China
ဆင်ဟွာသတင်းဌာနနှင့် ကွမ်ရှီးဒေသ “အာဆီယံစီးပွားရေး Think Tank” အတူတကွ တည်ထောင်

နန်းနင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာနနှင့် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရက တရုတ်နိုင်ငံ နန်းနင်းမြို့တွင် “အာဆီယံစီးပွားရေး Think Tank” အတူတကွ တည်ထောင်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
နှစ်ဖက်အနေဖြင့် ကိုယ်စီ၏ အားသာချက်များကို အပြည့်အဝအသုံးချ၍ Think Tank သုတေသနကဏ္ဍများ ခိုင်မာစေရေး၊ Think Tank နိုင်ငံတကာ ဖြန့်ချိမှု မြှင့်တင်ရေး၊ Think Tank လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်မှု နက်ရှိုင်းရေး၊ Think Tank ဒေတာအချက်အလက် ပူးပေါင်းဆောင်ရွက်မှု စူးစမ်းရှာဖွေရေးနှင့် Think Tank အတူမျှဝေ ကွန်ရက် မြှင့်တင်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု စတင်သွားမည်ဖြစ်သည်။
အာဆီယံသည် တရုတ်နိုင်ငံ အိမ်နီးချင်း သံတမန်ရေးရာ၏ ဦးစားပေးဦးတည်ချက်နှင့် အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတကွ တည်ဆောင်ရေး အဓိကဒေသဖြစ်သည်။ ၂၀၂၅ ခုနှစ်သည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် တည်ထောင်ခြင်း၏ ၁၅ နှစ်ပြည့်ဖြစ်သလို တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဇုန် ၃.၀ ဗားရှင်း၏ စတင်ခြင်းနှစ်လည်းဖြစ်သည်။ “အာဆီယံ စီးပွားရေး Think Tank” ကို အတူတကွ တည်ထောင်ခြင်းသည် အာဆီယံအား မျက်နှာမူသည့် တရုတ်နိုင်ငံ၏ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု ရှေ့ပြေးတံခါးပေါက်ဖြစ်သည့် ကွမ်ရှီး၏ အားသာချက်များ၊ ဆင်ဟွာ သတင်းဌာန၏ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကြက်မှုနှင့် မီဒီယာအခြေခံ နိုင်ငံအဆင့်မြင့် Think Tank ၏ အားသာချက်များကို အသုံးချ၍ နိုင်ငံ၏ အရေးကြီး မဟာဗျူဟာများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
နှစ်ဖက်အနေဖြင့် အားသာချက်အပြန်အလှန်ဖြည့်စွက်ရေး၊ အရင်းအမြစ် အတူတကွမျှဝေမှုရှိသော လုပ်ငန်းယန္တရား ထူထောင်ရေး၊ စူးစမ်းရှာဖွေ၍ ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ထောင်ရေးနှင့် အရည်အသွေးမြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေးကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။
မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ ကုန်သွယ်စီးပွားရေး သွားလာမှုများ နေ့စဉ်နှင့်အမျှ တိုးတက်နီးကပ်လာပြီး ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် အားကောင်းလာခဲ့ရာ တရုတ်နိုင်ငံသည် ၁၆ နှစ်ကာလဆက်တိုက် အာဆီယံ၏ ပထမအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် အနေအထားကို ထိန်းသိမ်းထားခဲ့ပြီး အာဆီယံသည် ၅ နှစ်ဆက်တိုက် တရုတ်နိုင်ငံ၏ ပထမအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ခဲ့သည်။ ယခုနှစ် ပထမ ၇ လတွင် တရုတ်နှင့် အာဆီယံ ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးမှာ ယွမ် ၄.၂၉ ထရီလီယံရှိပြီး ယမန်နှစ် ကာလတူထက် ၉.၄ ရာခိုင်နှုန်းမြှင့်တက်လာခဲ့ရာ တရုတ်နိုင်ငံ ပြည်ပကုန်သွယ်မှု စုစုပေါင်းတန်ဖိုး၏ ၁၆.၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ (Xinhua)
………………………….
(Chinese Version)
新华社与广西共建“东盟经济智库”
新华社南宁9月7日电(记者范超)9月7日,新华通讯社与广西壮族自治区人民政府在南宁就共建“东盟经济智库”签署合作框架协议。根据协议,双方将充分发挥各自优势,围绕加强智库课题研究、扩大智库国际传播、深化智库人才培养、探索智库数据信息合作和推进智库共享网络等领域开展合作。
东盟是我国周边外交的优先方向和高质量共建“一带一路”重点地区。2025年是中国—东盟自贸区成立15周年,也是中国—东盟自贸区3.0版的开篇之年。共建“东盟经济智库”将有利于发挥广西作为我国面向东盟开放合作前沿窗口的优势,以及新华通讯社全球布局和媒体型国家高端智库优势,更好地服务国家重大战略。
双方将探索建立优势互补、资源共享的工作机制,为更好服务构建更为紧密的中国—东盟命运共同体和高质量共建“一带一路”履职尽责。
近年来,中国同东盟国家的经贸往来日益密切,各领域务实合作不断增强,中国已连续16年保持东盟第一大贸易伙伴地位,东盟连续5年成为中国第一大贸易伙伴。今年前7个月,中国与东盟贸易总值为4.29万亿元,同比增长9.4%,占我国外贸总值的16.7%。(完)