Connect with us

China

အရောင်အသွေးစုံလင်သော ရှီရှားအိုး (hookah) များ အန်းဟွေးပြည်နယ် ထျန်းချန်မြို့က မြို့နယ်လေးမှ ကမ္ဘာသို့ ပျံ့နှံ့

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ထျန်းချန်မြို့ စီလျန်မြို့နယ်ရှိ စီဖုန်းဖန် ကုမ္ပဏီလိမိတက် စက်ရုံတွင် အလုပ်သမားများ ရှီရှားအိုး (hookah) ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းချန် (အန်းဟွေး)၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ထျန်းချန်မြို့ ရှီးလျန်မြို့နယ်သည် အနုပညာဖန်ချက် လုပ်ငန်းတွင် ရိုးရာကျွမ်းကျင်မှုအပေါ် အခြေခံ၍ ထူးခြားသော ရှီရှားအိုး (hookah) လုပ်ငန်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။
လက်ရှိတွင် အဆိုပါမြို့နယ်တွင် ရှီရှားအိုးနှင့်ဆက်စပ်သော ကုမ္ပဏီလုပ်ငန်း ၁၀ ခုရှိရာ နိုင်ငံတစ်ဝန်း ရှီရှားအိုးထုတ်လုပ်မှုစွမ်းရည်၏ ၈၀ ရာခိုင်နှုန်း နီးပါးရှိပြီး နှစ်စဉ်ရောင်းအားသည် ယွမ် သန်း ၅၀၀ ခန့်ရှိသည်။ ၎င်းသည် ကုန်ကြမ်းဝယ်ယူခြင်း၊ ဒီဇိုင်းတီထွင်ခြင်းနှင့် ကုန်ချောထုတ်လုပ်ခြင်းမှသည် အချောထည်ရောင်းချခြင်းအထိ ပြီးပြည့်စုံသော ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထုတ်လုပ်ထားသော ရှီရှားအိုးများကို အဓိကအားဖြင့် အရှေ့အလယ်ပိုင်း၊ ဥရောပ စသည့်ဒေသများသို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။ (Xinhua)

………………………………….
(Chinese Version)
安徽天长:多彩水烟壶 从小镇走向世界
新华社照片,天长(安徽),2026年1月15日
近年来,安徽省天长市石梁镇依托工艺玻璃行业的传统积淀发展特色水烟壶产业。目前,该镇现有水烟壶相关企业10家,水烟壶产能占全国近80%,年销售额约5亿元,形成了从原料采购、设计研发、生产加工到成品销售的全链条产业布局,生产的水烟壶以出口为主,远销中东、欧洲等地区。
图说:在安徽省天长市石梁镇石峰玻璃有限公司工厂,工人在制作水烟壶(1月14日摄)。 新华社记者 杜宇 摄