ကျင့်မှုအနေအထားသည် ၎င်းက အတွေးအခေါ် ကိုလိုနီနယ်ချဲ့မှုအား ဖော်ဆောင်သည့် “အမာခံလိုအပ်ချက်” ဖြစ်ကြောင်း၊ ဘာသာစကား ယဉ်ကျေးမှု၊ ဘာသာစကားဖြင့် တင်ဆက်ဖော်ပြမှု၊ အများပြည်သူသုံး မီဒီယာကြားခံနယ်၊ ပညာရပ် သုတေသနပြုမှု စသည့် ကဏ္ဍများ၌ အဆင်ပြေသော အကြောင်းအချက်များကမူ ၎င်းအတွက် “စည်းမျဉ်းစည်းကမ်း မူဝါဒဆိုင်ရာ အခြေခံ” ချမှတ်ပေးလိုက်ကြောင်း အစီရင်ခံစာက ဆိုသည်။
အမေရိကန်၏ အတွေးအခေါ် နယ်ချဲ့လှုပ်ရှားမှုသည် နက်ရှိုင်းသော လက်တွေ့ဖော်ဆောင်မှု အခြေခံနှင့် ရှင်းလင်းသော မဟာဗျူဟာမြောက် ဖြန့်ကြက်နေရာချထားမှုများ ရှိရာ မဟာဗျူဟာစနစ်၊ အဖွဲ့အစည်းစနစ်၊ တန်ဖိုးစနစ်၊ ဖြန့်ချိရေးစနစ်၊ အကြောင်းအရာစနစ်၊ နည်းပညာစနစ်တို့ အပါအဝင် ပံ့ပိုးပေးမည့် ပြီးပြည့်စုံသော စနစ်တစ်ခုကို တဖြည်းဖြည်း ဖြစ်တည်လာစေသည်ဟု အစီရင်ခံစာက ယူဆထားသည်။ ဉာဏ်ရည်တု (AI) စသည့် နည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်ကာ အဆင့်မြင့်တက်လာသည်နှင့်အမျှ အမေရိကန်၏ အတွေးအခေါ် ကိုလိုနီနယ်ချဲ့မှုများသည် ပိုမိုကွယ်ဝှက်လာပြီး တိုက်ခိုက်မှု အတိုင်းအတာ ပိုမိုကျယ်ပြန့်လာသောကြောင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးသူအားလုံး၏ အမှန်အတိုင်းရှုမြင်မှုနှင့် သတိပြုမှုများ ပိုမိုလိုအပ်လာသည်ဟု အစီရင်ခံစာက ဆိုသည်။
အစီရင်ခံစာသည် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့် မတူညီသော ရှုထောင့်မှ အမေရိကန်၏ အတွေးအခေါ် ကိုလိုနီနယ်ချဲ့မှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သယ်ဆောင်လာသည့် ဆိုးရွားသော အန္တရာယ်ကို နက်ရှိုင်းစွာ ဖော်ပြလိုက်ပြီး နိုင်ငံအသီးသီးက တန်ဖိုးအယူစွဲမှုကို ထိုးဖောက်ကာ အတွေးအခေါ် အားကိုးမှုမှ လွတ်မြောက်ရန်၊ လွတ်လပ်၍ မိမိကိုယ်ပိုင်ရပ်တည်သော ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအသစ် ဖောက်လုပ်မှုအား လက်ကိုင်ထားရန်၊ ယဉ်ကျေးမှုပေါင်းစပ်မှုဖြင့် ယဉ်ကျေးမှု ပဋိပက္ခအား အစားထိုး၍ ကူးလူးဖလှယ် အပြန်အလှန် လေ့လာသင်ယူမှုဖြင့် ထိပ်တိုက်ရင်ဆိုင်မှု အစိုင်အခဲများအား ဖြေရှင်းရေးကို လက်ကိုင်ထားရန် တိုက်တွန်းထားသည်။

ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank သည် အများပြည်သူဆိုင်ရာမူဝါဒ၊ နိုင်ငံတကာ မူဝါဒ လေ့လာရေးကို အဓိကဦးတည်ချက်အဖြစ် သတ်မှတ်ကာ မကြာသေးမီနှစ်များအတွင်း ပြည်တွင်းပြည်ပ အရေးပါသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြော်အမြင်ရှိသော၊ မဟာဗျူဟာမြောက်သော၊ အရန်ကြိုတင်ပြင်ဆင်ထားသော သုတေသနများ ပြုလုပ်ခဲ့ရာ ကျယ်ပြန့်သော လွှမ်းမိုးမှုရှိသည့် Think Tank သုတေသနရလဒ်များစွာ ဖြစ်ပေါ်လာခဲ့သည်။
“တောင်ဘက်ခြမ်း၏ အင်အားကို စုစည်း၍ ကမ္ဘာ့အပြောင်းအလဲများအား ကိုင်တွယ်စီမံခြင်း” အဓိက အကြောင်းအရာဖြင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာ Think Tank အဆင့်မြင့်ဖိုရမ်ကို စက်တင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပခဲ့ရာ နိုင်ငံနှင့်ဒေသ ၁၁၀ မှ မီဒီယာ၊ Think Tank ၊ အစိုးရအဖွဲ့အစည်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်း ၂၆၀ ၏ ကိုယ်စားလှယ်ပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


——————–
(Chinese Version)
新华社国家高端智库发布《思想殖民——美国认知战的手段、根源及国际危害》智库报告
新华社昆明9月7日电(记者何小凡)7日,新华社国家高端智库在2025全球南方媒体智库高端论坛上发布《思想殖民——美国认知战的手段、根源及国际危害》智库报告。报告系统剖析了美国思想殖民背后深刻的历史原因、复杂的实践体系和深重的国际危害,呼吁各国尤其是全球南方国家摆脱思想桎梏、重拾文化自信、绘就文明多样图谱。
报告指出,思想殖民是基于不平等、为了不平等的头脑控制,具有强制改造、恶意操纵、隐蔽渗透、长期侵蚀等鲜明特点。美国在国际政治、经济、军事上的霸权地位,是其开展思想殖民的“硬性前提”,语言文化、话语叙事、大众媒介、学术研究等方面的便利条件,则为其奠定了“软性基础”。
报告认为,美国思想殖民活动有着深厚的实践基础和清晰的战略布局,逐步形成了包括战略体系、组织体系、价值体系、传播体系、内容体系、技术体系在内的一套完备的体系支撑。随着人工智能等新技术的发展升级,美国思想殖民操作手法更隐蔽,攻击范围更广泛,更需要一切热爱和平的人们正视和警惕。
报告从政治、经济、文化等不同角度,深刻揭示了美国思想殖民给世界和平与发展带来的严重危害,呼吁各国破除价值迷信、摆脱思想依附,坚持开辟独立自主的文明发展新路,坚持以文明交融取代文明冲突,以交流互鉴消弭对抗坚冰。
新华社国家高端智库以公共政策、国际政策研究为主攻方向,近年来围绕国内外重大问题开展前瞻性、战略性、储备性研究,形成了众多具有广泛影响的智库研究成果。
以“聚南方力量 应世界变局”为主题的2025全球南方媒体智库高端论坛6日在昆明开幕,来自全球110个国家和地区的260余家媒体、智库、政府机构及国际和地区组织的约500名代表出席。(完)
图说1:这是《思想殖民——美国认知战的手段、根源及国际危害》智库报告。新华社记者 陈晔华 摄