Connect with us

China

အမေရိကန်အနေဖြင့် ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် မည်သည့်အတင်းအကျပ်ဖိအားပေးသော ပုံစံကိုမဆို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် ကျူးဘားနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့မှုများကို ရှုတ်ချသော ကြော်ငြာဘုတ်အရှေ့မှ ဖြတ်လျှောက်သွားသူများအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်အနေဖြင့် ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် မည်သည့်အတင်းအကျပ်ဖိအားပေး သောပုံစံကိုမဆို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက လက်တင်အမေရိကရေးရာများတွင် အမေရိကန်ဝင်ရောက်စွက်ဖက်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချကြသော်ငြားလည်း အမေရိကန်သမ္မတသည် ဇန်နဝါရီ ၁၁ ရက်တွင် ကျူးဘားပြည်သူများနှင့် အစိုးရအပေါ် ခြိမ်းခြောက်မှုအသစ်များ ထုတ်ပြန်ခဲ့ရာ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။
ကျူးဘားနိုင်ငံက အမျိုးသားအချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပြင်ပဝင်ရောက်စွက်ဖွက်မှုများအား ဆန့်ကျင်ခြင်းတို့ကို တရုတ်နိုင်ငံအနေဖြင့်အခိုင်အမာ ထောက်ခံကြောင်း၊ အမေရိကန်အနေဖြင့် ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် မည်သည့်အတင်းအကျပ်ဖိအားပေးသော ပုံစံကိုမဆို ချက်ချင်းရပ်တန့်ပြီး ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးပြုသော ကိစ္စရပ်များကို ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

……………………….
(Chinese Version)
外交部:敦促美方立即停止对古巴封锁制裁和任何形式的胁迫
新华社北京1月12日电(记者邵艺博、董雪)外交部发言人毛宁1月12日表示,中方敦促美方立即停止对古巴封锁制裁和任何形式的胁迫。
当日例行记者会上,有记者问:尽管国际社会对美国干预拉美事务予以谴责,美国总统11日还是对古巴人民和政府发出了新的威胁。中方对此有何评论?
毛宁说,中方坚定支持古巴维护国家主权和安全、反对外来干涉,敦促美方立即停止对古巴封锁制裁和任何形式的胁迫,多做有利于地区和平稳定的事。(完)
图说1:2025年11月5日,在古巴首都哈瓦那,行人从谴责美国对古巴封锁的宣传牌前走过。新华社发(华金·埃尔南德斯摄)