China
တောင်တရုတ်ပင်လယ်ပြင်တွင် ရေကြောင်းသွားလာမှုနှင့် ဂေဟစနစ်လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တရားမဝင်ချထားသော ငါးဖမ်းကိရိယာများကို တရုတ်ကမ်းခြေစောင့်တပ် စစ်ဆေးဖမ်းဆီးခဲ့
ရှန်းပင်းကျောင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နန်ရှားကျွန်းစု ရှန်းပင်းကျောင်းကျောက်ဆောင်အနီး ပင်လယ်ပြင်တွင် ကင်းလှည့်တာဝန်ထမ်းဆောင်နေသော တရုတ်ကမ်းခြေစောင့်တပ် ဖူရင်းသင်္ဘောက တရားမဝင်ထားရှိသော ငါးဖမ်းကိရိယာများကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့သည်။
ပင်လယ်ရေမျက်နှာပြင်တွင် တာယာ၊ ဖော့ သို့မဟုတ် သံပုံးစသည့် ပစ္စည်းများသည် အဆိုပါကိရိယာအတွက် ရေပေါ် ပေါ်စေနိုင်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင်အောက်တွင်မူ လေးပင်သောပစ္စည်းများနှင့် ချိတ်ဆွဲထားပြီး ငါးများကိုဆွဲဆောင်ရန် ကြိုးပေါ်တွင် အပင်ကိုင်းအခက်များ ပါရှိသည်။ ကြိုးများ၏ အရှည်မှာ မီတာဒါဇင်နှင့်ချီမှ မီတာတစ်ရာကျော်အထိ ရှိသည်။
ဤငါးဖမ်းကိရိယာများ၏ ပစ်မှတ်မှာ သေးငယ်ပြီး ၎င်းတို့အား တွေ့ရှိရန်ခက်ခဲကြောင်း၊ ကိရိယာများတွင်အသုံးပြုသော ကြိုးများ သို့မဟုတ် အပင်ကိုင်းအခက်များသည် သင်္ဘောပန်ကာဒလက်များနှင့် ငြိသွားနိုင်ပြီး ဖြတ်သန်းသွားလာနေသော သင်္ဘောများ၏ ရေကြောင်းသွားလာမှုဘေးကင်းရေးကို ပြင်းထန်စွာထိခိုက်စေနိုင်ကြောင်း၊ ထို့အပြင် ကိရိယာများကို ရေပေါ် ပေါ်စေသောပစ္စည်းများ ပြန့်ကျဲကွဲထွက်သွားသောအခါ ထွက်လာသော အမှုန်အမွှားများကို ရေနေသတ္တဝါများက မှားယွင်းစွာ မျိုချနိုင်ပြီး တရုတ်နိုင်ငံ တောင်တရုတ်ပင်လယ်၏ ပင်လယ်ပြင်ဂေဟစနစ်လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ယခုအချိန် တာဝန်ထမ်းဆောင်သည့် တရားဥပဒေစိုးမိုးရေးဝန်ထမ်းက ပြောကြားခဲ့သည်။
တရုတ်ကမ်းခြေစောင့်တပ်သည် တောင်တရုတ်ပင်လယ်ပြင်တွင် ကင်းလှည့်စောင့်ကြည့်မှုကို စဉ်ဆက်မပြတ်မြှင့်တင်ခဲ့ပြီး တရားမဝင်ထားရှိသော ငါးဖမ်းကိရိယာများကို အချိန်မီ ရှင်လင်းကာ အမိနိုင်ငံ ပင်လယ်နယ်နိမိတ်များတွင် ရေကြောင်းသွားလာမှု ဘေးကင်းရေးနှင့် ပင်လယ်သမုဒ္ဒရာဂေဟစနစ်အား အစွမ်းကုန် ကာကွယ်ထိန်းသိမ်းလျက်ရှိသည်။ (Xinhua)

……………………………
(Chinese Version)
海警查获非法集鱼装置 维护南海航行和生态安全
新华社照片,仙宾礁,2026年1月21日
1月12日上午,在南沙仙宾礁附近海域执行巡航任务的中国海警浮鹰舰发现非法布放的集鱼装置。
海面之上,轮胎、泡沫或铁桶等物品为该装置提供浮力,海面以下则由绳索挂着重物,并在绳上附有植物枝干以吸引鱼群,绳长在几十米到上百米不等。
执行此次任务的执法员表示,这种集鱼装置目标小,不易被发现。装置的绳索或植物枝干有被卷入舰艇螺旋桨的可能,严重影响过往船只航行安全。此外,为装置提供浮力的物体在分解后产生的颗粒物会被海洋生物误食,危害我国南海海域的生态安全。
中国海警在南海海域持续加强巡航值守,及时清理非法集鱼装置,全力守护祖国海疆航行安全和海洋生态。
图说:1月12日,在中国南沙仙宾礁附近海域,海警浮鹰舰执法员依法拆除非法集鱼装置。 新华社记者 赵文轩 摄
