Connect with us

China

လောင်ဟူကိုးဒေသတွင် တောင်တန်းတစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ထား

တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ပေ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ မန်ယွမ် ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်အတွင်းရှိ လောင်ဟူကိုးဒေသတွင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ဂေဟစီမံထိန်းသိမ်းရေးဝန်ထမ်းများ ချီလျန်တောင်၌ ကင်းလှည့် ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မန်ယွမ် (ချင်းဟိုင်)၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ချီလျန်တောင်တန်းသည် တရုတ်နိုင်ငံ အနောက်ပိုင်း၏ အရေးပါသော ဂေဟလုံခြုံရေး အကာအကွယ်ဖြစ်ရာ အနောက်မြောက်ပိုင်းဒေသ ဂေဟစနစ်တည်ငြိမ်မှုနှင့် ဆက်နွှယ်နေပေသည်။ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ပေ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ မန်ယွမ် ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ချီလျန်တောင် အမျိုးသားဥယျာဉ် (လျာထားရာနေရာ) ချင်းဟိုင်ဧရိယာတွင် မန်ယွမ်ခရိုင် ပြည်သူ့လုံခြုံရေးဌာန ဟောက်မန်သစ်တောရဲစခန်း၊ လောင်ဟူကိုးဒေသဂေဟရေးရာရဲတပ်ဖွဲ့ရုံးသည် ချီလျန်တောင်အမျိုးသားဥယျာဉ်၏ ချင်းဟိုင်ဒေသတွင် တည်ထောင်ခဲ့သော ပထမဆုံး ဂေဟရေးရာရဲတပ်ဖွဲ့ရုံးဖြစ်သည်။

ရဲတပ်ဖွဲ့ရုံးထူထောင်ချိန်မှစ၍ အရပ်ဘက်အရန်ရဲတပ်ဖွဲ့ဝင်များသည် ချီလျန်တောင် အချက်အချာနေရာတွင် အခြေချထားပြီး ရာသီဥတုပြင်းထန်စွာ အေးခဲသည်ဖြစ်စေ ချစ်ချစ်တောက် ပူပြင်းသည်ဖြစ်စေ ၎င်းတို့သည် တစ်နှစ်ပတ်လုံး တောင်တန်းများနှင့် မြစ်များကိုဖြတ်၍ ဂေဟစနစ်ဆိုင်ရာ ကင်းလှည့်မှုများကို ပြုလုပ်ကာ မြင့်မားသောပင်လယ်ရေမျက်နှာပြင်အထက် အောက်ဆီဂျင်ချို့တဲ့သည့် ပတ်ဝန်းကျင်တွင် အမျိုးသားဥယျာဉ်ရှိ သေးငယ်သော မြက်ပင်၊ သစ်ပင်လေးမှပင် ထိန်းသိမ်းကာကွယ်ပေးလျက် ချီလျန်တောင်တန်းအတွက် ဂေဟလုံခြုံမှုကာကွယ်ရေးစည်းမျဉ်းကို တည်ဆောက်ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ပေ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ မန်ယွမ် ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်အတွင်းရှိ လောင်ဟူကိုးဒေသတွင် မှန်ဘီလူးဖြင့် အဝေးကို စစ်ဆေးကြည့်ရှုနေသော ပြည်သူ့ရဲတပ်ဖွဲ့ဝင် ကောကျန့်ရဲ့အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
老虎沟里守护一座山
新华社照片,门源(青海),2026年1月9日
祁连山是中国西部重要的生态安全屏障,维系着西北地区生态系统的稳定。在位于青海省海北藏族自治州门源回族自治县的祁连山国家公园候选区青海片区内,门源县公安局浩门森林公安派出所老虎沟生态警务室是祁连山国家公园候选区青海片区设立的首个生态警务室。
警务室成立以来,民辅警们扎根祁连山腹地,无论严寒酷暑,常年跋山涉水开展生态巡查,在高寒缺氧的环境中,守护着国家公园的一草一木,筑起祁连山生态安全防线。
图说1:1月8日,在青海省海北藏族自治州门源回族自治县境内的老虎沟,民警和生态管护员在巡护祁连山。新华社记者 齐芷玥 摄
图说2:1月9日,在青海省海北藏族自治州门源回族自治县境内的老虎沟,民警郭建业在用望远镜查看远处。新华社记者 张龙 摄