Connect with us

China

တရုတ်နှင့် အာဆီယံ နှစ်ဖက်အပြန်အလှန် ရင်းနှီးမြုပ်နှံမှုစုစုပေါင်း ကန်ဒေါ်လာ ၄၅၀ ဘီလီယံကျော်ရှိ

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းနိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်-အာဆီယံ ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၅၉၇ ဘီလီယံထိ ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၈.၂ ရာခိုင်နှုန်း တိုးတက်ကာ ကာလတူ တရုတ်နိုင်ငံ ပြည်ပကုန်သွယ်ရေး စုစုပေါင်းတန်ဖိုး၏ ၁၆.၇ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ တရုတ်-အာဆီယံ နှစ်ဖက်အပြန်အလှန် ရင်းနှီးမြုပ်နှံမှုစုစုပေါင်းသည် ကန်ဒေါ်လာ ၄၅၀ ဘီလီယံကျော်ရှိခဲ့ပြီး တရုတ်ကုမ္ပဏီလုပ်ငန်းများသည် အာဆီယံ၌ ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်း စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၄၈၀ ဘီလီယံ ပြီးစီးခဲ့သည်။
၎င်းသတင်းအချက်အလက်ကို စက်တင်ဘာ ၈ ရက်တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) မှ သတင်းထောက် သိရှိခဲ့သည်။
ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ယန်းတုန်းက တရုတ်နိုင်ငံသည် ၁၆ နှစ်ဆက်တိုက် အာဆီယံ၏ ပထမအကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်အဖြစ် ထိန်းသိမ်းထားပြီး အာဆီယံသည် ၅ နှစ်ဆက်တိုက် တရုတ်၏ ပထမဆုံး အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်လာကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်သည် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် စင်ကာပူ စသည့် အာဆီယံနိုင်ငံ ၅ နိုင်ငံအားလုံးနှင့် နှစ်ဖက်ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်စီရှိခဲ့ပြီး ယင်းအနက်က ဗီယက်နမ်၊ မလေးရှားတို့နှင့် နှစ်ဖက်ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော်ခဲ့ပြီဖြစ်ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

“တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန် 3.0 ဗားရှင်း စေ့စပ်ညှိနှိုင်းမှုတွေ ဘက်စုံ ပြီးမြောက်ခဲ့ပြီး ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံဆိုင်ရာ “hard connectivity” နဲ့ စည်းမျဉ်းစည်းကမ်း၊ စံနှုန်းများဆိုင်ရာ “soft connectivity” တို့ ပါဝင်တဲ့ ကွင်းဆက်အားလုံးပူးပေါင်းဆောင်ရွက်မှုမူဘောင်ကို ပထမဆုံးအကြိမ် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ခဲ့ရာ စည်းမျဉ်းစည်းကမ်းတွေ အဆင့်မြှင့်တင်မှုကို အကောင်အထည်ဖော်နိုင်ခဲ့တယ်” ဟု ယန်းတုန်းက ဆိုသည်။ ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာ ရှေ့ဆက်တိုးနေနှင့်အမျှ ကုန်သွယ်ရင်းနှီးမြုပ်နှံမှု လွယ်ကူချောမွေ့စေရေး စနစ်၏ အကျိုးကျေးဇူးများ တစ်ဆင့်တိုး ထွက်ပေါ်လာကာ တရုတ်-အာဆီယံ ဒေသတွင်း စီးပွားရေး တစ်သားတည်း ကဏ္ဍများ စဉ်ဆက်မပြတ် ကျယ်ပြန့်လာပြီး အဆင့်အလွှာများ အဆက်မပြတ် နက်ရှိုင်းလာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် “ဒစ်ဂျစ်တယ်၊ ဉာဏ်ရည်တုက ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးကာ ဆန်းသစ်တီထွင်မှုက အနာဂတ်ကို ဦးဆောင်ခြင်း- တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် 3.0 ဗားရှင်း အခွင့်အလမ်းသစ်များဖြင့် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ကူညီပေး” ဟူသော ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံ ၄၅ နိုင်ငံမှ ကုမ္ပဏီလုပ်ငန်းပေါင်း ၃၂၀၀ ခန့် ပါဝင်ပြသမည်ဖြစ်သည်။ ယခုအကြိမ် ပြပွဲတွင် ဉာဏ်ရည်တု၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားဆိုင်ရာ အထူးပြခန်း၊ အဏ္ဏဝါစီးပွားရေး၊ အရည်အသွေးမြင့် ပို့ကုန်ပစ္စည်းများ စသည့် ပြခန်းနေရာများ အသစ်ထည့်သွင်းထားပြီး တရုတ်နှင့် အာဆီယံနိုင်ငံများကြား ပူပေါင်းဆောင်ရွက်မှု၏ နောက်ဆုံး အောင်မြင်မှုရလဒ်များကို စုစည်းပြသသွားမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ချင်းကျိုးဆိပ်ကမ်း ကွန်တိန်နာ အလိုအလျောက်ဆိပ်ကမ်းတွင် စမတ်ကားများ ကွန်တိန်နာများကို သယ်ယူနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
中国同东盟累计双向投资超4500亿美元
新华社北京9月8日电(记者黄韬铭、谢希瑶)今年1至7月,中国同东盟贸易规模达5970亿美元,同比增长8.2%,占同期中国外贸总额的16.7%。截至2025年7月,中国同东盟累计双向投资超4500亿美元,中国企业在东盟累计完成工程承包额4800亿美元。
这是记者8日从国务院新闻办公室举行的新闻发布会上获悉的。
商务部副部长鄢东介绍,中国连续16年保持东盟第一大贸易伙伴,东盟连续5年成为中国第一大贸易伙伴。2024年,中国与越南、马来西亚、印度尼西亚、泰国、新加坡等5个东盟国家双边贸易额均突破千亿美元,其中,与越南、马来西亚的双边贸易额已突破两千亿美元。
“中国-东盟自贸区3.0版谈判全面完成,首次系统性构建覆盖数字基础设施‘硬联通’与规则标准‘软联通’的全链条合作框架,实现规则升级。”鄢东说,随着合作稳步推进,贸易投资便利化的制度红利进一步释放,中国—东盟区域经济一体化领域不断拓宽,层次不断加深。
第22届中国—东盟博览会以“数智赋能发展,创新引领未来——以中国-东盟自贸区3.0版新机遇助建命运共同体”为主题,将于9月17日至21日在广西南宁举办,45个国家约3200家企业参展。本届东博会新设人工智能专馆、新质生产力专馆和蓝色经济、外贸优品等展区,集中展示中国同东盟国家合作的最新成果。(完)
图说1:这是2024年 9月28日拍摄的广西南宁国际会展中心。第21届中国—东盟博览会在这里举行。新华社记者 陆波岸 摄
图说2:在钦州港集装箱自动化码头,智能小车在转运集装箱(2024年8月27日摄,无人机照片)。新华社记者 张爱林 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.