China
ယွိလုန်နှင်းတောင်ခြေက တောင်ပေါ်ရွာလေး၏ အပြောင်းအလဲ
လိကျန်း (ယူနန်)၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
ယွိဟူရွာသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့ ယွိလုန် နာ့ရှီးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ပိုင်ရှားမြို့နယ်တွင် တည်ရှိပြီး ယွိလုန်နှင်းတောင်ခြေတွင် တည်ရှိကာ နာ့ရှီးလူမျိုးများ အစောဆုံးအခြေချနေထိုင်ခဲ့သောနေရာများအနက် တစ်ခုဖြစ်သည်။ ၎င်း၏ ပင်လယ်ရေမျက်နှာပြင်အထက်မြင့်မားသောနေရာတွင်ရှိမှု၊ မြေဆီလွှာချို့တဲ့မှု၊ သယ်ယူပို့ဆောင်ရေးအဆင်မပြေမှုနှင့် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးမှုနည်းပါးခြင်းတို့ကြောင့် ယွိဟူရွာသည် တစ်ချိန်က လိကျန်းရှိ ဆင်းရဲနွမ်းပါးဆုံးရွာများအနက် တစ်ရွာဖြစ်ခဲ့သည်။
မကြာသေးမီနှစ်များတွင် ယွိဟူရွာသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးတို့ကို စုစည်းစီမံလျက် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်ကာ အများပြည်သူဝန်ဆောင်မှုအဆင့်ကို မြှင့်တင်ခဲ့သည်။ နာ့ရှီးလူမျိုး ယဉ်ကျေးမှု ထူးခြားချက်နှင့် သဘာဝကပေးစွမ်းသော သဘာဝရှုခင်းများကို အမှီပြုကာ ရိုးရာယဉ်ကျေးမှုအတွေ့အကြုံခြံဝန်းများ၊ ရေကန်ဘေးမြင်းစီးကွင်းများ၊ ဂေဟစနစ်ခရီးသွားလုပ်ငန်းစသည့် စီမံကိန်းများကို ဖန်တီးဖော်ဆောင်ခဲ့သည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ အထောက်အပံ့များကို တိုးတက်ကောင်းမွန်အောင်စေခြင်း၊ အမျိုးစုံလင်သော စီးပွားရေးလုပ်ငန်းပုံစံများကို ကြွယ်ဝစေခြင်းဖြင့် ပြင်ပသို့ ထွက်ခွာအလုပ်လုပ်နေသည့် ရွာခံများကို မိမိတို့၏ မွေးရပ်မြေသို့ ပြန်လာ၍ အလုပ်အကိုင်ရှာဖွေရန်နှင့် ကိုယ်ပိုင်လုပ်ငန်း စတင်ရန် ဆွဲဆောင်လျက်ရှိသည်။
ခမ်းနားလှပလှသော ယွိလုန်နှင်းတောင်၊ ကျောက်နံရံ စိမ်းပြာရောင်အုတ်ကြွပ်ပြားများရှိသော နာ့ရှီးနေထိုင်သူများက နှင်းတောင်ကျေးရွာစု၏ ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်အလားအလာပုံကို ရေးဆွဲခဲ့ပြီး ကမ္ဘာ့နေရာအသီးသီးမှ ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ယွိဟူရွာသည် ခရီးသွားဧည့်သည်အကြိမ်ရေ ၁,၂၀၀,၀၀၀ ခန့် လက်ခံခဲ့ပြီး ဘက်စုံ ခရီးသွားလုပ်ငန်းဝင်ငွေမှာ ယွမ် ၇၅ သန်းအထိ ရရှိခဲ့သည်။ ရွာသူရွာသားတစ်ဦး၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေမှာ ၂၀၁၉ ခုနှစ်တွင် ယွမ် ၁၃,၀၀၀ မှ လက်ရှိတွင် ယွမ် ၃၅,၀၀၀ အထိ မြင့်တက်လာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့ ယွိလုန် နာ့ရှီးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ပိုင်ရှားမြို့နယ် ယွိဟူကျေးရွာရှိ မြင်းစီးကွင်းတွင် ခရီးသွားဧည့်သည်များ လည်ပတ်ဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)







……………………..
(Chinese Version)
玉龙雪山下的山村变迁
新华社照片,丽江(云南),2026年1月19日
玉湖村位于云南省丽江市玉龙纳西族自治县白沙镇,坐落于玉龙雪山脚下,是纳西族先民最早的聚居地之一。因位于高海拔地区,土地贫瘠、交通不便,农业产业发展落后,玉湖村曾是丽江最为贫困的村庄之一。
近年来,玉湖村统筹经济发展与生态保护,持续推进基础设施建设,提升公共服务水平;依托纳西族文化特色和得天独厚的自然景观,打造民俗文化体验院落、湖畔马场、生态观光等项目,完善旅游配套、丰富多元业态,吸引越来越多外出村民返乡就业、创业。
巍峨壮丽的玉龙雪山、石墙青瓦的纳西民居,勾勒出雪山村落的振兴图景,吸引着来自世
界各地的游客。2025年,玉湖村共接待游客约120万人次,综合旅游收入达7500万元,村民人均年收入从2019年的1.3万元增加到目前的3.5万元。
图说1:这是1月18日在丽江市玉龙纳西族自治县白沙镇玉湖村拍摄的玉龙雪山日出景色(无人机照片)。 新华社记者 高咏薇 摄
图说2:1月17日,游客在丽江市玉龙纳西族自治县白沙镇玉湖村的马场内拍照游览。新华社记者 王冠森 摄
