China
ဝမ်ဟုနင်နှင့် ပါကစ္စတန်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Sadiq တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က ဇန်နဝါရီ ၂၀ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပါကစ္စတန်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Sardar Ayaz Sadiq နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ဟုနင်က ၂၀၂၅ ခုနှစ်တွင် သမ္မတရှီကျင့်ဖိန်နှင့် ပါကစ္စတန် သမ္မတ Asif Ali Zardari ၊ ဝန်ကြီးချုပ် Shahbaz Sharif တို့ အသီးသီးတွေ့ဆုံပြီး တရုတ်-ပါကစ္စတန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်ချက်အသစ်များပေးခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်သည် တရုတ်-ပါကစ္စတန် သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များရရှိခဲ့သော အရေးကြီးသောသဘောတူညီချက်ကို အကောင်အထည်ဖော်ရန်၊ ကဏ္ဍအသီးသီးတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-ပါကစ္စတန် အချိန်အခါမရွေး မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မာစေရန် မြှင့်တင်သွားပြီး ခေတ်သစ် ပိုမိုနီးကပ်သော တရုတ်-ပါကစ္စတန် အေးအတူပူအမျှ အသိုက်အဝန်းကို အရှိန်မြှင့်တည်ဆောက်ရန် ဆန္ဒရှိကြောင်း၊ CPPCC အနေဖြင့်လည်း ဤရည်မှန်းချက်အတွက် အပြုသဘောဆောင်သောပံ့ပိုးကူညီမှုများပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
Sadiq က ပါကစ္စတန်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကြောင်း၊ သမ္မတ ရှီကျင့်ဖိန်အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်ကို တက်ကြွစွာ ထောက်ခံကြောင်း၊ ပါကစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတကွတည်ဆောက်ရေး၊ ကုန်သွယ်စီးပွားရေး၊ ဝန်ထမ်းများ လေ့ကျင့်ပေးရေး စသည့် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများ၊ စီမံကိန်းနှင့် အဖွဲ့အစည်းများ လုံခြုံရေးကို အစွမ်းကုန် အာမခံရန် ဆန္ဒရှိကြောင်း၊ ပါကစ္စတန်အမျိုးသားလွှတ်တော်အနေဖြင့်လည်း ပါကစ္စတန်-တရုတ် သံမဏိပမာ ချစ်ကြည်ရေးကို မြှင့်တင်ရန်အတွက် ကြိုးစားအားထုတ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဝမ်တုန်းဖုန်း စသည့် ပုဂ္ဂိုလ်များလည်း တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
王沪宁会见巴基斯坦国民议会议长萨迪克
新华社北京1月20日电 全国政协主席王沪宁20日在京会见巴基斯坦国民议会议长萨迪克。
王沪宁表示,2025年,习近平主席同扎尔达里总统、夏巴兹总理分别会面,为中巴关系发展作出新的战略指引。2026年是中巴建交75周年,中方愿同巴方落实两国领导人重要共识,深化各领域务实合作,推动中巴全天候战略合作伙伴关系走深走实,加快构建新时代更加紧密的中巴命运共同体。中国全国政协愿为此作出积极贡献。
萨迪克表示,巴基斯坦坚定奉行一个中国原则,积极支持习近平主席提出的四大全球倡议。巴方愿同中方深化在共建“一带一路”、经贸、人员培训等各领域合作,全力保障在巴中国人员、项目和机构安全。巴基斯坦国民议会愿为促进巴中铁杆友谊不懈努力。
王东峰等参加会见。(完)
图说:1月20日,全国政协主席王沪宁在北京会见巴基斯坦国民议会议长萨迪克。 新华社记者 饶爱民 摄
