Connect with us

China

တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီလုပ်ငန်းများ၏ အောင်မြင်မှုဇာတ်လမ်းများက တရုတ်နှင့် အမေရိကန်အကြား “ပူးပေါင်းဆောင်ရွက်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းမည်” ဟူသော အချက်ကို သက်သေပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများ၏ အောင်မြင်မှုဇာတ်လမ်းများက တရုတ်နှင့် အမေရိကန်အကြား “ပူးပေါင်းဆောင်ရွက်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းမည်” ဟူသော အချက်ကို သက်သေပြုခဲ့ကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ် ကောင်းမွန်ပြီး စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းသည် နှစ်ဖက်စလုံး၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိကြောင်း၊ အမေရိကန်ကုမ္ပဏီလုပ်ငန်းများအပါအဝင် နိုင်ငံအသီးသီးမှ ကုမ္ပဏီလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ “အခွင့်အလမ်းစာရင်း” ကို ဆုပ်ကိုင်ရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း၏ မကြာသေးမီရက်က ထုတ်ပြန်သော စစ်တမ်းရလဒ်တွင် တရုတ်ဈေးကွက်တိုးတက်မှုအပေါ် အကောင်းမြင်သော ဖြေကြားသူ တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများအချိုးအစားမှာ သိသိသာသာမြင့်တက်လာပြီး ကုမ္ပဏီထက်ဝက်ကျော်သည် လွန်ခဲ့သည့်နှစ်က အကျိုးအမြတ် သို့မဟုတ် သိသာထင်ရှားသော အကျိုးအမြတ်များ ရရှိရန် ခန့်မှန်းထားကြောင်း၊ ကုမ္ပဏီလုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများကို ရွှေ့ပြောင်းရန် မစဉ်းစားဘဲ ကုမ္ပဏီ ၆၀ ရာခိုင်နှုန်း နီးပါးက တရုတ်နိုင်ငံတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်ဟု သတင်းအရ သိရကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ ပြည်တွင်းထုတ်လုပ်မှုစုစုပေါင်းတန်ဖိုး (GDP) သည် ယွမ် ၁၄၀ ထရီလီယံကျော် ရှိပြီး ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းတိုးတက်လာသည်ဟု နောက်ဆုံးအချက်အလက်များတွင် ဖော်ပြထားကြောင်း၊ တရုတ်နိုင်ငံ၏ ဧရာမဈေးကွက်နှင့် တီထွင်ဖန်တီးထုတ်လုပ်မှုစွမ်းအားက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရုတ်နိုင်ငံသို့ လာရောက်ခင်းကျင်းရန် စဉ်ဆက်မပြတ် ဆွဲဆောင်လျက်ရှိသည်ဟု နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းအများအပြားက ပြောကြားခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။

“ခင်ဗျားဖော်ပြခဲ့တဲ့ သတင်းက တရုတ်ဈေးကွက်ကြီးဟာ ကမ္ဘာကြီးအတွက် ကြီးမားသော အခွင့်အလမ်းဖြစ်တယ်ဆိုတာ ထပ်မံပြသလိုက်တာပါပဲ” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသို့ လာရောက်ခင်းကျင်းခြင်းက အခွင့်အလမ်းများကို ဦးစွာရရှိခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းက ကြွယ်ဝများပြားသော အကျိုးအမြတ်များ ဆောင်ကြဉ်းပေးကြောင်း၊ တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများ၏ အောင်မြင်မှုဇာတ်လမ်းများက တရုတ်နှင့် အမေရိကန်အကြား “ပူးပေါင်းဆောင်ရွက်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းမည်” ဟူသော အချက်ကို သက်သေပြုခဲ့ကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ် ကောင်းမွန်ပြီး စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းသည် နှစ်ဖက်စလုံး၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်သည် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ” အဖွင့်နှစ်ဖြစ်ပြီး တရုတ်နိုင်ငံစီးပွားရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်ရန် အသင့်ပြင်ဆင်ထားပြီး စွမ်းအင်အဆင့်မြှင့်တင်ထားခြင်းက ကမ္ဘာ့စီးပွားရေးအတွက် “တည်ငြိမ်သော မောင်းနှင်အား”၊ “တိုးတက်မှုရှိသော အိုအေစစ်” နှင့် “ဆန်းသစ်တီထွင်မှုရှိသော အစပျိုးရာနေရာ” တို့ကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“အမေရိကန်ကုမ္ပဏီလုပ်ငန်းတွေအပါအဝင် နိုင်ငံအသီးသီးက ကုမ္ပဏီလုပ်ငန်းတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု “အခွင့်အလမ်းစာရင်း” ကို ဆုပ်ကိုင်ပြီး ထရီလီယံနဲ့ချီ အဆင့်ရှိတဲ့ ဈေးကွက်ရဲ့ ‘စူပါအစုရှယ်ယာ’ ကို အတူမျှဝေခံစားဖို့ ကျွန်တော်တို့ကြိုဆိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
外交部:在华美国企业的成功故事印证了中美之间“合则两利”
新华社北京1月19日电(记者袁睿、董雪)外交部发言人郭嘉昆19日表示,在华美国企业的成功故事印证了中美之间“合则两利”,推动中美关系稳定、健康、可持续发展符合双方共同利益,欢迎包括美国企业在内的各国企业抓住中国高质量发展的“机遇清单”。
当日例行记者会上,有记者问:据报道,中国美国商会近日发布的调查结果显示,对中国市场增长持乐观态度的受访在华美企比例显著上升,超过半数去年预计实现盈利或大幅盈利,七成以上企业不考虑转移在华业务,近六成企业计划加大在华投资。最新数据显示,2025年中国国内生产总值(GDP)超过140万亿元,比上年增长5.0%。多家国际金融机构表示,中国超大规模市场和创新生产能力持续吸引外资布局中国。发言人对此有何评论?
“你提到的报道再次表明,中国大市场是世界大机遇。”郭嘉昆说,布局中国就是赢得先机,投资中国带来丰厚回报。在华美国企业的成功故事印证了中美之间“合则两利”,推动中美关系稳定、健康、可持续发展符合双方共同利益。
郭嘉昆表示,今年是“十五五”开局之年,中国经济蓄势待发,动能升级,将继续为世界经济提供“稳定的引擎”“增长的绿洲”和“创新的摇篮”。“我们欢迎包括美国企业在内的各国企业抓住中国高质量发展的‘机遇清单’,共享万亿级市场的‘超级红利’。”(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.