Connect with us

China

ရှီကျင့်ဖိန်က စပိန်ဘုရင် Felipe VI ထံသို့ စပိန်မြန်နှုန်းမြင့်ရထားလမ်းချော်၍ မတော်တဆမှုဖြစ်ပွားသည့်အပေါ် ဝမ်းနည်းနှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စပိန်နိုင်ငံ ဘုရင် Felipe VI ထံသို့ စပိန်မြန်နှုန်းမြင့်ရထားလမ်းချော်၍ မတော်တဆမှုဖြစ်ပွားသည့်အပေါ် ဝမ်းနည်းနှစ်သိမ့်ကြောင်း သဝဏ်လွှာအား ဇန်နဝါရီ ၂၀ ရက်တွင် ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က စပိန်နိုင်ငံ တောင်ပိုင်း ကော်ဒိုဘာပြည်နယ်တွင် မြန်နှုန်းမြင့်ရထား လမ်းချော်၍ တိုက်မိပြီး ကြီးမားသော လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကို ထိတ်လန့်စွာ ကြားသိရကြောင်း၊ မိမိအနေဖြင့် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သေဆုံးသူများအတွက် အထူးဝမ်းနည်းကြောင်းနှင့် သေဆုံးသူမိသားစုဝင်များအား နွေးထွေးစွာ နှစ်သိမ့်ပါကြောင်း၊ ဒဏ်ရာရသူများ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် ဆုတောင်းပါကြောင်း ပြောကြားခဲ့သည်။
ထို့နေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez ထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ (Xinhua)
——————-
(Chinese Version)
习近平就西班牙高速列车脱轨相撞事故向西班牙国王费利佩六世致慰问电
李强向西班牙首相桑切斯致慰问电
新华社北京1月20日电 1月20日,国家主席习近平就西班牙高速列车脱轨相撞事故向西班牙国王费利佩六世致慰问电。
习近平表示,惊悉西班牙南部科尔多瓦省不幸发生高速列车脱轨相撞事故,造成重大人员伤亡。我谨代表中国政府和中国人民,对遇难者表示深切哀悼,向遇难者家属致以诚挚慰问,祝愿伤者早日康复。
同日,国务院总理李强向西班牙首相桑切斯致慰问电。(完)