Connect with us

China

ဝမ်ရိနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Anita Anand တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Anita Anand တို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Anita Anand တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ဝန်ကြီးချုပ် မာ့ခ်ကာနီ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်လိုက်ခြင်းသည် ကနေဒါဝန်ကြီးချုပ်၏ ၈ နှစ်ကြာမြင့်ပြီးနောက် တရုတ်နိုင်ငံသို့ လာရောက်ခြင်းဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အချိုးအကွေ့၊ အထင်ကရ အနက်အဓိပ္ပာယ်ရှိကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် အလားအလာအသစ်များ ဖွင့်လှစ်ပေးမည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကနေဒါဘက်နှင့်အတူ ညှိနှိုင်းဆွေးနွေးမှု မြှင့်တင်ရန်၊ ယုံကြည်မှု တိုးမြှင့်ရန်၊ နှောင့်ယှက်မှုများ ဖယ်ရှားရန်၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ နှစ်ဖက်ဆက်ဆံရေးအား အခြေအနေအသစ်တွင် တည်ငြိမ်စွာ၊ လက်တွေ့ကျစွာ၊ ကောင်းမွန်စွာ လျှောက်လှမ်းရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

Anand က ကနေဒါအစိုးရအသစ်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားကြောင်း၊ ယခုအကြိမ်ခရီးစဉ်မှတစ်ဆင့် ကဏ္ဍအသီးသီး အပြန်အလှန်ဆွေးနွေးမှုများ ပြန်လည်စတင်ရန်၊ ပိုမိုများပြားသော အပြန်အလှန်အကျိုးပြုသော ရလဒ်များ ရရှိရန်၊ နိုင်ငံစုံရေးရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
王毅会见加拿大外长阿南德
新华社北京1月15日电 中共中央政治局委员、外交部长王毅15日在北京会见加拿大外长阿南德。
王毅表示,卡尼总理开启了访华行程,这是加拿大总理时隔8年访华,对两国关系具有转折性、标志性意义。两国领导人将举行会见会谈,相信将为双边关系开辟新前景。中方愿同加方加强沟通,增进信任,排除干扰,深化合作,推动双边关系在新形势下走稳、走实、走好。
阿南德表示,加新政府高度重视对华关系。期待通过此访重启各领域对话,推进达成更多互利成果,加强多边事务协调合作。(完)
图说1:1月15日,中共中央政治局委员、外交部长王毅在北京会见加拿大外长阿南德。 新华社记者 李鑫 摄