China
ဂျပန်စစ်ဝါဒ ပြန်လည်ရှင်သန်လာခြင်းနှင့် “ထပ်မံ၍ စစ်ရေးအသွင်ပြောင်းခြင်း” ကို ပြတ်ပြတ်သားသား ဖယ်ကြဉ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
ဂျပန်နှင့် ဖိလစ်ပိုင်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အရှေ့တောင်အာရှနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် ဂျပန်၏ စစ်ရေး၊ လုံခြုံရေး လှုပ်ရှားမှုများအပေါ် ဝေဖန်သံများ အဆက်မပြတ်ရှိနေကာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံများနှင့် ပြည်သူများအားလုံးအနေဖြင့် ဂျပန်စစ်ဝါဒ ပြန်လည်ရှင်သန်လာခြင်းနှင့် “ထပ်မံ၍ စစ်ရေးအသွင်ပြောင်းခြင်း” ကို ပြတ်ပြတ်သားသား ဖယ်ကြဉ်သင့်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်သင့်ကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် စစ်ရေးထောက်ပံ့ပို့ဆောင်ရေး အပြန်အလှန် ကူညီပေးသော ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် မကြာသေးမီရက်က သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ဂျပန်ဘက်က နှစ်ဖက်၏ “မဟာမိတ်ဖြစ်ရန် အလားအလာရှိသော ဆက်ဆံရေး” ဆိုသည်ကို မြှင့်တင်ရန် ဖိလစ်ပိုင်ထံ လုံခြုံရေးအကူအညီအတွက် ဒေါ်လာသန်းပေါင်းများစွာ ပေးအပ်သွားမည်ဟု ဆိုခဲ့ကြောင်း၊ အကယ်၍ သဘောတူညီချက် သက်ဝင်မှုရှိပါက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအပေါ် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများကို တရုတ်အနေဖြင့် မည်သို့ သုံးသပ်ပါသနည်းဟု မေးမြန်းခဲ့သည်။
ကောကျားခွန်းက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံများအကြား လုပ်ဆောင်သော ပူးပေါင်းဆောင်ရွက်မှုသည် တတိယနိုင်ငံကို ပစ်မှတ်မထားသင့် သို့မဟုတ် တတိယနိုင်ငံ အကျိုးစီးပွားကို မထိခိုက်စေသင့်သလို ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကိုလည်း မဖျက်ဆီးသင့်ဟု အစဉ်ယူဆကြောင်း ပြောကြားခဲ့သည်။
“ဂျပန်စစ်ဝါဒီသည် ဒုတိယကမ္ဘာစစ်အတွင်း ဖိလစ်ပိုင်ကို ကျူးကျော်ခဲ့ဖူးပြီး လက်နက်အင်အား၊ အတင်းအဓမ္မနည်းလမ်းတွေနဲ့ ဖိလစ်ပိုင်ပြည်သူနဲ့ မဟာမိတ်စစ်သားတွေကို နှိပ်စက်ညှဉ်းပန်းကာ တရုတ်သံတမန်နဲ့ ကောင်စစ်ဝန်ရုံးအရာရှိတွေကို ရက်စက်စွာသတ်ဖြတ်ခဲ့တယ်။ ဒီသမိုင်းကို မဖြစ်မနေ နှလုံးသွင်းမှတ်သားရမယ်၊ ဒီသွေးကြွေးတွေကို ရအောင် ပေးဆပ်ရမည်၊ ဒီလိုရာဇ၀တ်မှုများကို မဖြေမနေ စာရင်းရှင်းရမယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် ဂျပန်၏ စစ်ရေး၊ လုံခြုံရေး လှုပ်ရှားမှုများအပေါ် ဝေဖန်သံများ အဆက်မပြတ်ရှိနေသော်လည်း ဂျပန်ဘက်သည် အမှားကို ပြန်လည်သုံးသပ်ပြီး ထိန်းထိန်းသိမ်းသိမ်း မလုပ်သည့်အပြင် ဆင်ခြေများကို ဖန်တီးခြင်း၊ စစ်ရေး လက်နက် တိုးချဲ့ပြင်ဆင်ခြင်းများ ပြုလုပ်ကာ သေစေနိုင်သောလက်နက်များ တင်ပို့ခဲ့ကြောင်း၊ ယင်းက ဂျပန် လက်ယာယိမ်းအင်အားစု၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” ကို မြှင့်တင်ရန်နှင့် စစ်ရေးတိုးချဲ့မှုလမ်းကြောင်းဟောင်းကို ပြန်သွားရန် ကြိုးပမ်းမှုများကို ထုတ်ဖော်ပြသခဲ့ကြောင်း၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံများနှင့် ပြည်သူများအားလုံးအနေဖြင့် ဂျပန်စစ်ဝါဒ ပြန်လည်ရှင်သန်လာခြင်းနှင့် “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” ကို ပြတ်ပြတ်သားသား ဖယ်ကြဉ် သင့်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်သင့်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ပြင်ပ၌ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသော ပြည်သူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………………
(Chinese Version)
外交部:坚决抵制日本军国主义死灰复燃和“再军事化”
新华社北京1月16日电(记者邵艺博、冯歆然)针对日本和菲律宾加强军事合作,外交部发言人郭嘉昆1月16日表示,东南亚国家和国际社会对日本军事安全动向批评声音不断,所有爱好和平的国家和人民都应该坚决抵制日本军国主义死灰复燃和“再军事化”,维护地区和平稳定。
当日例行记者会上,有记者问:日本与菲律宾近日签署协议,加强军事后勤互助合作。日方称将向菲提供数百万美元安全援助,以加强双方所谓“准同盟关系”。请问中方对此有何评论?若协议生效,中方如何评估对地区和平稳定可能造成的影响?
郭嘉昆表示,中方一贯认为,国家间开展合作不应针对第三方或损害第三方利益,不应破坏地区和平与稳定。
郭嘉昆说:“日本军国主义曾在二战期间侵略菲律宾,以武力和胁迫手段迫害菲律宾人民和盟国军人,残忍杀害中国外交领事官员。这一历史必须铭记,这些血债必须偿还,这类罪行必须清算。”
郭嘉昆说,东南亚国家和国际社会对日本军事安全动向批评声音不断,日方不但不反省收敛,反而编造借口、扩军备武,出口杀伤性武器,暴露出日本右翼势力推动“再军事化”、重走军事扩张老路的企图。所有爱好和平的国家和人民都应该坚决抵制日本军国主义死灰复燃和“再军事化”,维护地区和平稳定。(完)
图说2:12月23日,在日本东京的首相官邸前,民众参加抗议集会。新华社记者 贾浩成 摄
